bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 1
1 Kings 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
2
ထို့ကြောင့် သူ့အမှုထမ်းတို့က “အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးအဖို့ မိန်းမပျိုတစ်ယောက် ရှာပေးပါရစေ။ သူ့ကို အရှင်မင်းကြီးထံအခစားဝင်၍ ပြုစုစေတော်မူပါ။ အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး နွေးထွေးဖို့ သူသည် အရှင်မင်းကြီး၏ရင်ခွင်၌ အိပ်ပါစေ”ဟု သူ့အား လျှောက်တင်ကြ၏။
3
ထို့နောက် သူတို့သည် အဆင်းလှသောမိန်းမပျိုလေးတစ်ဦးကို အစ္စရေးတစ်ပြည်လုံးတွင် လိုက်လံရှာဖွေရာ ရှုနင်မြို့သူအဘိရှက်ကို တွေ့သဖြင့် ရှင်ဘုရင်ထံ ခေါ်ဆောင်လာကြ၏။
4
သူသည် အလွန်အဆင်းလှသောမိန်းမပျိုလေးဖြစ်၏။ သူသည် ရှင်ဘုရင်ထံ၌ခစားလျက် ပြုစုပေးသော်လည်း ရှင်ဘုရင်သည် သူ့ကို ခြေတော်မတင်ချေ။
5
တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယက “ငါရှင်ဘုရင်လုပ်မည်”ဟု ဆိုလျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ မိမိအဖို့ မြင်းရထား၊ မြင်းစီးသူရဲများနှင့် ရှေ့တော်ပြေးအယောက်ငါးဆယ်ကို ပြင်ဆင်ထား၏။
6
သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
7
သူသည် ဇေရုယာ၏သားယွာဘ၊ ယဇ်ပုရောဟိတ်အဗျာသာတို့နှင့် တိုင်ပင်ဆွေးနွေးရာ သူတို့က အဒေါနိယကို အားပေးမြှောက်ပင့်ကြ၏။
8
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
9
အဒေါနိယသည် ဘုရင့်သားတော်ဖြစ်သော မိမိညီအစ်ကိုအပေါင်းတို့နှင့် ခမည်းတော်၏အမှုထမ်းများဖြစ်သော ယုဒအမျိုးသားအပေါင်းတို့ကို ဖိတ်ခေါ်ပြီး အင်္ရောဂေလအရပ်နှင့်နီးသော ဇောဟေလက်ကျောက်ဖျာပေါ်တွင် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်၏။
10
သို့သော် ပရောဖက်နာသန်၊ ဗေနာယ၊ စစ်သူရဲများနှင့် သူ့ညီရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပေ။
11
နာသန်သည် ရှောလမုန်၏မယ်တော်ဗာသရှေဘအား “အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးမသိဘဲ ဟဂ္ဂိတ်၏သားအဒေါနိယသည် ကိုယ့်ကိုယ်ကိုယ်မင်းမြှောက်လိုက်ကြောင်းကို သင်မကြားသလော။
12
ထို့ကြောင့် ယခု သင့်အသက်နှင့် သင့်သားရှောလမုန်အသက် ဘေးကင်းမည့်အကြောင်း သင့်ကို အကြံပေးပါရစေ။
13
ဒါဝိဒ်မင်းကြီးထံ အခစားဝင်၍ ‘အကျွန်ုပ်၏သခင်အရှင်မင်းကြီးက သခင့်ကျွန်မအား “သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်”ဟု ကျိန်ဆိုခဲ့ပြီမဟုတ်လော။ ယခုမှာ အဒေါနိယသည် အဘယ်ကြောင့် မင်းဖြစ်ရပါသနည်း’ဟု လျှောက်တင်လော့။
14
သင် ဤသို့ရှင်ဘုရင်ထံလျှောက်တင်နေစဉ် အကျွန်ုပ်သည်လည်းဝင်လာ၍ သင့်စကားကိုထောက်ခံပေးမည်”ဟု အကြံပေးလေ၏။
15
ထို့ကြောင့် ဗာသရှေဘသည် ရှင်ဘုရင်ရှိရာအတွင်းဆောင်သို့ ဝင်သွား၏။ ရှင်ဘုရင်သည် အိုမင်းပြီဖြစ်၍ ရှုနင်မြို့သူအဘိရှက်လည်း ရှင်ဘုရင်ကို ပြုစုပေးလျက်ရှိ၏။
16
ဗာသရှေဘသည် ရှင်ဘုရင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်လျှင် ရှင်ဘုရင်က “အဘယ်အကြောင်းရှိသနည်း”ဟု မေး၏။
17
