bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Luke 23
Luke 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
ထို့နောက် တရားလွှတ်တော်၌စုဝေးသောသူအပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းရှေ့သို့ခေါ်ဆောင်သွားပြီးလျှင်
2
“ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။
3
ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က “သင်ပြောသည့်အတိုင်းပေတည်း” ဟု ပြန်ဖြေတော်မူ၏။
4
ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
5
သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။
6
ပိလတ်မင်းသည် ထိုစကားကိုကြားလျှင် ဤသူသည် ဂါလိလဲနယ်သားဖြစ်သလောဟုမေးမြန်းပြီးမှ
7
ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။
8
ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။
9
သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။
10
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထ၍ ကိုယ်တော်ကိုပြင်းထန်စွာစွပ်စွဲကြ၏။
11
ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
12
ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
13
ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူများကို စုဝေးစေ၍
14
“သင်တို့သည် လူထုကိုမှားယွင်းစေရန်လှုံ့ဆော်သူအဖြစ် ဤသူကို ငါ့ထံသို့ခေါ်ဆောင်လာကြ၏။ သို့သော် ကြည့်လော့။ ငါသည် သင်တို့ရှေ့မှာပင် သူ့ကိုစစ်ဆေးခဲ့သော်လည်း ဤသူအပေါ် သင်တို့စွပ်စွဲသည့်အပြစ်တစ်စုံတစ်ခုမျှမတွေ့။
15
ဟေရုဒ်သည်လည်း အပြစ်မတွေ့သဖြင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့လိုက်၏။ သူသည် သေထိုက်သောအပြစ်တစ်စုံတစ်ခုကိုမျှ မပြုခဲ့ချေ။
16
ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု ဆို၏။
17
[ထိုသို့ဆိုခြင်းမှာ ပိလတ်မင်းသည် ပွဲတော်တွင် လူတစ်ဦးကို လွှတ်ပေးရသောကြောင့်ဖြစ်၏။]
18
သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
19
ဗာရဗ္ဗသည် မြို့ထဲတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူဖြစ်၏။
20
ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။
21
သို့သော် သူတို့က “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ။ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။
22
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။
23
သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။
24
ထိုအခါ ပိလတ်မင်းသည် သူတို့၏တောင်းဆိုချက်အတိုင်းလုပ်ပေးရန် စီရင်ဆုံးဖြတ်၍
25
ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့အတွက် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူကို သူတို့တောင်းဆိုသည့်အတိုင်း လွှတ်ပေးပြီး ယေရှုကိုမူ သူတို့ဆန္ဒအတိုင်းပြုရန် အပ်နှံလိုက်လေ၏။
26
သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြစဉ် တောရွာမှလာသော ကုရေနေမြို့သားရှိမုန်ကိုဖမ်းဆီး၍ သူ့အပေါ်၌ လက်ဝါးကပ်တိုင်ကိုတင်လျက်ထမ်းစေကာ ယေရှု၏နောက်မှ လိုက်စေကြ၏။
27
လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။
28
ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍ “ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။
29
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။
30
ထိုအခါ လူတို့သည် တောင်များအား ‘ငါတို့အပေါ်သို့ပြိုကျကြပါ’ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား ‘ငါတို့ကိုဖုံးအုပ်ကြပါ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။
31
အကြောင်းမူကား သူတို့သည် စိမ်းစိုသောအပင်ကို ဤသို့ပြုကြလျှင် ခြောက်သွေ့သောအပင်၌ မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
32
သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။
33
ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
34
ထိုအခါ ယေရှုက “အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ” ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။
35
လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။
36
စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ
37
“သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။
38
ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။
39
ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။
40
သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။
41
ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။
42
ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
43
ကိုယ်တော်ကလည်း “သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်” ဟု သူ့အား မိန့်တော်မူ၏။
44
ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
45
နေ၏အလင်းကွယ်ပျောက်သွားပြီး ဗိမာန်တော်ကန့်လန့်ကာသည် အလယ်မှကွဲသွားလေ၏။
46
ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက် “အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏” ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။
47
ဤအဖြစ်အပျက်များကို တွေ့မြင်သောတပ်မှူးသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူဖြစ်၏”ဟု ဆိုလေ၏။
48
ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။
49
ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။
50
ထိုအချိန်အခါ၌ ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သည့် ယောသပ်အမည်ရှိသော လွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ၏။
51
သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။
52
သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းပြီးလျှင်
53
အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။
54
ထိုနေ့ကား ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ကူးရန် နီးကပ်လာပြီဖြစ်၏။
55
ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူပါလာသော အမျိုးသမီးများသည်လည်း နောက်မှလိုက်လာကြ၍ သင်္ချိုင်းတော်ကိုလည်းကောင်း၊ ကိုယ်တော်၏အလောင်းတော်ကို မည်သို့ထားကြသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။
56
ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→