bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 7
1 Kings 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
1
ရှောလမုန်မင်းကြီးသည် မိမိနန်းတော်ကိုလည်းတည်ဆောက်ရာ တစ်ဆယ့်သုံးနှစ်အကြာတွင် နန်းတော်တစ်ခုလုံး ပြီးစီးလေ၏။
2
အလျားအတောင်တစ်ရာ ၊ အနံအတောင်ငါးဆယ် ၊ အမြင့်အတောင်သုံးဆယ် ရှိသော လက်ဘနွန်တောစံနန်းဆောင်ကို တည်ဆောက်၏။ သစ်ကတိုးသားတိုင်လေးတန်းတန်းပြီး ထိုတိုင်များပေါ်တွင် ရက်မများကို တင်ထား၏။
3
တိုင်အပေါ်ရှိ ရက်မများကို သစ်ကတိုးသားများဖြင့် မိုးထား၏။ တစ်တန်းလျှင် တစ်ဆယ့်ငါးခုစီရှိ၍ တိုင်ပေါင်းလေးဆယ့်ငါးတိုင်ရှိ၏။
4
ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
5
အဝင်ဝတံခါးနှင့် တံခါးတိုင်ရှိသမျှတို့တွင် စတုရန်းပုံလေးထောင့်ကွက်များပါရှိပြီး ပြတင်းပေါက်သုံးတန်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။
6
တိုင်လုံးများပါရှိသည့် အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော နန်းတော်ခန်းမဆောင်ကိုလည်း ဆောက်လုပ်၏။ ထိုတိုင်လုံးများ၏မျက်နှာစာတွင် တိုင်များနှင့်အမိုးပါသောဆင်ဝင်ဆောင်လည်း ရှိ၏။
7
တရားစီရင်ရာ တရားပလ္လင်ခန်းမဆောင်ကိုလည်း တည်ဆောက်၏။ ထိုတရားစီရင်ရာခန်းမဆောင်သည် ကြမ်းခင်းမှဒိုင်းအထိ သစ်ကတိုးသားများဖြင့် ပြီးလေ၏။
8
မိမိစံမြန်းရာနန်းဆောင်ကို ထိုခန်းမဆောင်၏အနောက်ဘက်ဝင်းတွင် ထိုပုံစံအတိုင်း ဆောက်လုပ်၏။ မိမိစုံဖက်ထားသော ဖာရောမင်းကြီး၏သမီးတော်စံမြန်းရာနန်းဆောင်ကိုလည်း ထိုခန်းမဆောင်ပုံစံအတိုင်း ဆောက်လုပ်ပေး၏။
9
အုတ်မြစ်မှအစ တံစက်မြိတ်အဆုံး၊ အပြင်ဘက်မှအစ တံတိုင်းကြီးအဆုံး နန်းတွင်းနန်းပြင်အလုံးစုံကို အရွယ်အစားအလိုက် လွှဖြင့်တိုက်ဖြတ်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များဖြင့် ဆောက်လုပ်ထား၏။
10
ကျောက်ကောင်းကျောက်မြတ်များ၊ ကျောက်တုံးကြီးများဖြင့် အုတ်မြစ်ကို ချထားပြီး ထိုကျောက်တုံးများမှာ ရှစ်တောင် ၊ ဆယ်တောင် စသည်ဖြင့်ရှိ၏။
11
ထိုအုတ်မြစ်အပေါ်တွင် အရွယ်အစားအလိုက်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များနှင့် သစ်ကတိုးသားများကို အသုံးပြုထား၏။
12
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
13
ထို့နောက် ရှောလမုန်မင်းကြီးသည် တိုင်ရာမြို့မှ ဟိရံကို လူလွှတ်ခေါ်စေ၏။
14
ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။
15
သူသည် အမြင့်တစ်ဆယ့်ရှစ်တောင် ၊ လုံးပတ်တစ်ဆယ့်နှစ်တောင် ရှိသော ကြေးနီတိုင်နှစ်တိုင်ကို သွန်းလုပ်၏။
16
တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင် ရှိ၏။
17
တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။
18
တိုင်နှင့်တကွ သလဲသီးပုံအလုံးများကို သွန်းလုပ်ပြီး တိုင်ထိပ်အုပ်နှစ်ခုစလုံးရှိ ရာဇမတ်ကွက်တွင် သလဲသီးအတန်းနှစ်တန်းရစ်ပတ်ထားခြင်းဖြင့် အလှဆင်ထား၏။
19
တိုင်ထိပ်ရှိ တိုင်ထိပ်အုပ်ပေါ်၌ အမြင့်လေးတောင် ရှိသောနှင်းပန်းပုံပါရှိ၏။ ထိုတိုင်တို့သည် ဆင်ဝင်တစ်ဖက်တစ်ချက်တွင်ရှိ၏။
20
တိုင်နှစ်တိုင်လုံး၏ထိပ်အုပ်တစ်ခုစီရှိ ရာဇမတ်ကွက်ဖော်ထားသည့်အလုံးနှင့်ဆက်သောနေရာပတ်ပတ်လည်တွင် သလဲသီးပုံအလုံးနှစ်ရာစီရှိ၏။
21
ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။
22
တိုင်ထိပ်တွင် နှင်းပန်းပုံဖော်ထား၏။ ဤသို့ဖြင့် ကြေးတိုင်သွန်းလုပ်ခြင်းအမှု ပြီးစီးလေ၏။
23