ဗာသရှေဘက “အကျွန်ုပ်၏သခင်၊ သခင့်ကျွန်မအား ‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်’ဟု အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆိုခဲ့ပါပြီ။
18
ယခုမှာ ကြည့်ပါလော့။ အဒေါနိယသည် ဘုရင်ဖြစ်နေပါပြီ။ ဤအမှုကို အကျွန်ုပ်၏သခင်အရှင်မင်းကြီး သိတော်မမူ။
19
သူသည် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်အမြောက်အမြားဖြင့် ယဇ်ပူဇော်ပွဲကို ကျင်းပပါပြီ။ ဘုရင့်သားတော်အပေါင်းနှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်ယွာဘတို့ကို ဖိတ်ခေါ်၍ သခင့်သား ရှောလမုန်ကိုမူ မဖိတ်ခေါ်ပါ။
20
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
21
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
22
ထိုသို့ ရှင်ဘုရင်ထံလျှောက်တင်နေစဉ်တွင် ပရောဖက်နာသန် ရောက်လာ၏။
23
“ပရောဖက်နာသန် လာသည်”ဟု ရှင်ဘုရင်အား ကြားလျှောက်ကြပြီးလျှင် နာသန်သည် ဘုရင့်ထံပါး အခစားဝင်၍ ဦးညွှတ်ပျပ်ဝပ်၏။
24
ထို့နောက် နာသန်က “အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးက ‘အဒေါနိယအား ငါ၏နန်းမွေကိုဆက်ခံပြီး ရာဇပလ္လင်ပေါ်တွင် စံမြန်းစေမည်’ဟု မိန့်ဆိုပြီလော။
25
ယနေ့ သူသည် သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်အမြောက်အမြားကို သွား၍ယဇ်ပူဇော်ပါပြီ။ ဘုရင့်သားတော်အပေါင်းတို့အပါအဝင် စစ်မှုထမ်းအကြီးအကဲများနှင့် ယဇ်ပုရောဟိတ်အဗျာသာတို့ကို ဖိတ်ခေါ်ပြီး စားသောက်ကြလျက် ‘အဒေါနိယမင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြပါပြီ။
26
သို့သော် အရှင့်အစေအပါးအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယနှင့် အရှင့်အစေအပါးရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပါ။
27
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ မည်သူနန်းမွေဆက်ခံမည်ကို အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် သခင့်အစေအပါးတို့အား အသိမပေးဘဲ ဤအမှုကိုပြုတော်မူပြီလော”ဟု လျှောက်တင်လေ၏။
28
ထိုအခါ ဒါဝိဒ်မင်းကြီးက “ ဗာသရှေဘကို ငါ့ထံခေါ်လာပါ”ဟု မိန့်ဆိုလျှင် ဗာသရှေဘသည် ရှင်ဘုရင့်ရှေ့တော်သို့ဝင်၍ ရပ်နေ၏။
29
ရှင်ဘုရင်က “ငါ့အသက်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
30
‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
31
ထိုအခါ ဗာသရှေဘသည် ရှင်ဘုရင်ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”ဟု မြွက်ဆိုလေ၏။
32
ဒါဝိဒ်မင်းကြီးကလည်း “ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့ကို ငါ့ထံခေါ်လာပါ”ဟု မိန့်ဆိုလျှင် သူတို့သည် ရှင်ဘုရင်ရှေ့တော်သို့ အခစားဝင်ကြ၏။
33
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
34
ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
35
ထို့နောက် သင်တို့သည် သူနှင့်အတူပြန်လိုက်လာရမည်။ သူသည် ငါ့ရာဇပလ္လင်ပေါ်တွင် စံမြန်းရမည်။ ငါ့နန်းမွေကို ဆက်ခံရမည်။ ယခု သူ့ကို အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးတို့၏ဘုရင်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆို၏။
