bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 4
Joshua 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
1
လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီးသောအခါ ထာဝရဘုရားက ယောရှုအား
2
“အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ၊ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်၍
3
သူတို့အား ‘ယဇ်ပုရောဟိတ်တို့ခြေချသောနေရာ ဂျော်ဒန်မြစ်အလယ်မှ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ယူ၍ ထိုကျောက်တုံးတို့ကို သယ်လာပြီး ယနေ့ည သင်တို့စခန်းချမည့်နေရာ၌ ထားလော့’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
4
ယောရှုကလည်း မိမိခန့်အပ်ထားသောအစ္စရေးအမျိုးသားတို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ပြီးလျှင်
5
ယောရှုက သူတို့အား “ဂျော်ဒန်မြစ်အလယ်ရှိ သင်တို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ရှေ့သို့ ကူးသွားပြီးလျှင် အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ တစ်ယောက်လျှင် ကျောက်တုံးတစ်တုံးစီကိုယူ၍ ထမ်းလာကြလော့။
6
ဤကျောက်တုံးတို့သည် သင်တို့အတွက် အမှတ်သင်္ကေတဖြစ်လိမ့်မည်။ နောင်ကာလ၌ သင်တို့၏သားမြေးတို့က ‘ဤကျောက်တုံးများကား မည်သည့်အဓိပ္ပာယ် ဆောင်သနည်း’ဟု မေးမြန်းလျှင်
7
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
8
အစ္စရေးအမျိုးသားတို့ကလည်း ယောရှုမိန့်မှာသည့်အတိုင်းပြုကြ၏။ သူတို့သည် ယောရှုအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂျော်ဒန်မြစ်လယ်မှယူပြီး မိမိတို့စခန်းချသောနေရာသို့ထမ်းလာ၍ ထိုနေရာ၌ထားကြ၏။
9
ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။
10
ယောရှုအား မောရှေမိန့်မှာခဲ့သည်နှင့်အညီ၊ ထာဝရဘုရားက ယောရှုအား လူတို့ကိုဆင့်ဆိုစေသည့်အတိုင်း လုပ်ဆောင်ပြီးသည်အထိ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူတို့သည်လည်း အလျင်အမြန်ကူးသွားကြ၏။
11
လူအပေါင်းတို့ကူးပြီးသောအခါ ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူတို့မျက်စိရှေ့တွင် ကူးလာကြ၏။
12
မောရှေမှာကြားခဲ့သည့်အတိုင်း ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားနှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့သည် စစ်အခင်းအကျင်းနှင့်တကွ အစ္စရေးအမျိုးသားတို့၏ရှေ့မှ ကူးသွားကြ၏။
13
လူပေါင်းလေးသောင်းခန့် စစ်တိုက်ရန် စစ်လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်၌ ဂျေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။
14
ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။
15
တစ်ဖန် ထာဝရဘုရားက ယောရှုအား
16
“သက်သေခံချက်သေတ္တာတော်ကို ထမ်းရသောယဇ်ပုရောဟိတ်တို့ကို ဂျော်ဒန်မြစ်ထဲမှတက်လာစေလော့”ဟု မိန့်တော်မူ၏။
17
ထို့ကြောင့် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ဂျော်ဒန်မြစ်မှ တက်လာကြလော့”ဟု ဆင့်ဆိုလေ၏။
18
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။
19
လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။
20
ယောရှုသည် ဂျော်ဒန်မြစ်မှ ယူဆောင်ခဲ့သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂိလဂါလအရပ်တွင် ချထားပြီး
21
အစ္စရေးအမျိုးသားတို့အား “နောင်ကာလတွင် သင်တို့၏သားမြေးတို့က ‘ဤကျောက်တုံးများကား မည်သည့်အဓိပ္ပာယ်ဆောင်သနည်း’ဟု ဖခင်အား မေးကြလျှင်
22
သင်တို့ကလည်း ‘အစ္စရေးလူမျိုးတို့သည် ဂျော်ဒန်မြစ်ကို ဖြတ်ကူးစဉ်က ခြောက်သွေ့သောမြစ်ကြမ်းပြင်ပေါ်တွင် ဖြတ်ကူးခဲ့ရသည်’ဟု သင်တို့၏သားသမီးများအား ပြောပြရမည်။
23
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကို ငါတို့ကူးပြီးသည်အထိ ငါတို့မျက်စိရှေ့၌ ပင်လယ်ရေကိုခန်းခြောက်စေခဲ့သည့်နည်းတူ ထိုဘုရားသခင်ထာဝရဘုရားသည်ပင် ဂျော်ဒန်မြစ်ကို သင်တို့ကူးပြီးသည်အထိ သင်တို့မျက်စိရှေ့၌ ဂျော်ဒန်မြစ်ရေကိုခန်းခြောက်စေတော်မူခဲ့သည်မှာ
24
ထာဝရဘုရားသည် တန်ခိုးကြီးသောဘုရားဖြစ်သည်ကို မြေကြီးသားအားလုံးသိစေရန်နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့အစဉ်ကြောက်ရွံ့ရိုသေကြစေရန်ဖြစ်၏”ဟု ပြောကြား၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24