bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 11
1 Kings 11
Burmese MSBU
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
1
သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
2
ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။
3
ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
4
ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
5
ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
6
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ဆိုးညစ်သောအမှုကိုပြု၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားချေ။
7
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
8
မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။
9
ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။
10
ဤသို့ဖြင့် အခြားဘုရားများနောက်သို့မလိုက်ရန် သူ့အား ထာဝရဘုရားမိန့်မှာတော်မူသော်လည်း သူမနာခံခဲ့ပေ။
11
ထို့ကြောင့် ထာဝရဘုရားက ရှောလမုန်မင်းကြီးအား “သင်သည် ဤသို့ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်၊ ငါမိန့်မှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းသောကြောင့် စင်စစ် နိုင်ငံတော်ကို သင့်လက်မှရုပ်သိမ်းပြီး သင့်အစေအပါးလက်သို့ ငါအပ်မည်။
12
သို့သော် သင့်ခမည်းတော်ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သင့်လက်ထက်တွင် ငါမပြုသေး။ သင့်သားလက်ထက်မှ ငါပြုမည်။
13
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
14
ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
15
ဧဒုံပြည်၌ ဒါဝိဒ်မင်းကြီးရှိနေခဲ့စဉ်က စစ်ဗိုလ်ချုပ်ယွာဘသည် ကျဆုံးသူများကို သင်္ဂြိုဟ်ရန် ရောက်လာပြီး ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပစ်၏။
16
ယွာဘနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပြီးသည်အထိ ဧဒုံပြည်တွင် ခြောက်လတာမျှနေခဲ့၏။
17
ထိုစဉ်က ဟာဒဒ်သည် အသက်ငယ်သေး၏။ ဟာဒဒ်သည် ခမည်းတော်၏အမှုထမ်း ဧဒုံအမျိုးသားအချို့နှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးသွားခဲ့၏။
18
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
19
ဖာရောမင်းကြီးသည် ဟာဒဒ်ကို အလွန်သဘောကျသဖြင့် မိမိကြင်ရာတော်မိဖုရားတာပနက်၏ညီမနှင့် စုံဖက်ပေး၏။
20
တာပနက်၏ညီမသည် သားဂေနုဗတ်ကိုမွေးဖွား၏။ တာပနက်သည် ဂေနုဗတ်ကို ဖာရောမင်းကြီး၏နန်းတွင်းတွင် ကျွေးမွေးပြုစုထားသဖြင့် သူသည် ဖာရောမင်းကြီး၏သားတော်များနှင့်အတူ ဖာရောမင်းကြီး၏နန်းတွင်း၌ နေထိုင်ရလေ၏။
21
အီဂျစ်ပြည်၌ရှိသောဟာဒဒ်သည် ဒါဝိဒ်မင်းကြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွားပြီဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ယွာဘလည်း သေဆုံးသွားပြီဖြစ်ကြောင်းကို ကြားသိရသောအခါ ဟာဒဒ်က ဖာရောမင်းကြီးအား “အကျွန်ုပ်၏နေရင်းပြည်သို့ ပြန်သွားခွင့်ပြုပါ”ဟု တောင်းဆိုလေ၏။
22
ထိုအခါ ဖာရောမင်းကြီးက သူ့အား “ငါနှင့်နေရသည်မှာ မည်သည့်လိုအပ်ချက်ရှိ၍ ကိုယ့်ပြည်ကိုပြန်ချင်ရသနည်း”ဟု မေးသော်လည်း သူက “ဘာမျှမရှိပါ။ အကျွန်ုပ်ကို ပြန်ခွင့်ပြုပါ”ဟုသာ တောင်းဆို၏။
23
ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။
24
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
25
ရေဇုန်သည် ဆီးရီးယားပြည်တွင် ကြီးစိုး၏။ အစ္စရေးလူမျိုးတို့ကို ရွံမုန်းသဖြင့် ဟာဒဒ်ကဲ့သို့ အစ္စရေးလူမျိုးတို့ကို ဒုက္ခပေး၍ ရှောလမုန်မင်းကြီးလက်ထက်တစ်လျှောက်လုံး အစ္စရေးလူမျိုးတို့ကို ရန်မူလေ၏။
26
ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။
27
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လော ကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
28
ယေရောဗောင်သည် လုပ်ရည်ကိုင်ရည်ရှိသူဖြစ်၏။ ရှောလမုန်မင်းကြီးသည် ဤသို့ အလုပ်ကြိုးစားသောထိုလူငယ်ကိုမြင်လျှင် ယောသပ်အမျိုးအနွယ်တို့တာဝန်ယူရသောအလုပ်ဟူသမျှကို ကြီးကြပ်သူအဖြစ်ခွဲခန့်ထား၏။
29
တစ်နေ့တွင် ယေရောဗောင်သည် ဂျေရုဆလင်မြို့ပြင်သို့ထွက်လာရာ လမ်းတွင် ဝတ်ရုံအသစ်ဝတ်ဆင်ထားသော ရှိလောမြို့သား၊ ပရောဖက်အဟိယနှင့်ဆုံ၏။ မြို့ပြင်တွင် သူတို့နှစ်ဦးသာရှိနေစဉ်
30
အဟိယသည် မိမိကိုယ်ပေါ်မှ ဝတ်ရုံအသစ်ကိုကိုင်၍ တစ်ဆယ့်နှစ်ပိုင်း ဆုတ်ဖြဲပြီးလျှင်
31
ယေရောဗောင်အား “ဤအဝတ်စဆယ်ပိုင်းကို သင်ယူထားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ရှောလမုန်မင်းကြီးလက်မှ နိုင်ငံကိုရုပ်သိမ်းပြီး မျိုးနွယ်ဆယ်နွယ်ကို သင့်အားပေးမည်။
32
ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် အစ္စရေးမျိုးနွယ်ပိုင်မြို့အားလုံးထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့ကို ထောက်ထားပြီး မျိုးနွယ်တစ်နွယ်ကို သူ့အဖို့ ချန်ထားမည်။
33
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
34
သို့သော် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းသော၊ ငါရွေးချယ်သော ငါ့အစေအပါး ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သူ့လက်မှ နိုင်ငံတော်တစ်ခုလုံးကို မရုပ်သိမ်း။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုအုပ်စိုးစေမည်။
35
သူ့သားလက်ထက်ရောက်မှ နိုင်ငံတော်ကို ငါရုပ်သိမ်းမည်။ ပြီးလျှင် မျိုးနွယ်ဆယ်နွယ်ကို သင့်အား ငါပေးမည်။
36
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
37
သင့်ကို ငါရွေးကောက်မည်။ သင်သည် စိတ်အလိုရှိသည့်အတိုင်းအုပ်စိုး၍ အစ္စရေးလူမျိုးတို့၏ဘုရင်ဖြစ်မည်။
38
ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။
39
ဤအတွက်ကြောင့် ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်ကို ငါချိုးနှိမ်မည်ဖြစ်သော်လည်း အစဉ်အမြဲပြုမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
40
ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
41
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
42
ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကိုအုပ်စိုးခဲ့သည့် နှစ်ကာလမှာ နှစ်ပေါင်းလေးဆယ်ဖြစ်၏။
43
ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22