bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 1
2 Samuel 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
2
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
3
ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
4
ဒါဝိဒ်ကလည်း သူ့အား “မည်သို့ဖြစ်ပျက်ခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆိုလျှင် သူက “စစ်သည်တို့သည် စစ်ပွဲမှ ထွက်ပြေးကြရပါ၏။ စစ်သည်အများအပြား လဲကျသေဆုံးကြရပါ၏။ ရှောလုမင်းကြီးနှင့်သူ့သားယောနသန်လည်း သေသွားပါပြီ”ဟု ပြောပြ၏။
5
ဒါဝိဒ်က သတင်းကြားပြောသောလူငယ်အား “ရှောလုမင်းကြီးနှင့် သူ့သားယောနသန် သေဆုံးသည်ကို သင်မည်သို့သိသနည်း”ဟု မေးလျှင်
6
သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။
7
ရှောလုမင်းကြီးသည် အနောက်ကိုလှည့်ကြည့်၍ အကျွန်ုပ်ကို မြင်လျှင် လှမ်းခေါ်ပါ၏။ အကျွန်ုပ်ကလည်း ‘အကျွန်ုပ်ရှိပါ၏’ဟု ထူးပါ၏။
8
သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။
9
သူကလည်း ‘ငါ့နားသို့လာပြီး ငါ့ကို သတ်လိုက်ပါ။ ငါသည် ဝေဒနာ မချိမဆံ့ခံနေရပါ၏။ အသက်လည်း မထွက်နိုင်သေးပါ’ဟု ဆို၏။
10
အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
11
ထိုအခါ ဒါဝိဒ်သည် မိမိဝတ်ထားသောအဝတ်ကို ဆွဲဆုတ်ပစ်၏။ သူ့နောက်လိုက်အပေါင်းတို့သည်လည်း ထိုနည်းတူ ပြုကြပြီးလျှင်
12
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
13
ထို့နောက် ဒါဝိဒ်က မိမိကိုသတင်းကြားပြောသောလူငယ်အား “သင် အဘယ်ကနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် တိုင်းတစ်ပါးသားအာမလက်လူမျိုး ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
14
ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
15
ဒါဝိဒ်သည် ငယ်သားတစ်ဦးကို ခေါ်၍ “သူ့ကို သွားသတ်ပစ်လိုက်”ဟု ဆို၏။ ငယ်သားကလည်း ထိုသူကို သတ်သဖြင့် ထိုသူသေလေ၏။
16
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
17
ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။
18
ဤ “လေးတော်” ငိုချင်းကို ယုဒအမျိုးသားတို့ကိုပါ သင်ကြားစေ၏။ ယာရှာ ကျမ်းတွင်လည်း ရေးမှတ်ထားစေ၏။
19
“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
20
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
21
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
22
ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။
23
လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
24
အို အစ္စရေးသမီးပျိုတို့၊ သင်တို့ကို ကတ္တီပါနီနှင့် ဝတ်ကောင်းစားလှများဖြင့် ဆင်ယင်ပေးခဲ့သော၊ သင်တို့၏အဝတ်များတွင် ရွှေထည်များကို တန်ဆာဆင်ပေးခဲ့သော ရှောလုမင်းကြီးအဖို့ ငိုကြွေးကြလော့။
25
စစ်သူရဲတို့သည် စစ်ပွဲအလယ်တွင် ကျရှုံးရပါပြီတကား။ ယောနသန်သည် ကုန်းမြင့်ပေါ်တွင် အသတ်ခံရပါပြီတကား။
26
ငါ့အစ်ကိုယောနသန်၊ သင့်အဖို့ ငါကြေကွဲရပါပြီတကား။ သင်သည် ငါ့အဖို့ အလွန်နှစ်သက်ဖွယ်ကောင်းသောသူ ဖြစ်ခဲ့ပါ၏။ သင် ငါ့ကိုချစ်သောအချစ်မှာလည်း အံ့ဖွယ်ဖြစ်ပါ၏။ မိန်းမတို့ ချစ်သောအချစ်ထက် သာလွန်ပါ၏။
27
သူရဲကောင်းတို့ ကျရှုံးလေပြီတကား။ စစ်လက်နက်တို့ ပျက်စီးလေပြီတကား”ဟူ၍ ဖြစ်သတည်း။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24