bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 13
1 Kings 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
2
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
3
ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
4
ဘုရားသခင်၏လူသည် ဗေသလမြို့ရှိယဇ်ပလ္လင်အား ဆန့်ကျင်ကြွေးကြော်ခဲ့သောစကားများကို ယေရောဗောင်မင်းကြီးကြားလျှင် သူသည် ယဇ်ပလ္လင်ပေါ်တွင်ရပ်လျက် လက်ကိုဆန့်ပြီး “သူ့ကို ဖမ်းကြလော့”ဟု အမိန့်ပေး၏။ ထိုသို့ဆန့်လိုက်သောလက်သည် ခြောက်သွားသဖြင့် ပြန်ရုပ်၍မရတော့ချေ။
5
ဘုရားသခင်၏လူကို ထာဝရဘုရားမိန့်တော်မူခဲ့သည့် နိမိတ်လက္ခဏာအတိုင်း ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်မှပြာများ ဖိတ်ကျလာလေ၏။
6
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
7
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “ငါနှင့်အတူ နန်းတော်သို့လိုက်ခဲ့၍ စားသောက်ပါလော့။ သင့်အား လက်ဆောင်လည်း ပေးလိုပါသည်”ဟု မိန့်ဆို၏။
8
သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
9
အကြောင်းမူကား ထာဝရဘုရားက ‘သင်သည် အစာကို မစားရ၊ ရေကိုလည်း မသောက်ရ၊ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟူသောစကားကို ငါ့အား မှာထားတော်မူပြီ”ဟု ပြန်ပြော၏။
10
ထို့ကြောင့် သူသည် ဗေသလမြို့သို့လာခဲ့သောလမ်းအတိုင်း မပြန်ဘဲ အခြားလမ်းမှ ပြန်သွားလေ၏။
11
ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင်
12
ဖခင်ဖြစ်သူက သူ့သားတို့အား “ထိုသူ မည်သည့်လမ်းမှပြန်သွားသနည်း”ဟု မေးရာ သူ့သားတို့က ယုဒပြည်မှလာသော ဘုရားသခင်၏လူ ပြန်သွားသည့်လမ်းကို ပြောပြကြ၏။
13
ထိုအခါ ဖခင်ဖြစ်သူက သူ့သားတို့အား “မြည်းကိုကုန်းနှီးတင်ပေးပါ”ဟု ဆိုသဖြင့် သူတို့လည်း မြည်းကိုကုန်းနှီးတင်ပေးကြရာ ဖခင်ဖြစ်သူသည် မြည်းကိုစီး၍
14
ဘုရားသခင်၏လူနောက်သို့လိုက်သွားရာ သပိတ်ပင်အောက်၌ ထိုင်နေသည်ကိုတွေ့လျှင် “သင်သည် ယုဒပြည်မှလာသောဘုရားသခင်၏လူလော”ဟု မေး၏။ ဘုရားသခင်၏လူကလည်း “ဟုတ်ပါ၏”ဟု ပြန်ပြော၏။
15
ထိုအခါ ပရောဖက်က “အကျွန်ုပ်အိမ်သို့လိုက်၍ အစားအစာသုံးဆောင်ပါလော့”ဟု ဖိတ်ခေါ်လျှင်
16
ဘုရားသခင်၏လူက “သင်နှင့်အတူ မလိုက်နိုင်ပါ။ သင်နှင့်အတူ ပြန်လိုက်သွားပြီး ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်နိုင်ပါ။
17
ထာဝရဘုရား၏စကားတော်သည် ငါ့ထံသို့ရောက်လာ၍ ‘ထိုအရပ်၌ အစာကို မစားရ၊ ရေကိုလည်း မသောက်ရ။ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟု ငါ့အား မိန့်မှာထားပြီ”ဟု ပြန်ပြော၏။
18
ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
19
ထို့ကြောင့် ဘုရားသခင်၏လူက ပရောဖက်နောက်သို့ပြန်လိုက်လာပြီး သူ့အိမ်တွင် အစားအစာကိုစား၍ ရေလည်း သောက်လေ၏။
20
စားပွဲတွင် သူတို့ထိုင်၍စားနေစဉ် ဘုရားသခင်၏လူကိုပြန်ခေါ်လာသောပရောဖက်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
21
သူသည် ယုဒပြည်မှလာသောဘုရားသခင်၏လူအား “ထာဝရဘုရားက ‘သင်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဖီဆန်ပြီ။ သင်၏ဘုရားသခင်ထာဝရဘုရား မိန့်မှာသောစကားတော်ကို မလိုက်နာဘဲ
22
“အစာလည်း မစားရ၊ ရေလည်း မသောက်ရ”ဟု သင့်အား ငါမှာထားသောနေရာသို့ ပြန်သွားပြီး စားသောက်လေပြီ။ ထို့ကြောင့် သင့်အလောင်းသည် သင့်ဘိုးဘေးတို့၏သင်္ချိုင်းသို့ ရောက်ရမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
23
အစာရေစာ စားသောက်ပြီးသောအခါ သူ့အားပြန်ခေါ်လာသောပရောဖက်က သူ့အတွက် မြည်းကိုကုန်းနှီးတင်ပေးပြီး
24
သူပြန်သွားရာ လမ်းတွင် ခြင်္သေ့နှင့်တိုး၍ သူ့ကိုကိုက်သတ်သဖြင့် သူ၏အလောင်းသည် လမ်းပေါ်တွင်လဲနေ၏။ အလောင်းဘေးတွင် မြည်းနှင့်ခြင်္သေ့တို့ ရပ်နေကြ၏။
25
ထိုနေရာသို့ ဖြတ်သန်းသွားလာသူတို့သည် လမ်းပေါ်တွင်လဲနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသောခြင်္သေ့ကိုမြင်လျှင် အသက်ကြီးသောပရောဖက်နေထိုင်ရာမြို့သို့သွား၍ ပြောပြကြ၏။
26
လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍
27
သူ့သားတို့အား “ငါ့အတွက် မြည်းကိုကုန်းနှီးတင်ပေးကြပါ”ဟု ဆိုသဖြင့် သူတို့ကလည်း ကုန်းနှီးတင်ပေးကြ၏။
28
သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
29
ပရောဖက်သည် ဘုရားသခင့်လူ၏အလောင်းကိုမ၍ မြည်းပေါ်ပွေ့တင်ပြီး ပြန်သယ်လာ၏။ အသက်ကြီးသောပရောဖက်သည် သူနေထိုင်ရာမြို့သို့ပြန်လာပြီး သူ့အတွက် ငိုကြွေးမြည်တမ်းခြင်းကိုပြုလျက် သူ့ကိုသင်္ဂြိုဟ်လေ၏။
30
အလောင်းကို မိမိသင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီး “အလို၊ ငါ့ညီ ဖြစ်ရလေခြင်း”ဟု ငိုကြွေးမြည်တမ်းလေ၏။
31
ပရောဖက်သည် ဘုရားသခင်၏လူကို သင်္ဂြိုဟ်ပြီးနောက် မိမိသားတို့အား “ငါသေလျှင် ဘုရားသခင်၏လူကိုသင်္ဂြိုဟ်သောသင်္ချိုင်းတွင် ငါ့ကိုသင်္ဂြိုဟ်ပါ။ ငါ့အရိုးကို သူ့အရိုးဘေးတွင်ထားပါ။
32
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
33
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
34
ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22