bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 11
Joshua 11
Burmese MSBU
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
1
ဟာဇော်ဘုရင် ယာဘိန်မင်းကြီးသည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ မာဒုန်ဘုရင်ယောဗပ်မင်းကြီး၊ ရှိမရုန်ဘုရင်၊ အာခရှပ်ဘုရင်တို့ထံသို့လည်းကောင်း၊
2
မြောက်ပိုင်းတောင်ပေါ်ဒေသ၊ ဂင်နေသရက်အိုင်တောင်ဘက် အရာဗလွင်ပြင်၊ မြေနိမ့်ဒေသ၊ အနောက်ဘက်ဒေါရပြည် စသည်တို့မှ ဘုရင်တို့ထံသို့လည်းကောင်း၊
3
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
4
ထိုဘုရင်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ အရေအတွက်များပြားလှသောစစ်သည်များ၊ မြင်းများ၊ စစ်ရထားများနှင့်တကွ ချီတက်လာကြ၏။
5
ထိုဘုရင်အားလုံး စုရုံးကြ၍ အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် မေရုံအိုင်နားတွင် လာရောက်စခန်းချကြ၏။
6
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။
7
ထို့ကြောင့် ယောရှုနှင့်စစ်သူရဲအပေါင်းတို့သည် မေရုံအိုင်သို့ ချီတက်၍ ရန်သူတို့ကို အလစ်ဝင်တိုက်လေ၏။
8
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
9
ထို့နောက် ယောရှုသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မြင်းများ၏တံကောက်ကြောကိုဖြတ်၍ စစ်ရထားများကို မီးရှို့ပစ်လေ၏။
10
ထို့နောက် ယောရှုသည် ပြန်လာ၍ ဟာဇော်မြို့ကို သိမ်းပိုက်ပြီး ရှင်ဘုရင်ကို ဓားဖြင့်သတ်လေ၏။ ဟာဇော်မြို့သည် ယခင်က ထိုနိုင်ငံအပေါင်းတို့၏အထွတ်ဖြစ်၏။
11
မြို့သူမြို့သားအားလုံးကိုလည်း ဓားဖြင့်လုပ်ကြံ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိအောင် ဖျက်ဆီး၏။ ထို့နောက် ဟာဇော်မြို့ကို မီးရှို့ပစ်၏။
12
ယောရှုသည် ထိုဘုရင်တို့၏မင်းနေပြည်တော်ရှိသမျှနှင့် ဘုရင်အပေါင်းတို့ကို သိမ်းပိုက်၍ ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားထားခဲ့သည့်အတိုင်း တစ်ယောက်မကျန် ဓားဖြင့်ကွပ်မျက်လေ၏။
13
အစ္စရေးစစ်သည်တို့သည် တောင်ပေါ်ရှိ အခြားမြို့များကို မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့တည်းကိုသာ ယောရှု မီးရှို့ပစ်၏။
14
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။
15
ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်မှာခဲ့သည့်အတိုင်း မောရှေက ယောရှုအား ဆင့်ဆိုရာ ယောရှုသည် ထိုအတိုင်းပြုလေ၏။ ထာဝရဘုရားက မောရှေအားမိန့်မှာခဲ့သမျှကို ယောရှုက မပြုဘဲချန်ထားခဲ့သည်ဟူ၍ တစ်စုံတစ်ခုမျှမရှိ။
16
ထိုသို့ ယောရှုသည် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ အရာဗလွင်ပြင်တို့မှစ၍ နေဂေ့အရပ်တစ်ခုလုံး၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့် အစ္စရေးတောင်တန်းမြေပြန့်မကျန် နယ်မြေအားလုံးကို သိမ်းယူခဲ့၏။
17
စိရပြည်ဘက်သို့တက်သွားသော ဟာလက်တောင်အထိ၊ ထိုမှ ဟေရမုန်တောင်ခြေ လက်ဘနွန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်အရပ်အထိ သိမ်းယူခဲ့၏။ ရှင်ဘုရင်အပေါင်းတို့ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်ကွပ်မျက်လေ၏။
18
ယောရှုသည် ထိုဘုရင်အပေါင်းတို့ကို ရက်ပေါင်းများစွာ တိုက်ယူခဲ့ရ၏။
19
ဂိဗောင်မြို့သား၊ ဟိဝိလူမျိုးတို့မှတစ်ပါး အခြားမည်သည့်မြို့မျှ အစ္စရေးလူမျိုးတို့ကို မိတ်မဖွဲ့ကြ။ ထို့ကြောင့် အခြားမြို့ရှိသမျှတို့ကို တိုက်ခိုက်သိမ်းပိုက်ကြလေ၏။
20
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။
21
ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။
22
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။
23
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24