bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 12
1 Kings 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
1
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
2
ရှောလမုန်မင်းကြီးထံမှထွက်ပြေးသွားခဲ့သော နေဗတ်၏သားယေရောဗောင်သည် အီဂျစ်ပြည်၌ခိုလှုံနေ၏။ ထိုသတင်းကို ကြားရလျှင် ယေရောဗောင်သည် အီဂျစ်ပြည်မှ ပြန်လာ၏။
3
ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်ကြ၏။ ထို့နောက် ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ရောဗောင်မင်းကြီးထံသို့လာကြပြီး
4
“မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့ပါ၏။ သို့သော် မင်းကြီး၏ခမည်းတော်ထံ၌ အကျွန်ုပ်တို့ ခက်ခဲပင်ပန်းစွာအမှုထမ်းခဲ့ရသည်ကို သက်သာစေမည်ဆိုလျှင်၊ အကျွန်ုပ်တို့အပေါ်တင်ထားခဲ့သည့် လေးလံသောထမ်းပိုးကို ပေါ့စေမည်ဆိုလျှင် မင်းကြီးထံခစားကြပါမည်”ဟု လျှောက်တင်ကြ၏။
5
ထိုအခါ ရောဗောင်မင်းကြီးက “ပြန်သွားကြလော့။ သုံးရက်ကြာမှ ငါ့ထံသို့ ပြန်လာကြလော့”ဟု မိန့်ဆိုသဖြင့် လူတို့လည်း ပြန်သွားကြ၏။
6
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
7
သူတို့က “ယနေ့ မင်းကြီးသည် ဤလူတို့၏အမှုကိုထမ်းဆောင်၍ သူတို့၏အစေကိုခံလျက် သူတို့ကို ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံအစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
8
သို့သော် ရောဗောင်မင်းကြီးသည် သက်ကြီးဝါကြီးတို့ပေးသောအကြံကို လက်မခံဘဲ သူ့ထံ၌ခစားနေသော ငယ်ပေါင်းကြီးဖော်လူငယ်များနှင့် တိုင်ပင်လေ၏။
9
“ ‘အကျွန်ုပ်တို့အပေါ် သင့်ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါ’ဟု တောင်းဆိုလာသောလူတို့အား မည်သို့ပြန်ပြောရပါမည်ကို အကြံပေးကြပါ”ဟု သူတို့အား တိုင်ပင်မေးမြန်းလျှင်
10
သူ၏ငယ်ပေါင်းကြီးဖော်လူငယ်တို့က “ ‘မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကိုတင်ခဲ့ပြီ။ ထိုထမ်းပိုးကိုပေါ့စေတော်မူပါ’ဟု လျှောက်တင်သောလူတို့အား ‘ငါ့လက်သန်းသည် ငါ့ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။
11
ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်’ဟူ၍ ပြန်ဖြေပါလော့”ဟု လျှောက်တင်ကြ၏။
12
ရှင်ဘုရင်က “သုံးရက်မြောက်နေ့တွင် ငါ့ထံပြန်လာကြ”ဟု ဆိုသည့်အတိုင်း ယေရောဗောင်နှင့်လူအပေါင်းတို့သည် သုံးရက်မြောက်သောနေ့တွင် ရောဗောင်မင်းကြီးထံသို့ ပြန်လာကြ၏။
13
ထိုအခါ ရှင်ဘုရင်သည် လူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး
14
သူသည် လူငယ်တို့ပေးသောအကြံအတိုင်း သူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။
15
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
16
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
17
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
18
တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်အဒေါရံကိုစေလွှတ်ရာ အစ္စရေးလူမျိုးအပေါင်းတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်သွားပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။
19
ဤသို့ဖြင့် အစ္စရေးလူမျိုးတို့သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ကို ယနေ့တိုင်အောင် ပုန်ကန်ကြလေ၏။
20
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
21
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ပြီး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်တစ်နွယ်လုံးနှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
22
သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယထံသို့ရောက်လာ၍
23
“ရှောလမုန်မင်းကြီး၏သား ယုဒဘုရင်ရောဗောင်မင်းကြီးမှစ၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်အပေါင်းနှင့်တကွ ကျန်လူတို့အား
24
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။
25
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
26
ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
27
ဤပြည်သားတို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့သွား၍ ယဇ်ပူဇော်ကြလျှင် သူတို့၏သခင် ယုဒဘုရင်ရောဗောင်မင်းကြီးဘက်သို့ စိတ်ပါသွားနိုင်၏။ ထိုအခါ သူတို့သည် ငါ့ကိုသတ်ပြီး ယုဒဘုရင်ရောဗောင်မင်းကြီးထံ ပြန်ပါသွားကြလိမ့်မည်”ဟု တွေးမိ၏။
28
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
29
ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
30
ပြည်သားတို့သည်လည်း နွားသငယ်ရုပ်ရှိရာဒန်မြို့အထိ သွား၍ဝတ်ပြုကြရာ ဤသည်မှာ အပြစ်ဖြစ်လာ၏။
31
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
32
ထို့ပြင် ယေရောဗောင်မင်းကြီးသည် ယုဒပြည်တွင်ကျင်းပသောပွဲကဲ့သို့ အဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကျင်းပပြီး ယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ ဗေသလမြို့တွင်တည်ထားသောနွားသငယ်ရုပ်တုကိုလည်း ယဇ်ပူဇော်၏။ ဗေသလမြို့ရှိ သူတည်ထားသောအထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
33
သူကိုယ်တိုင်သတ်မှတ်ထားသောလဖြစ်သည့် ထိုအဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ သူတည်ခဲ့သောယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ အစ္စရေးအမျိုးသားတို့အဖို့ ပွဲတော်ကို ကျင်းပပေးပြီး သူသည် ယဇ်ပလ္လင်ပေါ်သို့တက်ကာ နံ့သာပေါင်းကို မီးရှို့ပူဇော်၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22