bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 3
1 Kings 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
1
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
2
ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။
3
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
4
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
5
ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
6
ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။
7
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။
8
ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။
9
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
10
ဤသို့ ရှောလမုန်မင်းကြီးတောင်းလျှောက်သည်ကို ဘုရားရှင်နှစ်သက်တော်မူ၏။
11
ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့်
12
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
13
သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
14
သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။
15
ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။
16
တစ်နေ့တွင် ပြည့်တန်ဆာမိန်းမနှစ်ဦးသည် ရှင်ဘုရင်ထံသို့လာ၍ ရှေ့တော်၌ ရပ်လျက်
17
မိန်းမတစ်ဦးက “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် ဤမိန်းမနှင့် တစ်အိမ်တည်းနေပါ၏။ ထိုအိမ်တွင် အကျွန်ုပ်မီးဖွားစဉ် သူရှိနေပါ၏။
18
ထိုသို့ အကျွန်ုပ်မီးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ထိုမိန်းမလည်း မီးဖွားပါ၏။ ထိုအိမ်တွင် အကျွန်ုပ်တို့နှစ်ဦးအပြင် အခြားမည်သူမျှမရှိပါ။
19
ဤမိန်းမသည် ညအိပ်ချိန်၌ သူ့သားကို ဖိအိပ်မိသဖြင့် သားမှာ သေဆုံးသွားပါ၏။
20
ထို့ကြောင့် သူသည် ညသန်းခေါင်ထ၍ အကျွန်ုပ်အိပ်နေချိန်တွင် အကျွန်ုပ်ဘေး၌အိပ်နေသော အကျွန်ုပ်၏သားကိုယူပြီး သူ့ရင်ခွင်၌သိပ်ပါ၏။ သူ့သားအသေကောင်ကိုမူ အကျွန်ုပ်၏ရင်ခွင်၌ ထားပါ၏။
21
နံနက်ထ၍ နို့တိုက်မည်ပြုသောအခါ အကျွန်ုပ်၏သားမှာ သေနေပါ၏။ နံနက်လင်း၍ ထိုသားကို သေချာစွာကြည့်သောအခါ ထိုသားသည် အကျွန်ုပ်ဖွားသောသားမဟုတ်သည်ကို သိရပါ၏”ဟု လျှောက်ဆို၏။
22
နောက်မိန်းမတစ်ယောက်က “ထိုသို့မဟုတ်ပါ။ အသက်ရှင်သောသားသည် ငါ့သားဖြစ်၏။ သေနေသောသားမှာ သင့်သားဖြစ်၏”ဟု ဆို၏။ ပထမမိန်းမကလည်း “ထိုသို့မဟုတ်ပါ။ သေနေသောသားသည် သင့်သားဖြစ်၏။ အသက်ရှင်နေသောသားမှာ ငါ့သားဖြစ်၏”ဟု ရှင်ဘုရင်ရှေ့တွင် ငြင်းခုံကြလေ၏။
23
ထိုအခါ ရှင်ဘုရင်က “ဤမိန်းမက ‘အသက်ရှင်နေသောသားသည် ငါ့သား၊ သေနေသောသားမှာ သင့်သား’ဟု ဆိုပြီး နောက်တစ်ယောက်က ‘ထိုသို့မဟုတ်ပါ။ သေနေသောသားသည် သင့်သား၊ အသက်ရှင်နေသောသားမှာ ငါ့သား’ဟု ဆိုလေပြီ”ဟူ၍ မိန့်ဆိုပြီးနောက်
24
“ဓားယူလာခဲ့ပါ”ဟု အမိန့်ပေးသဖြင့် သူ့ထံ ဓားယူလာကြ၏။
25
ထို့နောက် ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်ကို တစ်ခြမ်းစီ ပေးလိုက်ပါ”ဟု မိန့်ဆိုလျှင်
26
အသက်ရှင်နေသောသား၏မိခင်မှာ မိမိသားကို အလွန်သနားသဖြင့် ရှင်ဘုရင်အား “အို အကျွန်ုပ်၏သခင်၊ အသက်ရှင်နေသောသားကို သူ့အား ပေးလိုက်ပါ။ ကလေးကို အလျှင်းမသတ်ပါနှင့်”ဟု လျှောက်တင်၏။ သို့သော် နောက်မိန်းမက “သင်လည်း မယူရ၊ ငါလည်း မယူရ။ ဤကလေးကို နှစ်ခြမ်းခွဲပါစေ”ဟု ဆို၏။
27
ထိုအခါ ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို ပထမမိန်းမအား ပေးလိုက်ပါ။ အလျှင်းမသတ်ပါနှင့်။ သူသည် ကလေး၏မိခင်မှန်၏”ဟု စီရင်ပေးလေ၏။
28
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22