bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 19
Joshua 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
ဒုတိယအကြိမ်မဲချရာတွင် ရှိမောင်အမျိုးအနွယ်သည် မဲကျ၏။ သူတို့သည် မျိုးနွယ်စုအလိုက် ယုဒအမျိုးသားတို့၏အမွေမြေထဲတွင် အမွေမြေရရှိ၏။
2
သူတို့ရရှိသောအမွေမြေမှာ ဗေရရှေဘမြို့၊ ရှေဘမြို့၊ မောလဒါမြို့၊
3
ဟာဇာရွာလမြို့၊ ဗာလာမြို့၊ ဧဇင်မြို့၊
4
ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊
5
ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6
ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့ စသည့်မြို့ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ရွာများ ပါ၏။
7
အဣနမြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန်မြို့ စသည့်မြို့ပေါင်းလေးမြို့နှင့် ရွာများ ပါ၏။
8
ထိုမြို့များနှင့် ဝန်းကျင်ရှိမြို့ရွာများမှစ၍ ရာမုတ်နေဂေ့ ခေါ် ဗာလတ်ဗေရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများလည်း ပါ၏။ ဤသည်ကား ရှိမောင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရသောအမွေမြေဖြစ်၏။
9
ယုဒအမျိုးအနွယ်၏အမွေမြေသည် အလွန်ကျယ်ဝန်းသောကြောင့် သူတို့၏အမွေမြေထဲမှ ရှိမောင်အမျိုးအနွယ်ကို အမွေမြေခွဲပေး၏။ ထို့ကြောင့် ရှိမောင်အမျိုးအနွယ်သည် ယုဒအမျိုးအနွယ်၏အမွေမြေထဲမှ အမွေရခြင်းဖြစ်၏။
10
တတိယအကြိမ်မဲချရာတွင် ဇာဗုလုန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။ သူတို့အမွေမြေ၏နယ်နိမိတ်သည် စာရိဒ်မြို့အထိဖြစ်၏။
11
သူတို့၏နယ်နိမိတ်သည် အနောက်ဘက် မရာလမြို့သို့တက်သွားပြီး ဒဗ္ဗရှက်မြို့သို့ရောက်၏။ ထိုမှ ယောကနမ်မြို့မျက်နှာချင်းဆိုင်ရှိ ချောင်းအထိရောက်၏။
12
တစ်ဖန် စာရိဒ်မြို့မှ အရှေ့ဘက်နေထွက်ရာ ခိသလုတ္တာဗော်နယ်စပ်အထိ ရောက်၏။ ထိုမှ ဒါဗရတ်မြို့သို့ရောက်၍ ယာဖျာမြို့သို့ တက်သွား၏။
13
ထိုမှ အရှေ့ဘက်နေထွက်ရာအရပ်ရှိ ဂိတ္တဟေဖာမြို့ အိတ္တကာဇိန်မြို့သို့ဆက်သွားပြီး နေအာမြို့မှကွေ့သွား၍ ရိမ္မုန်မြို့ သို့ရောက်၏။
14
ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဟန္နသုန်မြို့သို့ ကွေ့သွားပြီး ယိဖသေလချိုင့်ဝှမ်းဒေသ၌ ဆုံး၏။
15
ထိုနယ်နိမိတ်တွင် ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့ အပါအဝင် မြို့တစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
16
ဤသည်ကား ဇာဗုလုန်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေဖြစ်၏။
17
စတုတ္ထအကြိမ်မဲချရာတွင် ဣသခါအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။
18
သူတို့၏နယ်နိမိတ်တွင် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊
19
ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
20
ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
21
ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ စသည်တို့ပါဝင်၏။
22
သူတို့၏နယ်နိမိတ်သည် တာဗော်မြို့၊ ရှာဟဇိမာမြို့၊ ဗက်ရှေမက်မြို့ တို့သို့ရောက်ပြီး ဂျော်ဒန်မြစ်၌ ဆုံး၏။ ထိုနယ်နိမိတ်တွင် မြို့တစ်ဆယ့်ခြောက်မြို့နှင့် ရွာများပါ၏။
23
ဤသည်ကား ဣသခါအမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေ ဖြစ်၏။
24
ပဉ္စမအကြိမ်မဲချရာတွင် အာရှာအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။
25