အချင်းအတောင်တစ်ဆယ် ရှိ၍ အမြင့်ငါးတောင် ၊ လုံးပတ်အတောင်သုံးဆယ် ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
24
ရေကန်အဝ၏အောက်နားတွင် သစ်သီးပုံကို တစ်တောင် လျှင်ဆယ်လုံးစီ ပတ်ပတ်လည် ထွင်းထုထား၏။ သစ်သီးပုံအတန်းနှစ်တန်းရှိပြီး ရေကန်နှင့်တစ်သားတည်းဖြစ်အောင် သွန်းလုပ်ထား၏။
25
ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
26
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာ ရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
27
ထို့ပြင် ကြေးနီတွန်းလှည်းဆယ်ခုကိုလည်း သွန်းလုပ်၏။ တွန်းလှည်းတစ်ခုစီသည် အလျားလေးတောင် ၊ အနံလေးတောင်၊ အမြင့်သုံးတောင် ရှိ၏။
28
ထိုတွန်းလှည်းများ၏ပုံစံမှာ ကြေးနီပြားဘေးဘောင်များပါရှိ၏။ ထိုကြေးနီပြားများကို ဘောင်ကွပ်ထား၏။
29
ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ် ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
30
တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
31
လှည်းအိမ်အတွင်းမှ အင်တုံအဝရှိ ထိပ်ကွပ်အထိ အမြင့်တစ်တောင်ရှိ၏။ လှည်းအိမ်အဝသည် အောက်ခံကဲ့သို့ အဝိုင်းဖြစ်၍ အချင်းတစ်တောင် ခွဲရှိ၏။ လှည်းအိမ်အဝပတ်ပတ်လည်တွင် အရုပ်ထွင်းထုထား၍ ဘောင်သည် အဝိုင်းမဟုတ်၊ စတုရန်းပုံဖြစ်၏။
32
ဘီးလေးဘီးသည် ဘောင်များ၏အောက်၌ရှိပြီး ဘီးများ၏ဝင်ရိုးသည် လှည်းကိုယ်ထည်နှင့် ဆက်ထား၏။ ဘီးတစ်ဘီးစီ၏အမြင့်မှာ တစ်တောင်ခွဲရှိ၏။
33
ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
34
တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။
35
တွန်းလှည်း၏အပေါ်ဘက်တွင် တစ်ထွာ ခန့်ထူသောခွေဖြင့် ကွပ်ထား၏။ တွန်းလှည်းအပေါ်ဘက်ရှိ လက်ကိုင်များသည် ဘောင်များနှင့် တစ်သားတည်းသွန်းထား၏။
36
လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ် ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။
37
တွန်းလှည်းဆယ်ခုစလုံးကို ထိုအတိုင်း သွန်းလုပ်သောကြောင့် ပုံစံတူ၊ အရွယ်အစားတူဖြစ်၏။
38
တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီ တင်ထား၏။
39
ထို့နောက် တွန်းလှည်းငါးခုကို အိမ်တော်၏ယာဘက်ခြမ်း၌လည်းကောင်း၊ ကျန်ငါးခုကို ဝဲဘက်ခြမ်း၌လည်းကောင်း နေရာချထား၏။ ရေကန်ကိုမူ အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။
40
ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
41
တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊
42
ထိုရာဇမတ်ကွက်နှစ်ခုကို အလှဆင်ဖို့ သလဲသီးပုံအလုံးလေးရာ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ဖို့ ရာဇမတ်ကွက်တစ်ခုစီအတွက်သလဲသီးပုံအတန်းနှစ်တန်း၊
43
တွန်းလှည်းဆယ်စီးနှင့် တွန်းလှည်းပေါ်တင်ထားရန် အင်တုံဆယ်လုံး၊
44
ရေကန်တစ်ကန်နှင့် ရေကန်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ကောင်၊
45
အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
46
ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့် ဇာရတန်မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့စေးမြေအရပ်၌ သွန်းလုပ်၏။
47
ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
48
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
49
သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
50
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
51
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22