bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 4
Luke 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
1
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
2
တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။
3
ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
4
ယေရှုကလည်း “ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်’ ဟူ၍ကျမ်းစာ၌ရေးထားသည်” ဟု မိန့်တော်မူ၏။
5
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကိုပင့်ဆောင်သွား၍ တစ်ခဏချင်းတွင် ကမ္ဘာ့နိုင်ငံအားလုံးတို့ကို ကိုယ်တော်အားညွှန်ပြကာ
6
“ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။
7
သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။
8
ယေရှုကလည်း “ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ကျမ်းစာ၌ရေးထားသည်” ဟု မိန့်တော်မူ၏။
9
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ခုန်ချပါ။
10
အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍
11
သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။
12
ယေရှုကလည်း “ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ မိန့်တော်မူထားသည်” ဟု ပြန်၍မိန့်တော်မူ၏။
13
မာရ်နတ်သည် ဖြားယောင်းသွေးဆောင်ခြင်းအားလုံးတို့ကိုပြုပြီးနောက် အခါအခွင့်ရောက်သည်အထိ ကိုယ်တော်ထံမှ ဆုတ်ခွာသွားလေ၏။
14
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
15
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းများတွင် သွန်သင်တော်မူရာ လူအပေါင်းတို့သည် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
16
ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင်
17
ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ
18
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊
19
ထာဝရဘုရား၏မင်္ဂလာနှစ်ကို ဟောပြောစေရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူပြီ” ဟူ၍ ဖြစ်၏။
20
ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။
21
ထိုအခါ ကိုယ်တော်က “ဤကျမ်းချက်သည် ယနေ့၌ပင် သင်တို့ကြားရသည့်အတိုင်း ပြည့်စုံလေပြီ” ဟု မိန့်တော်မူ၏။
22
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
23
ကိုယ်တော်ကလည်း “အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်” ဟု မိန့်တော်မူပြီးနောက်
24
“သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိ၏နေရင်းမြို့၌ မျက်နှာမရတတ်။
25
ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍ တစ်ပြည်လုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်စဉ်က အစ္စရေးလူမျိုးထဲတွင် မုဆိုးမများစွာရှိခဲ့ကြ၏။
26
သို့သော် ထိုသူတို့ထဲက မည်သူ့ထံသို့မျှ ဧလိယကိုစေလွှတ်တော်မမူဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့ရှိ မုဆိုးမတစ်ဦးထံသို့သာ စေလွှတ်တော်မူ၏။
27
ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည် များစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူမျှ စင်ကြယ်ခြင်းသို့မရောက်ဘဲ ဆီးရီးယားပြည်သား နေမန်တစ်ဦးတည်းသာ စင်ကြယ်ခြင်းသို့ရောက်၏” ဟု မိန့်တော်မူ၏။
28
ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့်
29
ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။
30
သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှဖြတ်လျှောက်၍ ကြွသွားတော်မူ၏။
31
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။
32
ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
33
ထိုဝတ်ပြုစည်းဝေးကျောင်းတွင် နတ်ဆိုးတည်းဟူသောညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ကျယ်လောင်သောအသံဖြင့်
34
“အို နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန်ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါသည်”ဟု အော်ဟစ်လေ၏။
35
ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့အထဲမှ ထွက်သွားလော့” ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။
36
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
37
ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
38
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
39
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
40
နေဝင်ချိန်ရောက်သောအခါ လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်သို့ လက်တော်ကိုတင်၍ သူတို့ကိုကျန်းမာစေတော်မူ၏။
41
နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။
42
မိုးလင်းသောအခါ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားတော်မူ၏။ သို့ရာတွင် လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုးစားရှာဖွေကြပြီးလျှင် အထံတော်သို့လာ၍ မိမိတို့ထံမှ ထွက်ခွာမသွားရန် ကိုယ်တော်ကိုတားဆီးကြ၏။
43
သို့သော် ကိုယ်တော်က “ငါသည် အခြားသောမြို့ရွာတို့၌လည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောရမည်။ အကြောင်းမူကား ငါသည် ဤအတွက်စေလွှတ်ခြင်းခံရ၏” ဟု မိန့်တော်မူပြီးလျှင်
44
ယုဒနယ်ရှိ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက်နေတော်မူ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24