bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 14
1 Kings 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
1
ထိုအချိန်တွင် ယေရောဗောင်မင်းကြီး၏သားအဘိယ နာမကျန်းဖြစ်လာ၏။
2
ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
3
မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
4
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ ရှိလောမြို့သို့သွားကာ အဟိယအိမ်သို့ရောက်လေ၏။ အဟိယသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ မျက်စိပင်မမြင်တော့ချေ။
5
ထာဝရဘုရားက အဟိယအား “ယေရောဗောင်၏မိဖုရားသည် နာမကျန်းသောသားနှင့်ပတ်သက်၍မေးမြန်းရန် သင့်ထံလာလေပြီ။ သူသည် အခြားသူအယောင်ဆောင်ပြီး ရောက်လာလိမ့်မည်။ သူ့ကို ဤသို့ဤသို့ ပြန်ဖြေပါ”ဟု မိန့်တော်မူ၏။
6
ထိုစဉ် တံခါးဝနားရောက်လာသောမိဖုရား၏ခြေသံကို အဟိယကြားလေ၏။ ထို့ကြောင့် သူက “ယေရောဗောင်၏မိဖုရား၊ ဝင်လာပါ။ အဘယ်ကြောင့် အခြားသူအယောင်ဆောင်ရသနည်း။ သင့်အား သတင်းဆိုးပြောကြားရန် ငါ့ကို စေခိုင်းတော်မူပြီ။
7
ယေရောဗောင်ကို ပြန်ပြောလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ဤလူမျိုးတို့ထဲမှ သင့်ကို ငါရွေးကောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။
8
နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးမင်းနွယ်လက်ထဲမှ ရုပ်သိမ်းပြီး သင့်ကို ပေးအပ်ခဲ့၏။ သို့သော် ငါ့အစေအပါးဒါဝိဒ်ကဲ့သို့ သင်မပြု။ သူသည် ပညတ်တရားတို့ကို စောင့်ထိန်း၍ ငါ့နောက်သို့ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ပြီး ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
9
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
10
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
11
ယေရောဗောင်မင်းမျိုးမင်းနွယ်တို့သည် မြို့ထဲ၌သေလျှင် ခွေးများစားကြလိမ့်မည်။ မြို့ပြင်၌သေလျှင် ကောင်းကင်ငှက်တို့စားကြလိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူပြီ။
12
ယခု သင်ထ၍ ကိုယ့်အိမ်သို့ပြန်လော့။ မြို့ထဲသို့ သင်ခြေချလိုက်သည်နှင့် သူငယ်သေလိမ့်မည်။
13
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
14
ထာဝရဘုရားသည် တစ်နေ့တွင် ယေရောဗောင်မင်းမျိုးမင်းနွယ်ကို ပယ်ရှင်းမည့်ရှင်ဘုရင်တစ်ပါး အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေမည်။ မည်သည့်အချိန်နည်းဆိုလျှင် ယခုပင်ဖြစ်၏။
15
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ် တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
16
ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
17
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
18
မိမိအစေအပါး ပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မြွက်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတစ်မျိုးလုံးသည် သူ့ကိုသင်္ဂြိုဟ်ကြပြီး သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။
19
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
20
ယေရောဗောင်မင်းကြီးသည် နှစ်ဆယ့်နှစ်နှစ်နန်းစံပြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွား၏။ သူ၏သားတော်နာဒပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
21
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
22
ယုဒလူမျိုးတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုသာ ပြုကြ၏။ ဘိုးဘေးတို့ပြုသမျှထက် သူတို့ပြစ်မှားသောအပြစ်က ထာဝရဘုရားကို ပို၍အမျက်ထွက်စေ၏။
23
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
24
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
25
ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ချီလာ၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်၏။
26
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
27
ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
28
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
29
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
30
ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
31
ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံ သည် သူ့အရိုက်အရာကို ဆက်ခံ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22