bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 9
Luke 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
1
ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုစုရုံးစေပြီးလျှင် သူတို့အား နတ်ဆိုးအပေါင်းတို့ကိုနိုင်၍ ရောဂါများကိုငြိမ်းစေနိုင်သော တန်ခိုးနှင့်အခွင့်အာဏာတို့ကိုပေးတော်မူ၏။
2
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်နှင့် နာမကျန်းဖြစ်သူများကိုကျန်းမာစေရန် သူတို့ကိုစေလွှတ်တော်မူ၍
3
“လမ်းခရီးအတွက် မည်သည့်အရာကိုမျှ မယူသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာနှင့် ငွေတို့ကိုလည်း မယူသွားကြနှင့်။ အင်္ကျီကိုလည်း အပိုမဆောင်ကြနှင့်။
4
မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။
5
မည်သူမျှ သင်တို့ကိုလက်မခံလျှင် ထိုမြို့မှထွက်သွားကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့” ဟု မိန့်တော်မူ၏။
6
သူတို့သည်လည်း ထွက်သွားပြီးလျှင် တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ အရပ်ရပ်တို့တွင် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် အနာရောဂါများကိုငြိမ်းစေကြ၏။
7
နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊
8
အချို့တို့က “ဧလိယပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း “ရှေးပရောဖက်တစ်ပါးပါးထမြောက်လာပြီ”ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။
9
ဟေရုဒ်ကလည်း “ယောဟန်၏ဦးခေါင်းကို ငါဖြတ်ခဲ့၏။ သို့ရာတွင် ဤမျှလောက် ငါသတင်းကြားနေရသော ဤသူကား မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုတွေ့မြင်ရရန် ရှာကြံလေ၏။
10
တမန်တော်တို့သည် ပြန်လာ၍ သူတို့ပြုခဲ့သမျှတို့ကို ကိုယ်တော်အား ကြားလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုသာခေါ်၍ ဗက်ဇဲဒဟုခေါ်သောမြို့သို့ ကြွတော်မူ၏။
11
သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။
12
ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
13
သို့သော် ကိုယ်တော်က “သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့” ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
14
(ထိုသို့လျှောက်ကြခြင်းမှာ လူငါးထောင်ခန့်မျှရှိသောကြောင့်ဖြစ်၏။) ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့ကို ငါးဆယ်ခန့်စီစု၍ ထိုင်စေကြလော့” ဟု မိန့်တော်မူ၏။
15
တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်းဆောင်ရွက်ကြလျက် လူအားလုံးတို့ကိုထိုင်စေကြ၏။
16
ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့၍ လူထုပရိသတ်ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။
17
လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။
18
တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိကြ၏။ ထိုအခါ ကိုယ်တော်က “လူထုပရိသတ်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ သူတို့အား မေးတော်မူ၏။
19
သူတို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ရှေးပရောဖက်တစ်ပါးပါးထမြောက်လာသည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
20
ယေရှုကလည်း “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ဘုရားသခင်၏ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
21
ထိုအခါ ကိုယ်တော်သည် သူတို့အား သတိပေးလျက် ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် အမိန့်ပေးတော်မူပြီးလျှင်
22
“လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏” ဟု မိန့်တော်မူ၏။
23
ထို့နောက် လူအပေါင်းတို့အား “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
24
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
25
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင်၊ သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
26
မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။
27
သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ရပ်နေသောသူတို့တွင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏” ဟု မိန့်တော်မူ၏။
28
ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။
29
ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။
30
ထိုအချိန်တွင် လူနှစ်ဦးတို့သည် ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုသူတို့မှာ မောရှေနှင့်ဧလိယတို့ဖြစ်ကြ၏။
31
