bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 10
Luke 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။
2
ကိုယ်တော်သည် ထိုသူတို့အား “ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားသည်နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကိုစေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့။
3
သွားကြ။ ဝံပုလွေများထဲသို့ သိုးသငယ်များကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။
4
ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။
5
မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။
6
ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။
7
ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
8
မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။
9
ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။
10
မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်မခံလျှင် ထိုမြို့၏လမ်းမပေါ်သို့ ထွက်ပြီးလျှင်
11
‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။
12
သင်တို့အား ငါဆိုမည်။ ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။
13
ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။
14
သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
15
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။
16
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏” ဟု မိန့်တော်မူ၏။
17
ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
18
ကိုယ်တော်ကလည်း “စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။
19
ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။
20
သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
21
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍ “ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
22
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ” ဟု မြွက်ဆိုတော်မူ၏။
23
ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍ “သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။
24
သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိ သော်လည်း မကြားခဲ့ရကြပေ” ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
25
တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
26
ကိုယ်တော်ကလည်း “ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း” ဟု မေးတော်မူလျှင်
27
ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည် ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
28
ကိုယ်တော်ကလည်း “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
29
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
30
ယေရှုက “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။
31
ယဇ်ပုရောဟိတ်တစ်ပါးသည် အကြောင်းတိုက်ဆိုင်၍ ထိုလမ်းအတိုင်းဆင်းလာပြီး ထိုသူကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
32
ထိုနည်းတူ လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာ၍ သူ့ကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
33
သို့သော် ရှမာရိနယ်သားတစ်ဦးသည် ခရီးသွားရင်း သူ့အနားသို့ရောက်လာ၍ သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့်
34
ချဉ်းကပ်လျက် သူ၏ဒဏ်ရာများအပေါ် ဆီနှင့်စပျစ်ဝိုင်ကိုလောင်းထည့်ကာ အဝတ်နှင့်ပတ်စည်းပေး၏။ ထို့နောက် သူ့ကို မိမိ၏တိရစ္ဆာန်ပေါ်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။
35
နောက်တစ်နေ့တွင် ဒေနာရိနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အားပေးပြီးလျှင် ‘ဤသူကို ပြုစုစောင့်ရှောက်ပေးပါ။ နောက်ထပ် ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ သင့်အား ပြန်ပေးပါမည်’ဟု ပြောလေ၏။
36
ထိုသူသုံးဦးတို့တွင် မည်သူသည် ဓားပြလက်တွင်းသို့ ကျရောက်ခဲ့သူ၏ဝန်းကျင်၌ရှိသောသူ ဖြစ်သည်ဟု သင်ထင်သနည်း” ဟူ၍ မေးတော်မူ၏။
37
ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက “သင်သည်လည်း သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။
38
သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။
39
ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။
40
မာသမူကား ဧည့်ခံခြင်းအမှုများကြောင့် စိတ်ပူပန်သဖြင့် အထံတော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ဦးတည်းသာ ဧည့်ဝတ်ပြုရန်ပစ်ထားခဲ့သည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော။ ကျွန်မကိုကူညီရန် သူ့အား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
41
သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့အတွက်စိုးရိမ်လျက် နှောင့်ယှက်ခြင်းကိုခံနေရ၏။
42
သို့သော် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သည့်အပိုင်းကို ရွေးချယ်ပြီဖြစ်၍ ၎င်းကို သူ့ထံမှမနုတ်မပယ်ရာ” ဟု မိန့်တော်မူ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24