36
ထိုအခါ ယောယဒ၏သား ဗေနာယက ရှင်ဘုရင်အား “အာမင်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော။
37
ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။
38
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
39
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်သည် ဆီထည့်ထားသောချိုကို တဲတော်ထဲမှယူ၍ ရှောလမုန်ကို ဘိသိက်ပေး၏။ ထို့နောက် သူတို့သည် တံပိုးကိုမှုတ်လျှင် လူအပေါင်းတို့က “ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
40
လူအပေါင်းတို့သည် သူ့နောက်သို့လိုက်လျက်၊ ပလွေမှုတ်လျက် အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကြွေးကြော်ကြလေ၏။ သူတို့၏ကြွေးကြော်သံသည် မြေကြီးကွဲမတတ် ဖြစ်လေ၏။
41
အဒေါနိယနှင့် ဖိတ်ခေါ်ထားသောသူအားလုံးတို့သည်လည်း စားသောက်ပြီးချိန်တွင် ထိုအသံကို ကြားလေ၏။ ယွာဘကလည်း တံပိုးမှုတ်သံကိုကြားလျှင် “မြို့ထဲမှဆူညံသံကား အဘယ်နည်း”ဟု မေး၏။
42
ထိုသို့မေးမြန်းနေစဉ်တွင် ယဇ်ပုရောဟိတ်အဗျာသာ၏သား ယောနသန်ရောက်လာသဖြင့် အဒေါနိယက “ဝင်ခဲ့ပါ။ သင်သည် လူကောင်းဖြစ်သောကြောင့် သတင်းကောင်းပါလိမ့်မည်”ဟု ဆို၏။
43
ယောနသန်ကလည်း အဒေါနိယအား “ထိုသို့မဟုတ်ပါ။ ယခု အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို မင်းမြှောက်ပါပြီ။
44
ရှင်ဘုရင်သည် သူ၏လားတော်ကို ရှောလမုန်အား စီးစေပြီး သူနှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့ကို ဂိဟုန်မြို့သို့စေလွှတ်ပါ၏။
45
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ဂိဟုန်မြို့တွင် ရှောလမုန်ကို ဘုရင်အဖြစ်ဘိသိက်ပေးကြပြီး ဝမ်းမြောက်စွာပြန်လာကြ၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပါ၏။ သင်ကြားရသောအသံမှာလည်း ထိုအသံပင်ဖြစ်ပါ၏။
46
ရှောလမုန်သည်လည်း ဘုရင့်ရာဇပလ္လင်ပေါ်တွင် စံမြန်းနေပါပြီ။
47
ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
48
‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
49
ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။
50
အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင်ရှိဦးချိုတို့ကို ဆုပ်ကိုင်လျက်နေလေ၏။
51
“အဒေါနိယက ရှောလမုန်မင်းကြီးကိုကြောက်၍ ယဇ်ပလ္လင်ရှိချိုတို့ကိုဆုပ်ကိုင်လျက် ‘ရှောလမုန်မင်းကြီးသည် ယနေ့ ကျွန်တော်မျိုးကို ဓားနှင့်မကွပ်မျက်ပါဟု ကျိန်ဆိုပါစေသော’ဟု ဆိုလေပြီ”ဟူသောသတင်းကို ရှောလမုန်မင်းကြီးအား ကြားလျှောက်ကြ၏။
52
ထိုအခါ ရှောလမုန်မင်းကြီးက “သူသည် ဖြောင့်မှန်သောသူဖြစ်လျှင် သူ့ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ။ သို့သော် မကောင်းမှုပြုသောသူဖြစ်လျှင် အမှန်သေရမည်”ဟု မိန့်ဆို၏။
53
ထို့နောက် ရှောလမုန်မင်းကြီးသည် လူလွှတ်၍ သူ့ကို ယဇ်ပလ္လင်ထက်မှ ဆင်းစေ၏။ သူသည် ရှောလမုန်မင်းကြီးထံလာ၍ပျပ်ဝပ်လျှင် ရှောလမုန်မင်းကြီးက သူ့အား “သင့်နန်းဆောင်သို့ ပြန်လော့”ဟု မိန့်ဆို၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22