bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 5
Luke 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
1
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
2
ကိုယ်တော်သည် ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှဆင်း၍ ပိုက်ကွန်များကိုဆေးကြောနေကြ၏။
3
ကိုယ်တော်သည် ထိုလှေတို့အနက် ရှိမုန်၏လှေပေါ်သို့တက်၍ လှေကို ကမ်းမှအနည်းငယ်ခွာရန် သူ့အား မိန့်တော်မူ၏။ ထို့နောက် ထိုင်၍ လူထုပရိသတ်တို့အား လှေပေါ်မှ သွန်သင်တော်မူ၏။
4
ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား “ရေနက်ရာသို့ရွှေ့လော့။ သင်တို့၏ပိုက်ကွန်များကိုချ၍ ငါးဖမ်းကြလော့” ဟု မိန့်တော်မူ၏။
5
ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက်
6
ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။
7
ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။
8
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
9
ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။
10
ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း “မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်” ဟု ရှိမုန်အား မိန့်တော်မူ၏။
11
ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။
12
ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။
13
ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ “ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ” ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွားလေ၏။
14
ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက် “ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့” ဟု မိန့်တော်မူ၏။
15
သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။
16
သို့သော် ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့သွား၍ ဆုတောင်းလေ့ရှိတော်မူ၏။
17
တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
18
ထိုအခါ လူတို့သည် လေဖြတ်သောသူတစ်ဦးကို အိပ်ရာနှင့်တကွသယ်ဆောင်လာပြီး သူ့ကိုအထဲသို့သွင်း၍ ကိုယ်တော်ရှေ့၌ချထားရန် ကြိုးစားကြ၏။
19
သို့ရာတွင် လူအစုအဝေးတို့ကြောင့် သူ့ကိုသယ်သွားရမည့်လမ်းကို မတွေ့သဖြင့် လေသာဆောင်အပေါ်သို့တက်ကာ အုတ်ကြွပ်ကိုခွာ၍ လူနာကို ပရိသတ်အလယ် ယေရှု၏ရှေ့တော်သို့ အိပ်ရာနှင့်တကွလျှောချကြ၏။
20
ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် “အချင်းလူ၊ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ” ဟု မိန့်တော်မူ၏။
21
ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။
22
ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍ “အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
23
‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။
24
သို့သော် လူ့သားသည် မြေကြီးပေါ်တွင် အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်” ဟု သူတို့အား မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား “သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့” ဟု မိန့်တော်မူ၏။
25
ထိုအခါ လေဖြတ်သောသူသည် လူတို့ရှေ့တွင် ချက်ချင်းထ၍ မိမိလဲလျောင်းခဲ့သောအိပ်ရာကို ဆောင်ယူပြီးလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် မိမိအိမ်သို့ပြန်သွားလေ၏။
26
လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ယနေ့ ငါတို့သည် အံ့ဖွယ်သောအမှုကို မြင်ရကြပြီ”ဟု အလွန်ထိတ်လန့်အံ့ဩသောစိတ်ဖြင့်ပြောဆိုကြ၏။
27
ထို့နောက် ကိုယ်တော်သည် ထွက်ခွာသွား၍ အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် လေဝိအမည်ရှိ အခွန်ကောက်ခံသူတစ်ဦးကိုမြင်သဖြင့် “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူသော်
28
သူသည် ရှိသမျှတို့ကိုစွန့်ပြီး ထ၍ နောက်တော်သို့လိုက်လေ၏။
29
လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင်၍ စားသောက်နေကြ၏။
30
ထိုအခါ ဖာရိရှဲတို့နှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
31
ယေရှုကလည်း “ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
32
ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကို နောင်တသို့ခေါ်ရန်ငါလာ၏” ဟု မိန့်တော်မူ၏။
33
လူအချို့တို့က “ယောဟန်၏တပည့်များသည် မကြာခဏ အစာရှောင်၍ ဆုတောင်းခြင်းအမှုကိုပြုကြသည်။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြသည်။ ကိုယ်တော်၏တပည့်တော်တို့မူကား စားသောက်လျက်နေကြပါသည်တကား”ဟု လျှောက်ကြ၏။
34
ယေရှုကလည်း “သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။
35
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်များရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
36
ထို့နောက် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “မည်သူမျှ အဝတ်အသစ်မှပိတ်စကိုဆုတ်ဖြဲ၍ အဝတ်အဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထားသောပိတ်စအသစ်သည်လည်း အဝတ်အဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။
37
ထိုနည်းတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်း၌ ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။
38
စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ရ၏။
39
စပျစ်ဝိုင်အဟောင်းကို သောက်ပြီးသောသူသည်လည်း ‘စပျစ်ဝိုင်အဟောင်းသည် ကောင်း၏’ဟု ဆိုလျက် စပျစ်ဝိုင်အသစ်ကို သောက်လိုစိတ်မရှိတတ်” ဟု မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24