bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 19
1 Kings 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
1
အာဟပ်မင်းကြီးသည် ဧလိယပြုခဲ့သောအကြောင်းအရာအလုံးစုံနှင့် ပရောဖက်အားလုံးကို ဓားနှင့်ကွပ်မျက်ခဲ့ပုံအလုံးစုံတို့ကို ယေဇဗေလအား ပြောပြသောအခါ
2
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
3
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
4
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
5
ထို့နောက် သူသည် ထိုရှားပင်အောက်တွင် လဲလျောင်း၍အိပ်ပျော်သွားလေ၏။ ထိုစဉ် ကောင်းကင်တမန်တစ်ပါးက သူ့ကိုတို့ပြီး “ထ၍ စားပါ”ဟု ဆို၏။
6
သူကြည့်လိုက်သောအခါ ခေါင်းရင်းနားတွင် ကင်ထားသောမုန့်တစ်ချပ်နှင့် ရေဘူးတစ်ဘူးကို တွေ့၏။ သူသည် စားသောက်ပြီး ပြန်၍အိပ်ပျော်သွားလေ၏။
7
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့ပြီးလျှင် “ထ၍ စားပါ။ သင်သွားရမည့်ခရီးမှာ ဝေးလှ၏”ဟု ဆို၏။
8
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
9
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
10
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
11
ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။
12
ငလျင်လှုပ်ပြီးနောက် မီးလောင်၏။ သို့သော် ထာဝရဘုရားသည် မီးထဲတွင် ရှိတော်မမူ။ မီးလောင်ပြီးနောက် ဖြည်းညင်းသာယာသောအသံ ထွက်လာ၏။
13
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
14
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
15
ထာဝရဘုရားကလည်း သူ့အား “သင်လာသည့်လမ်းအတိုင်း ဒမတ်စကပ်တောကန္တာရသို့ ပြန်သွားလော့။ ရောက်လျှင် ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊
16
နိမ်ရှိ၏သားယေဟုကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့ရှိ ရှာဖတ်၏သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အဖြစ် ဘိသိက်ပေးလော့။
17
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
18
အစ္စရေးလူမျိုးတွင် ဗာလရှေ့၌ ဒူးမထောက်သောသူ၊ နှုတ်ဖြင့်မနမ်းသောသူ လူပေါင်းခုနစ်ထောင်ကို ငါကျန်ရစ်စေပြီ”ဟု မိန့်တော်မူ၏။
19
ဤသို့ဖြင့် ဧလိယသည် ထိုနေရာမှထွက်သွား၍ ရှာဖတ်၏သား ဧလိရှဲနှင့်တွေ့၏။ လယ်ထွန်လျက်ရှိသောနွားတစ်ဆယ့်နှစ်ရှဉ်းတွင် ဧလိရှဲသည် တစ်ဆယ့်နှစ်ရှဉ်းမြောက်၌ လယ်ထွန်နေ၏။ ဧလိယသည် သူ့နားသို့သွားပြီး မိမိဝတ်လုံကို သူ့အပေါ် လွှားတင်ပေးလိုက်လျှင်
20
ဧလိရှဲသည် နွားကိုထားခဲ့၍ ဧလိယနောက်သို့လိုက်လျက် “အကျွန်ုပ်မိဘကို နမ်းပြီးနှုတ်ဆက်ပါရစေ။ ပြီးလျှင် အရှင့်နောက်သို့ လိုက်ပါမည်”ဟု ဆို၏။ ဧလိယကလည်း သူ့အား “သင့်ကို ငါမည်သို့ပြုပြီးပြီနည်း။ သွားပြီး ပြန်လာခဲ့ပါ”ဟု ပြန်ပြော၏။
21
ထိုအခါ ဧလိရှဲသည် ဧလိယနောက်လိုက်သွားရာမှပြန်လာ၍ နွားတစ်ရှဉ်းကိုယူပြီး သတ်၏။ နွားထမ်းပိုးကိုထင်းလုပ်၍ ဟင်းချက်ပြီးလျှင် လူတို့အားကျွေးမွေးသဖြင့် လူတို့လည်း စားကြ၏။ ထို့နောက် သူသည် ဧလိယနောက်သို့လိုက်၍ တပည့်ခံလေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22