bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 16
1 Kings 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
ဗာရှာမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟာနနိ၏သားယေဟုထံသို့ ရောက်လာသည်မှာ
2
“ငါသည် သင့်ကို မြေမှုန့်ထဲမှဆွဲထူ၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။ သို့သော် သင်သည် ယေရောဗောင်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို လမ်းမှားစေပြီး သူတို့ပြုမိသောအပြစ်များသည် ငါ့ကိုအမျက်ထွက်စေ၏။
3
ကြည့်ရှုလော့။ ငါသည် ဗာရှာနှင့်သူ့အမျိုးအနွယ်ကို သုတ်သင်ပယ်ရှင်းပစ်မည်။ သူ့အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်။
4
ဗာရှာ၏အမျိုးတို့သည် မြို့ထဲ၌သေလျှင် ခွေးတို့စားလိမ့်မည်။ မြို့ပြင်တွင်သေလျှင် မိုးကောင်းကင်ငှက်တို့စားလိမ့်မည်”ဟု မိန့်ဆို၏။
5
ကျန်ရှိနေသော ဗာရှာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
6
ဗာရှာမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ တိရဇာမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ဧလာသည် သူ့အရိုက်အရာကို ဆက်ခံ၏။
7
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
8
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။
9
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
10
ဇိမရိဝင်လာ၍ ဧလာမင်းကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်၏။ ထို့ကြောင့် ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် ဧလာမင်းကြီး၏အရိုက်အရာကို ဆက်ခံလေ၏။
11
သူသည် ထီးနန်းရ၍ ရာဇပလ္လင်ပေါ်စံမြန်းသည်နှင့် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးနှင့်တကွ သူ၏ဆွေမျိုးများ၊ မိတ်ဆွေများထဲမှ ယောက်ျားတစ်ယောက်ကိုမျှ မချန်ထားဘဲ သုတ်သင်ပစ်၏။
12
ထိုသို့ ဗာရှာမင်းကြီးနှင့်ပတ်သက်၍ ပရောဖက်ယေဟုဆင့်ဆိုသော ထာဝရဘုရား၏နှုတ်တော်ထွက်အတိုင်း ဇိမရိသည် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
13
ဗာရှာမင်းကြီးနှင့်သားတော်ဧလာမင်းကြီးတို့ ပြုသမျှသောအပြစ်ကြောင့် ဤသို့ဖြစ်ရလေပြီ။ သူတို့သည် ကိုယ်တိုင်အပြစ်ပြုရုံသာမက အစ္စရေးလူမျိုးတို့ကိုလည်း အပြစ်ပြုစေပြီး အချည်းနှီးသောအရာများဖြင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
14
ကျန်ရှိနေသော ဧလာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
15
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် တိရဇာမြို့၌ ခုနစ်ရက်စိုးစံ၏။ ထိုအချိန်၌ စစ်သည်တို့သည် ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့နား၌ စခန်းချလျက်နေ၏။
16
“ဇိမရိသည် ရှင်ဘုရင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီ”ဟူသောသတင်းကို စခန်းချထားသောစစ်သည်တို့ကြားလျှင် ထိုနေ့၊ ထိုစခန်းတွင်ပင် အစ္စရေးစစ်ဗိုလ်ချုပ်ဩမရိကို အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် မင်းမြှောက်လိုက်ကြ၏။
17
ထိုအခါ ဩမရိသည် သူ၌ပါလာသောအစ္စရေးစစ်သည်အပေါင်းတို့နှင့်အတူ ဂိဗ္ဗသုန်မြို့မှ တိရဇာမြို့သို့ ချီသွားပြီး မြို့ကိုဝိုင်းထားကြ၏။
18
တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
19
ဤသည်ကား သူသည် အစ္စရေးလူမျိုးတို့အား လမ်းမှားစေသည့်အပြစ်များကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်လျက် ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုများကိုပြု၍ ပြစ်မှားသောအပြစ်များကြောင့်ဖြစ်၏။
20
ကျန်ရှိနေသော ဇိမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏လျှို့ဝှက်ပုန်ကန်မှုအကြောင်းများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
21
ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
22
ဩမရိနောက်သို့လိုက်သောသူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့လိုက်သောသူတို့ထက် ပို၍အင်အားကြီး၏။ တိဗနိသေ၍ ဩမရိနန်းတက်၏။
23
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်တစ်နှစ်တွင် ဩမရိနန်းတက်၍ အစ္စရေးပြည်တွင် တစ်ဆယ့်နှစ်နှစ်၊ တိရဇာမြို့တွင် ခြောက်နှစ် စိုးစံ၏။
24
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန် နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
25
ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။
26
သူသည် နေဗတ်၏သားယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ပြုမိရာရောက်စေပြီး အချည်းနှီးသောအရာများဖြင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
27
ကျန်ရှိနေသော ဩမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
28
ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
29
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။
30
ဩမရိမင်းကြီး၏သားတော်အာဟပ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် မကောင်းမှုကိုသာ၍ပြု၏။
31
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
32
ရှမာရိမြို့၌တည်ထားသောဗာလဘုရားဝတ်ကျောင်းတွင် ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်၏။
33
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
34
အာဟပ်မင်းကြီးလက်ထက်တွင် ဗေသလမြို့သား ဟိဧလသည် ဂျေရိခေါမြို့ကို ပြန်လည်တည်ဆောက်၏။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း မြို့တော်အုတ်မြစ်ချချိန်တွင် သားဦးအဘိရံကို စတေးခဲ့ရပြီး မြို့တံခါးတည်ဆောက်ချိန်တွင် သားထွေးစေဂုပ်ကို စတေးခဲ့ရ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22