bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 22
Luke 22
Burmese MSBU
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
ပသခါပွဲတော်ဟုခေါ်သော တဆေးမဲ့မုန့်ပွဲတော်နီးကပ်လာ၏။
2
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။
3
ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့်
4
သူသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဗိမာန်တော်အစောင့်တပ်မှူးများထံသို့သွား၍ ကိုယ်တော်ကို သူတို့လက်သို့ မည်ကဲ့သို့အပ်နှံရမည်နည်းဟု သူတို့နှင့်အတူတိုင်ပင်လေ၏။
5
သူတို့သည် ဝမ်းမြောက်၍ ယုဒကိုငွေပေးရန် သဘောတူဆုံးဖြတ်ကြ၏။
6
ယုဒသည်လည်း သဘောတူ၍ လူထုပရိသတ်မရှိသည့်အချိန်၌ ကိုယ်တော်ကို သူတို့လက်သို့အပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7
တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်
8
ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား “ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့” ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
9
သူတို့ကလည်း “ကိုယ်တော်သည် အကျွန်ုပ်တို့အား အဘယ်မှာပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြသော်
10
ကိုယ်တော်က “သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးထမ်းသောလူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူဝင်သောအိမ်ထဲသို့ လိုက်သွားပြီးလျှင်
11
အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။
12
ထိုသူသည် ခင်းကျင်းထားသော အပေါ်ထပ်ခန်းမကို သင်တို့အားပြလိမ့်မည်။ ထိုနေရာ၌ ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
13
သူတို့သည်လည်း သွား၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
14
အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။
15
ကိုယ်တော်က “ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။
16
သင်တို့အား ငါဆိုသည်ကား ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် ပြည့်စုံခြင်းသို့မရောက်မီတိုင်အောင် ဤပွဲတော်ကို ငါလုံးဝစားမည်မဟုတ်” ဟု သူတို့အား မိန့်တော်မူ၏။
17
ထို့နောက် ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် “ဤခွက်ကိုယူ၍ အချင်းချင်းဝေသောက်ကြလော့။
18
သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်မည်မဟုတ်” ဟု မိန့်တော်မူ၏။
19
တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
20
ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍ “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
21
သို့သော် ငါ့ကိုအပ်နှံမည့်သူ၏လက်သည် ငါနှင့်အတူစားပွဲပေါ်၌ရှိ၏။
22
လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
23
ထိုအခါ တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် ထိုသို့ပြုရန်ကြံရွယ်နေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။
24
ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
25
သို့သော် ကိုယ်တော်က “လူမျိုးခြားတို့၏ဘုရင်များသည် ပြည်သူတို့အပေါ် အစိုးတရပြုတတ်ကြ၏။ လူတို့အပေါ်အာဏာရှိသောသူများသည်လည်း အများအကျိုးဆောင်သူဟု ခေါ်ဝေါ်ခြင်းကိုခံရကြ၏။
26
သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။
27
စားပွဲ၌ထိုင်နေသောသူနှင့် လုပ်ကျွေးပြုစုသောသူတို့တွင် မည်သူသည် ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်နေသောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်၏။
28
စုံစမ်းနှောင့်ယှက်ခြင်းများကိုငါခံရစဉ် သင်တို့သည် ငါနှင့်အတူရပ်တည်ခဲ့သောသူများဖြစ်ကြ၏။
29
ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
30
သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။
31
ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံကိုဆန်ခါချသကဲ့သို့ စာတန်သည် သင်တို့ကို ဆန်ခါချရန် အခွင့်တောင်းလေပြီ။
32
သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့” ဟု မိန့်တော်မူ၏။
33
ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။
34
ကိုယ်တော်ကလည်း “ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူ၏။
35
ထို့နောက် ကိုယ်တော်က “ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော” ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
36
ကိုယ်တော်ကလည်း “ယခုမူကား ငွေအိတ်ရှိသောသူသည် ယူသွားစေ။ ထိုနည်းတူ လွယ်အိတ်ကိုလည်း ယူသွားစေ။ ဓားမရှိသောသူသည် မိမိအဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။
37
သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ” ဟု မိန့်တော်မူ၏။
38
ထိုအခါ သူတို့က “သခင်၊ ဤမှာဓားနှစ်လက်ရှိပါ၏”ဟု လျှောက်ကြလျှင် ကိုယ်တော်က “လုံလောက်ပြီ” ဟု မိန့်တော်မူ၏။
39
ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
40
ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က “ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
41
ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက်
42
“အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
43
ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။
44
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
45
ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
46
“အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
47
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။
48
သို့သော် ယေရှုက “ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော” ဟု မေးတော်မူ၏။
49
ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင်
50
သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။
51
ထိုအခါ ယေရှုက “ဤမျှနှင့်ရပ်လော့” ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
52
ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။
53
ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏” ဟု မိန့်တော်မူ၏။
54
ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
55
သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
56
ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။
57
သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။
58
ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
59
တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။
60
သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။
61
ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့်
62
အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
63
ယေရှုကိုစောင့်ကြပ်နေသောသူတို့သည် ကိုယ်တော်ကိုပြောင်လှောင်၍ရိုက်နှက်ကြကာ
64
မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
65
ထို့ပြင် အခြားစကားအမျိုးမျိုးတို့ဖြင့် ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
66
မိုးလင်းသောအခါ လူထုထဲမှ လူကြီးအဖွဲ့ဝင်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် စုဝေးကြ၍ ကိုယ်တော်ကို မိမိတို့၏တရားလွှတ်တော်ထံသို့ ခေါ်ဆောင်သွားပြီးလျှင်
67
“သင်သည် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့ကိုပြောလော့”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ကိုငါပြောလျှင် သင်တို့ယုံကြမည်မဟုတ်။
68
သင်တို့ကိုငါမေးလျှင်လည်း သင်တို့ဖြေကြမည်မဟုတ်။
69
သို့သော် ယခုမှစ၍ လူ့သားသည် ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်လိမ့်မည်” ဟု မိန့်တော်မူ၏။
70
ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ဆိုသည့်အတိုင်း ငါဖြစ်၏” ဟု မိန့်တော်မူ၏။
71
သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→