သူတို့၏နယ်နိမိတ်တွင် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
26
အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ တို့ပါဝင်၏။ ထိုနယ်နိမိတ်သည် အနောက်ဘက် ကရမေလတောင်မှ ရှိဟောရလိဗနချောင်းအထိ ဖြစ်၏။
27
ထိုနယ်နိမိတ်သည် နေထွက်ရာဘက် ဗက်ဒါဂုန်မြို့သို့လှည့်သွား၍ ဇာဗုလုန်နယ်၊ ယိဖသေလချိုင့်ဝှမ်း၊ မြောက်ဘက် ဗေသမက်မြို့၊ နယေလမြို့ တို့သို့ရောက်၏။ ထိုမှ မြောက်ဘက် ကာဗုလမြို့၊
28
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။
29
တစ်ဖန် ထိုနယ်နိမိတ်သည် ရာမမြို့၊ တိုင်ရာခံတပ်မြို့တို့ဘက်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် ဟောသမြို့သို့ လှည့်သွား၍ အာခဇိပ်နယ်မြေရှိ ပင်လယ်တွင် ဆုံး၏။
30
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ အပါအဝင် မြို့ပေါင်းနှစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
31
ဤသည်ကား အာရှာအမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေများ ဖြစ်၏။
32
ဆဋ္ဌမအကြိမ်မဲချရာတွင် နဿလိအမျိုးသားတို့သည် မျိုးနွယ်စုအလိုက် မဲကျ၏။
33
သူတို့၏နယ်နိမိတ်သည် ဟေလပ်မြို့၊ ဝက်သစ်ချတောရှိရာ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ ယာဗနေလမြို့ တို့မှ လာကုံမြို့အထိရောက်၍ ဂျော်ဒန်မြစ်တွင် ဆုံး၏။
34
တစ်ဖန် နယ်နိမိတ်သည် အနောက်ဘက်သို့လှည့်သွား၍ အာဇနုတ္တာဘော်မြို့မှ ဟုကုတ်မြို့သို့ ဆက်လာ၏။ တောင်ဘက်တွင် ဇာဗုလုန်နယ်နိမိတ်၊ အနောက်ဘက်တွင် အာရှာနယ်နိမိတ်၊ နေထွက်ရာအရပ်ဘက်တွင် ယုဒနယ်နိမိတ်နှင့် ဂျော်ဒန်မြစ်၌ ထိစပ်လျက်ရှိ၏။
35
ခံတပ်မြို့များဖြစ်သည့် ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်နေသရက်မြို့၊
36
အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
37
ကေဒေရှမြို့၊ ဧဒြိမြို့၊ အင်ဟာဇော်မြို့၊
38
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗက်အာနတ်မြို့၊ ဗက်ရှေမက်မြို့စသော မြို့ပေါင်းတစ်ဆယ့်ကိုးမြို့နှင့် ရွာများ ပါဝင်၏။
39
ဤသည်ကား နဿလိအမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေများ ဖြစ်၏။
40
သတ္တမအကြိမ်မဲချရာတွင် ဒန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။
41
သူတို့ရရှိသောအမွေမြေ၏နယ်နိမိတ်သည် ဇောရာမြို့၊ ဧရှတောလမြို့၊ ရှေမက်မြို့၊
42
ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
43
ဧလုန်မြို့၊ တိမနတ်မြို့၊ ဧကြုန်မြို့၊
44
ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလတ်မြို့၊
45
ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
46
မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယုပ္ပေမြို့အရှေ့ဘက်နယ်နိမိတ်အထိ ရောက်၏။
47
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
48
ဤသည်ကား ဒန်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရသောမြို့ရွာအမွေမြေများ ဖြစ်၏။
49
ထိုသို့ အမွေမြေကို နယ်နိမိတ်နှင့်တကွ ခွဲဝေပြီးသောအခါ အစ္စရေးအမျိုးသားတို့သည် နုန်၏သားယောရှုကို အမွေမြေပေးကြ၏။
50
ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း သူတို့သည် နုန်၏သားယောရှု တောင်းဆိုသော ဧဖရိမ်တောင်ပေါ်ဒေသရှိ တိမနသေရမြို့ကို သူ့အားပေးလေ၏။ သူသည်လည်း မြို့ကိုတည်၍ နေထိုင်လေ၏။
51
ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24