bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 7
Luke 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 8 →
1
ကိုယ်တော်သည် ဤတရားစကားအားလုံးကို လူတို့အားဟောကြားပြီးနောက် ကပေရနောင်မြို့သို့ဝင်တော်မူ၏။
2
ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
3
ထိုတပ်မှူးသည် ယေရှု၏သတင်းကိုကြားသောအခါ ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးများကို ကိုယ်တော်ထံသို့စေလွှတ်ကာ ကြွလာ၍ သူ့အစေအပါးကို ကျန်းမာစေတော်မူမည့်အကြောင်း လျှောက်စေ၏။
4
သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ထိုသို့ကိုယ်တော်ပြုပေးခြင်းကို သူခံထိုက်ပါသည်။
5
အကြောင်းမူကား သူသည် အကျွန်ုပ်တို့လူမျိုးကိုချစ်၍ အကျွန်ုပ်တို့အတွက် ဝတ်ပြုစည်းဝေးကျောင်းကိုဆောက်ပေးခဲ့ပါသည်”ဟု ဆိုလျက် ကိုယ်တော်ကို အလေးအနက်တောင်းပန်ကြ၏။
6
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။
7
ထို့ကြောင့် အကျွန်ုပ်ကိုယ်တိုင်သည်လည်း ကိုယ်တော်ထံသို့မလာထိုက်ပါဟုမှတ်ယူပါသည်။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
8
ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ဦးဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ဦးကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ဦးကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်စေ၏။
9
ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ “သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ” ဟု မိန့်တော်မူ၏။
10
စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါးကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။
11
နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။
12
မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
13
သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ “မငိုနှင့်” ဟု မိန့်တော်မူ၏။
14
ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က “အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့” ဟု မိန့်တော်မူရာ
15
သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။
16
လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
17
ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
18
ယောဟန်၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံတို့ကို ယောဟန်အား ပြောပြကြ၏။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ဦးကိုခေါ်၍
19
သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
20
သူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ “ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ‘ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော’ဟု မေးလျှောက်စေပါသည်”ဟူ၍ လျှောက်ထားကြ၏။
21
ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။
22
ကိုယ်တော်ကလည်း ယောဟန်၏တပည့်တို့အား “သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားရကြ၏။
23
ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
24
ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။
25
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။
26
ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
27
‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
28
သင်တို့အား ငါဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင် ယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမရှိ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် ကြီးမြတ်၏။”
29
(အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။
30
သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
31
“ထို့ကြောင့် ဤခေတ်ကာလလူတို့ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။
32
သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။
33
အကြောင်းမူကား ဗတ္တိဇံဆရာယောဟန်သည် ရောက်လာ၍ အစာကိုမစား၊ စပျစ်ဝိုင်ကိုလည်း မသောက်ဘဲနေသော် ‘သူ၌ နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။
34
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ အစားကြူးသောသူ၊ သေသောက်ကြူးသောသူ၊ အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်း’ဟု ဆိုကြပြန်၏။
35
သို့သော် ဉာဏ်ပညာတော်သည်ဖြောင့်မတ်ကြောင်း မိမိသားသမီးရှိသမျှတို့က ဖော်ပြကြ၏” ဟု မိန့်တော်မူ၏။
36
ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်ရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုဖာရိရှဲ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။
37
ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင်၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင်
38
ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။
39
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
40
ထိုအခါ ယေရှုက “ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏” ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။
41
ယေရှုကလည်း “ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
42
သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း” ဟု မေးတော်မူ၏။
43
ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က “သင်ယူဆသည့်အတိုင်းမှန်၏” ဟု မိန့်တော်မူ၏။
44
ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား “ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။
45
သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။
46
သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။
47
ထို့ကြောင့် သင့်အား ငါဆိုမည်။ သူ၏များပြားလှသောအပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီ။ အကြောင်းမူကား သူသည် များစွာချစ်၏။ အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသောသူသည် အနည်းငယ်သာချစ်၏” ဟု မိန့်တော်မူ၏။
48
ထို့နောက် ထိုအမျိုးသမီးအား “သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ” ဟု မိန့်တော်မူ၏။
49
ထိုအခါ ကိုယ်တော်နှင့်အတူ စားသောက်ပွဲ၌ထိုင်နေသောသူတို့က “အပြစ်ကိုပင် ခွင့်လွှတ်သောဤသူကား မည်သူနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
50
သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→