သူတို့သည် ဘုန်းအသရေနှင့်တကွပေါ်လာ၍ ဂျေရုဆလင်မြို့တွင်ပြည့်စုံတော့မည့် ကိုယ်တော်၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုနေကြ၏။
32
ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။
33
ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။
34
ထိုသို့ ပေတရုလျှောက်ထားစဉ် မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းလေ၏။ သူတို့သည် မိုးတိမ်ထဲသို့ ရောက်သွားစဉ် ကြောက်ရွံ့ကြ၏။
35
ထိုအခါ မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၍ “ဤသူကား ငါရွေးကောက်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
36
ထိုအသံတော်ထွက်ပေါ်လာပြီးသည့်နောက် ယေရှုတစ်ပါးတည်းကိုသာတွေ့မြင်ရတော့၏။ တပည့်တော်တို့သည် မိမိတို့တွေ့မြင်ရသည့်အရာကို ထိုနေ့ရက်များ၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
37
နောက်တစ်နေ့တွင် သူတို့သည် တောင်ပေါ်မှဆင်းလာကြရာ များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။
38
ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။
39
နတ်သည် သူ့ကိုဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့အထဲမှထွက်ခဲလှပါ၏။
40
သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ”ဟု အော်ဟစ်လျှောက်ထားလေ၏။
41
ယေရှုကလည်း “အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။
42
သူငယ်လာနေစဉ်တွင် နတ်ဆိုးသည် သူ့ကိုလှဲချကာ တက်စေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကိုဆုံးမ၍ သူငယ်ကိုကျန်းမာစေပြီးလျှင် သူ့ကို ဖခင်ထံ ပြန်အပ်တော်မူ၏။
43
ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကြီးမြတ်သောတန်ခိုးတော်ကို အံ့သြချီးမွမ်းကြ၏။ ကိုယ်တော်ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့အံ့သြနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
44
“ဤစကားများကို သင်တို့နားထဲ၌ စွဲမြဲစေကြလော့။ လူ့သားသည် လူတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်” ဟု မိန့်တော်မူ၏။
45
သို့သော် ထိုစကားကို တပည့်တော်တို့နားမလည်စေရန် ဖုံးကွယ်ထားသဖြင့် သူတို့သည် နားမလည်ကြချေ။ ထိုစကားနှင့်ပတ်သက်၍ ကိုယ်တော်အားမေးရန်လည်း သူတို့ကြောက်ကြ၏။
46
ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။
47
ယေရှုသည် သူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုကို သိတော်မူလျက် သူငယ်တစ်ဦးကိုခေါ်၍ မိမိအနားတွင်ရပ်စေပြီးလျှင်
48
“ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏” ဟု မိန့်တော်မူ၏။
49
ထိုအခါ ယောဟန်က “သခင်၊ သခင်၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
50
သို့သော် ယေရှုက “မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့ကိုမဆန့်ကျင်သောသူသည် သင်တို့ဘက်သားဖြစ်၏” ဟု မိန့်တော်မူ၏။
51
ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက်
52
စေတမန်တို့ကို မိမိရှေ့မှစေလွှတ်တော်မူ၏။ သူတို့သည်သွား၍ ကိုယ်တော်အတွက်ပြင်ဆင်ထားရန် ရှမာရိနယ်သားတို့၏ရွာတစ်ရွာသို့ဝင်ကြ၏။
53
သို့သော် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဦးတည်လျက် ခရီးသွားနေသည်ဖြစ်သောကြောင့် ထိုရွာသားတို့သည် ကိုယ်တော်ကိုလက်မခံကြ။
54
တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။
55
သို့သော် ကိုယ်တော်သည်လှည့်၍ သူတို့ကိုဆုံးမတော်မူ၏။
56
ထို့နောက် သူတို့သည် အခြားသောရွာသို့သွားကြ၏။
57
သူတို့သည် လမ်း၌ခရီးသွားကြစဉ် လူတစ်ဦးက “ကိုယ်တော်သွားသည့်နေရာတိုင်းသို့ အကျွန်ုပ်လိုက်ပါမည်”ဟု လျှောက်လေ၏။
58
ယေရှုကလည်း “မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်များရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ” ဟု မိန့်တော်မူ၏။
59
ကိုယ်တော်သည် အခြားသောသူတစ်ဦးအား “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။ သို့သော် ထိုသူက “သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ”ဟု လျှောက်လေ၏။
60
ကိုယ်တော်ကလည်း “လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ။ သင်မူကား သွား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့” ဟု မိန့်တော်မူ၏။
61
အခြားသောသူတစ်ဦးကလည်း “သခင်ဘုရား၊ အကျွန်ုပ်သည် နောက်တော်သို့လိုက်ပါမည်။ သို့သော် အကျွန်ုပ်၏အိမ်သူအိမ်သားများကို ဦးစွာသွား၍ နှုတ်ဆက်ခွင့်ပြုတော်မူပါ”ဟု လျှောက်လေ၏။
62
ယေရှုကလည်း “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်” ဟု မိန့်တော်မူ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→