bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 3
Luke 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
2
အန္နတ်နှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းဖြစ်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်သည် တောကန္တာရ၌ ဇာခရိ၏သားယောဟန်ထံသို့ရောက်လာ၏။
3
ထိုအခါ ယောဟန်သည် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံးသို့သွား၍ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကိုဟောပြောလေ၏။
4
ဤသည်ကား “တောကန္တာရ၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့။
5
ချိုင့်ဝှမ်းလျှိုမြောင်ရှိသမျှတို့ကိုဖို့၍ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်တန်းစေ၍ ကြမ်းတမ်းသောလမ်းများကို ချောမွေ့စေရမည်။
6
ထိုအခါ လူသားအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်” ဟု ပရောဖက်ဟေရှာယဟောပြောထားသောကျမ်းတွင်ရေးထားသည့်အတိုင်းဖြစ်၏။
7
ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။
8
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
9
ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
10
လူထုပရိသတ်တို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
11
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
12
အခွန်ကောက်ခံသူတို့သည်လည်း ဗတ္တိဇံခံရန်လာ၍ “ဆရာ၊ အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
13
ယောဟန်က “သင်တို့ကိုညွှန်ကြားထားသည်ထက် ပို၍မကောက်ခံကြနှင့်”ဟု ပြန်ပြောလေ၏။
14
စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။
15
လူတို့သည် စောင့်မျှော်လျက်နေကြသဖြင့် လူတိုင်း ယောဟန်နှင့်ပတ်သက်၍ “သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု မိမိတို့စိတ်ထဲ၌တွေးတောဆင်ခြင်နေကြ၏။
16
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။
17
မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
18
ထိုသို့ ယောဟန်သည် အခြားသောအကြောင်းအရာအမျိုးမျိုးတို့ဖြင့် တိုက်တွန်းနှိုးဆော်ကာ လူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
19
သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
20
ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထား၏။ ဤသို့ဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် မကောင်းမှုကို ထပ်ဆင့်ပြုလေ၏။
21
လူအပေါင်းတို့သည် ဗတ္တိဇံခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံခံတော်မူပြီး ဆုတောင်းလျက်နေစဉ် ကောင်းကင်သည်ပွင့်၍
22
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
23
ယေရှုသည် အမှုတော်စတင်ဆောင်ရွက်သောအခါ သက်တော်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့၏ထင်မြင်ချက်အရ ကိုယ်တော်သည် ယောသပ်၏သားဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
24
ဧလိသည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ယန္န၏သား၊ ယန္နသည် ယောသပ်၏သား၊
25
ယောသပ်သည် မတ္တသိ၏သား၊ မတ္တသိသည် အာမုတ်၏သား၊ အာမုတ်သည် နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည် နဂ္ဂဲ၏သား၊
26
နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် ရှေမိ၏သား၊ ရှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား၊
27
ယုဒသည် ယောဟန္န၏သား၊ ယောဟန္နသည် ရေသ၏သား၊ ရေသသည် ဇေရုဗဗေလ၏သား၊ ဇေရုဗဗေလသည် ရှာလသေလ၏သား၊ ရှာလသေလသည် နေရိ၏သား၊
28
နေရိသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒိ၏သား၊ အဒ္ဒိသည် ကောသံ၏သား၊ ကောသံသည် ဧလမောဒံ၏သား၊ ဧလမောဒံသည် ဧရ၏သား၊
29
ဧရသည် ယောသေ၏သား၊ ယောသေသည် ဧလျေဇာ၏သား၊ ဧလျေဇာသည် ယောရိမ်၏သား၊ ယောရိမ်သည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား၊
30
လေဝိသည် ရှိမောင်၏သား၊ ရှိမောင်သည် ယုဒ၏သား၊ ယုဒသည် ယောသပ်၏သား၊ ယောသပ်သည် ယောနန်၏သား၊ ယောနန်သည် ဧလျာကိမ်၏သား၊
31
ဧလျာကိမ်သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊
32
ဒါဝိဒ်သည် ယေရှဲ၏သား၊ ယေရှဲသည် ဩဗက်၏သား၊ ဩဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သား၊
33
နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊
34
ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇက်၏သား၊ ဣဇက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊
35
နာခေါ်သည် စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည် ဖာလက်၏သား၊ ဖာလက်သည် ဧဗာ၏သား၊ ဧဗာသည် ရှာလ၏သား၊
36
ရှာလသည် ကာဣနန်၏သား၊ ကာဣနန်သည် အာဖာဇဒ်၏သား၊ အာဖာဇဒ်သည် ရှေမ၏သား၊ ရှေမသည် နောဧ၏သား၊ နောဧသည် လာမက်၏သား၊
37
လာမက်သည် မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည် ယာရက်၏သား၊ ယာရက်သည် မဟာလေလေလ၏သား၊ မဟာလေလေလသည် ကာဣနန်၏သား၊
38
ကာဣနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် ရှေသ၏သား၊ ရှေသသည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သားပေတည်း။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24