bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 22
2 Samuel 22
Burmese MSBU
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
2
“ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊
3
ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။
4
ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
5
အကယ်စင်စစ် သေခြင်းလှိုင်းလုံးတို့သည် ငါ့ကိုဝိုင်းရံထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
6
မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
7
ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း နားတော်သို့ရောက်ပါ၏။
8
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
9
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
10
ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
11
ကိုယ်တော်သည် ခေရုဗိမ် ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံပေါ်တွင် ကိုယ်တော်ကို ဖူးမြင်ရ၏။
12
ကိုယ်တော်သည် မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုဖြင့် ကိုယ်ကိုပတ်လည်ခြံရံစေတော်မူ၏။
13
ရှေ့တော်ရှိ ရောင်ခြည်တော်ကြောင့် မီးခဲများတောက်လောင်ရပါ၏။
14
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် အသံကို လွှင့်တော်မူ၏။
15
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့အား ကွဲလွင့်စေတော်မူ၏။ လျှပ်စီးကိုလက်စေ၍ သူတို့အား ကစဥ့်ကလျားဖြစ်စေတော်မူ၏။
16
ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
17
ကိုယ်တော်သည် အထက်အရပ်မှလှမ်း၍ ငါ့ကိုဆွဲကိုင်တော်မူ၏။ ရေထုထဲမှလည်း ငါ့ကို ဆယ်ယူတော်မူ၏။
18
ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
19
ငါဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ငါ့ကို တိုက်ခိုက်ကြသော်လည်း ထာဝရဘုရားသည် ငါ့ကို ထောက်မတော်မူ၏။
20
ကိုယ်တော်သည် ငါ့ကို ကျယ်ဝန်းသောအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသောကြောင့် ကယ်မတော်မူ၏။
21
ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
22
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
23
အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။
24
ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
25
ထို့ကြောင့် ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ၊ ကိုယ်တော်၏မျက်မှောက်တော်၌ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကိုချီးမြှောက်တော်မူ၏။
26
ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြတော်မူ၏။
27
သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။
28
ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။
29
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
30
အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
31
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
32
အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
33
ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
34
ငါ၏ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
35
ငါ၏လက်ကို စစ်ရေး၌လေ့ကျက်စေတော်မူသဖြင့် ငါ၏လက်ရုံးသည် ကြေးဝါလေးကိုတင်နိုင်၏။
36
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
37
ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။
38
အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကို လိုက်၍ သုတ်သင်ခဲ့ပါ၏။ သူတို့ကိုအပြီးသတ်မသုတ်သင်မီတိုင်အောင် နောက်ပြန်မလှည့်ခဲ့ပါ။
39
အကျွန်ုပ်သည် သူတို့ကို အပြီးသတ်သုတ်သင်ခဲ့ပါ၏။ သူတို့မထနိုင်အောင်ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင်လဲကျခဲ့ကြပါ၏။
40
ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်၏အောက်တွင် ညွတ်တွားစေတော်မူ၏။
41
အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ် ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။
42
သူတို့သည် မျှော်ကြည့်သော်လည်း ကယ်တင်မည့်သူ မရှိပါ။ ထာဝရဘုရားထံမျှော်ကြည့်သော်လည်း သူတို့ကို ထူးတော်မမူပါ။
43
ထိုအခါ အကျွန်ုပ်သည် သူတို့ကို မြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုဖိနင်းပါ၏။
44
ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သောလူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူးအဖြစ် အကျွန်ုပ်ကို စောင့်ရှောက်တော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည်လည်း အကျွန်ုပ်ကိုအစေခံကြပါ၏။
45
တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပြီး အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။
46
တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
47
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
48
ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
49
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
50
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
51
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24