bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 12
Luke 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
1
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
2
ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။
3
သို့ဖြစ်၍ မှောင်မိုက်၌ သင်တို့ပြောဆိုသောအရာတို့ကို အလင်း၌ကြားကြလိမ့်မည်။ အိမ်အတွင်းခန်းထဲ၌ နားအပါးကပ်၍ သင်တို့ပြောဆိုသောအရာများကို လေသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။
4
ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။
5
သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
6
စာကလေးငါးကောင်ကို အဿရိနှစ်ပြားနှင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင် ထိုစာကလေးတစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။
7
သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။
8
သင်တို့အား ငါဆိုသည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ့ကိုဝန်ခံလျှင် လူ့သားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ထိုသူကို ဝန်ခံမည်။
9
သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူသည် ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ငြင်းပယ်ခြင်းခံရလိမ့်မည်။
10
လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
11
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။
12
အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
13
ထိုအခါ လူထုပရိသတ်ထဲမှ တစ်စုံတစ်ဦးက ကိုယ်တော်အား “ဆရာ၊ အကျွန်ုပ်ကိုအမွေခွဲဝေပေးရန် အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
14
သို့သော် ကိုယ်တော်က “အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး ၊ သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း” ဟု သူ့အားမိန့်တော်မူ၏။
15
ထို့နောက် လူတို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
16
တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့်
17
‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။
18
ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။
19
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
20
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
21
မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏” ဟု မိန့်တော်မူ၏။
22
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ “သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
23
အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။
24
ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။
25
သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
26
ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။
27
နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
28
ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
29
ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
30
အကြောင်းမူကား ဤလောကရှိ လူမျိုးခြားအပေါင်းတို့သည် ဤအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် သင်တို့အဖသည် ဤအရာများကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။
31
သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ ဤအရာများကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
32
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
33
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
34
အကြောင်းမူကား သင်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးလည်းရောက်တတ်၏။
35
သင်တို့သည် ခါးကိုစည်းလျက် ဆီမီးတို့ကိုထွန်းထားကြလော့။
36
မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ သူ့အတွက် ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် သခင်ကိုစောင့်နေသူများကဲ့သို့ဖြစ်ကြလော့။
37
သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။
38
သခင်သည် ညဥ့်နက်အချိန်၌ဖြစ်စေ၊ သန်းခေါင်ကျော်အချိန်၌ဖြစ်စေ ပြန်လာ၍ ထိုသို့စောင့်နေကြသည်ကိုတွေ့မြင်လျှင် သူတို့သည် မင်္ဂလာရှိကြ၏။
39
အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
40
လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့” ဟု မိန့်တော်မူ၏။
41
ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော၊ သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။
42
သခင်ဘုရားကလည်း “မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
43
မိမိသခင်ပြန်လာသောအခါ ထိုသို့ဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။
44
သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။
45
သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်
46
ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
47
မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။
48
သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။
49
မြေကြီးပေါ်သို့ မီးကိုပစ်ချရန် ငါလာ၏။ မီးစွဲလောင်ပြီးသားဖြစ်ရန်ပင် ငါအလွန်အလိုရှိ၏။
50
သို့သော် ငါခံမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုမပြီးဆုံးမီတိုင်အောင် ငါသည် ဖိစီးမှုကို မည်မျှခံစားရပါမည်နည်း။
51
မြေကြီးပေါ်၌ ငြိမ်သက်ခြင်းကိုပေးရန် ငါလာသည်ဟု ထင်မှတ်ကြသလော။ ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား ကွဲပြားစေရန် ငါလာ၏။
52
အကြောင်းမူကား ယခုမှစ၍ လူငါးယောက်ရှိသည့်အိမ်တစ်အိမ်တွင် သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်။
53
ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
54
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးသက်မုန်တိုင်းလာနေပြီဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။
55
တောင်လေတိုက်လာသောအခါ၌လည်း ပူအိုက်လိမ့်မည်ဟုပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။
56
သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။
57
ထိုမှတစ်ပါး မှန်ကန်သည့်အရာကို အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်မဆင်ခြင်မသုံးသပ်ကြသနည်း။
58
သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။
59
သင့်အား ငါဆိုမည်။ နောက်ဆုံးလတ္တာတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်”ဟု မိန့်တော်မူ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24