bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 14
Luke 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။
2
ကိုယ်တော်၏ရှေ့၌ ရေဖျဉ်းစွဲသောသူတစ်ဦးရှိ၏။
3
ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော” ဟု မေးတော်မူ၏။
4
သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် ထိုလူနာကို ခေါ်၍ အနာရောဂါပျောက်ကင်းစေပြီးလျှင် ပြန်လွှတ်တော်မူ၏။
5
ထို့နောက် ထိုသူတို့အား “သင်တို့တွင် မိမိသား၊ သို့မဟုတ် နွားသည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့လျှင် မည်သူသည်ချက်ချင်းမဆွဲတင်ဘဲနေမည်နည်း” ဟု မိန့်တော်မူ၏။
6
သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။
7
ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
8
“တစ်စုံတစ်ယောက်သည် သင့်ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်သောအခါ အထူးနေရာ၌မထိုင်နှင့်။ သူသည် သင့်ထက်ဂုဏ်သရေရှိသောသူကို ဖိတ်ထားကောင်းဖိတ်ထားလိမ့်မည်။
9
ထိုအခါ သင်တို့နှစ်ဦးစလုံးကိုဖိတ်ခေါ်ထားသောသူသည် သင့်ထံသို့လာ၍ ‘သင့်နေရာကို ဤသူအားပေးလိုက်ပါ’ဟု ဆိုလျှင် သင်သည် အရှက်ရလျက် နောက်ဆုံးနေရာကိုယူရလိမ့်မည်။
10
ထို့ကြောင့် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာ၌ သွား၍ထိုင်လော့။ သို့ပြုလျှင် သင့်ကိုဖိတ်ခေါ်ထားသောသူသည်လာ၍ ‘မိတ်ဆွေ ရှေ့သို့ကြွပါ’ဟု သင့်အားဆိုလိမ့်မည်။ ထိုအခါ သင်သည် သင်နှင့်အတူထိုင်နေသောသူအားလုံးတို့ရှေ့၌ ဂုဏ်သရေရှိလိမ့်မည်။
11
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
12
ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား “သင်သည် ဧည့်ခံပွဲ၊ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။
13
သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။
14
သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
15
ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။
16
ကိုယ်တော်ကလည်း “လူတစ်ဦးသည် ညစာစားပွဲကြီးတစ်ခုကိုပြင်ဆင်လျက် လူများစွာတို့ကိုဖိတ်ခေါ်ထား၏။
17
ပွဲအချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသူများထံသို့ မိမိအစေအပါးကိုစေလွှတ်လျက် ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ကြွကြပါ’ဟု ပြောကြားစေ၏။
18
ထိုအခါ အားလုံးတို့သည် မလာနိုင်ကြောင်း တညီတညွတ်တည်းဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
19
အခြားတစ်ဦးကလည်း ‘အကျွန်ုပ်သည် နွားငါးရှဉ်းကိုဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကိုစမ်းသပ်ရန် သွားရတော့မည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
20
နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် မိန်းမနှင့်ထိမ်းမြားစုံဖက်ပြီဖြစ်၍ မလာနိုင်ပါ’ဟု ဆို၏။
21
အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။
22
ထို့နောက် အစေအပါးက ‘သခင်၊ သခင်စေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့သော် နေရာရှိပါသေး၏’ဟု လျှောက်လေ၏။
23
သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
24
သင်တို့အား ငါဆိုသည်ကား ယခင်ဖိတ်ခေါ်ထားသူတို့ထဲမှ မည်သူမျှ ငါ၏ညစာစားပွဲကိုမြည်းစမ်းရမည်မဟုတ်’ဟု အစေအပါးအား ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
25
ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အားမြွက်ဆိုတော်မူသည်မှာ
26
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
27
မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။
28
သင်တို့ထဲတွင် တစ်စုံတစ်ဦးသည် မျှော်စင်တစ်ခုဆောက်လိုလျှင် ပြီးစီးသည်အထိ လုံလောက်သောငွေရှိ၊ မရှိ ဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမတွက်ချက်ဘဲနေမည်လော။
29
ထိုသို့မတွက်ချက်ဘဲ အုတ်မြစ်ချ၍ အဆုံးမသတ်နိုင်လျှင် မြင်သူအပေါင်းတို့သည် သူ့ကိုပြောင်လှောင်လျက်
30
‘ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ပါတကား’ဟု ဆိုကြလိမ့်မည်။
31
ထိုမှတစ်ပါး မည်သည့်ဘုရင်သည် အခြားဘုရင်တစ်ပါးနှင့် စစ်တိုက်ရန်ချီတက်မည်ပြုစဉ် စစ်သည်နှစ်သောင်းနှင့်ချီတက်လာသော အခြားတစ်ဖက်ကို စစ်သည်တစ်သောင်းဖြင့် ရင်ဆိုင်၍ရ၊ မရ ဦးစွာထိုင်လျက် မသုံးသပ်ဘဲနေမည်နည်း။
32
ရင်ဆိုင်၍မရနိုင်ပါက အခြားဘုရင်သည်အဝေး၌ရှိနေစဉ် သံတမန်ကိုစေလွှတ်၍ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းရပေလိမ့်မည်။
33
ထိုနည်းတူ သင်တို့အားလုံးသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို မစွန့်ခွာနိုင်လျှင် ငါ၏တပည့်မဖြစ်နိုင်။
34
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့်အရသာပြန်ရှိစေမည်နည်း။
35
မြေကြီးအတွက်ဖြစ်စေ၊ မြေသြဇာအတွက်ဖြစ်စေ အသုံးမဝင်တော့သဖြင့် ၎င်းကို အပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24