bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 3
2 Samuel 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
2
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူ အဟိနောင်နှင့်ရသောအာမနုန်၊
3
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
4
စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊ ပဉ္စမသားမှာ အဘိတလနှင့်ရသောရှေဖတိ၊
5
ဆဋ္ဌမသားမှာ ဒါဝိဒ်မင်းကြီး၏မယား ဧဂလာနှင့်ရသောဣသရံ တို့ဖြစ်ကြ၏။ ဤသူတို့သည် ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားများ ဖြစ်ကြ၏။
6
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့ စစ်ဖြစ်နေစဉ်ကာလတွင် အာဗနာသည် ရှောလုမင်းကြီးအမျိုးအနွယ်ထဲ၌ သြဇာအာဏာကြီးသူဖြစ်အောင် ကြိုးစားလေ၏။
7
ရှောလုမင်းကြီးတွင် အာယ၏သမီး ရိဇပ အမည်ရှိသောမောင်းမတစ်ဦးရှိ၏။ ဣရှဗောရှက်က အာဗနာအား “သင်သည် အဘယ်ကြောင့် ငါ့ခမည်းတော်၏မောင်းမထံ ဝင်ရသနည်း”ဟု မေးလျှင်
8
ဣရှဗောရှက်မင်းကြီး၏စကားကြောင့် အာဗနာ အလွန်အမျက်ထွက်ပြီး “ငါ့ကို ယုဒအမျိုး၏ခွေးခေါင်းများမှတ်နေသလော။ ယခု ငါသည် သင့်ဖခင်ရှောလုမင်းကြီး၏အမျိုးအနွယ်နှင့် သူ့ညီအစ်ကို၊ သူ့မိတ်ဆွေတို့ကို မေတ္တာပြခဲ့၏။ သင့်ကိုလည်း ဒါဝိဒ်မင်းကြီးလက်သို့ မအပ်။ သို့သော် ယနေ့ မိန်းမတစ်ယောက်နှင့်ဆိုင်သောအမှားအတွက် ငါ့အား အပြစ်တင်ရသလော။
9
ဒါဝိဒ်မင်းကြီးအား ထာဝရဘုရား ကျိန်ဆိုထားသည့်အတိုင်း သူ့အတွက် ငါမပြုခဲ့လျှင် ဘုရားသခင်သည် ငါအာဗနာကို စီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော။
10
ဘုရားသခင်သည် နိုင်ငံတော်ကို ရှောလုမင်းကြီး၏အမျိုးအနွယ်လက်မှရုပ်သိမ်းပြီး ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးပြည်၊ ယုဒပြည်တို့တွင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ကို တည်စေတော်မူမည်”ဟု ဆိုလျှင်
11
ဣရှဗောရှက်သည် အာဗနာကို ကြောက်သောကြောင့် စကားတစ်ခွန်းမျှ မတုံ့ပြန်ဝံ့တော့ပေ။
12
ထို့နောက် အာဗနာသည် မိမိကိုယ်စား ဒါဝိဒ်မင်းကြီးထံ တမန်ကိုလွှတ်၍ “ဤပြည်ကို မည်သူပိုင်သနည်း။ အကျွန်ုပ်နှင့် မဟာမိတ်ဖွဲ့ပါလော့။ အစ္စရေးလူမျိုးတစ်မျိုးလုံး အရှင့်ဘက်ပါလာအောင် အကျွန်ုပ်ကူညီပါမည်”ဟု လျှောက်စေ၏။
13
ဒါဝိဒ်မင်းကြီးကလည်း “ကောင်းပြီ။ သင်နှင့် မဟာမိတ်ဖွဲ့မည်။ သို့ရာတွင် သင့်ကို တစ်ခုတောင်းဆိုမည်။ ငါ့ထံသို့ သင်လာသောအခါ ရှောလုမင်းကြီး၏သမီး မိခါလကို မခေါ်လာလျှင် ငါ့မျက်နှာကို သင်မြင်ရမည်မဟုတ်”ဟု ပြန်ပြော၏။
14
ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
15
ထို့ကြောင့် ဣရှဗောရှက်မင်းကြီးသည် လူလွှတ်၍ မိခါလကို သူ့ယောက်ျားဖြစ်သော လဲရှ၏သား ပါလတေလထံမှ ပြန်ခေါ်လာစေ၏။
16
သူ့ခင်ပွန်းသည်လည်း ငိုကြွေးလျက် ဗာဟုရိမ်မြို့တိုင်အောင် သူနှင့်အတူလိုက်လာ၏။ အာဗနာက သူ့အား “ပြန်သွားပါ”ဟု ဆိုမှ သူပြန်သွားလေ၏။
17
ထို့နောက် အာဗနာက အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တိုင်ပင်ဆွေးနွေးပြီး “သင်တို့သည် ဒါဝိဒ်မင်းကြီးကို ယခင်ကတည်းကပင် မင်းမြှောက်လိုကြ၏။
18
ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
19
အာဗနာသည် ဗင်္ယာမိန်အမျိုးအနွယ်တို့နှင့်လည်း တိုင်ပင်ပြောဆိုခဲ့၏။ ထို့နောက် အစ္စရေးလူမျိုးအပါအဝင် ဗင်္ယာမိန်တစ်မျိုးနွယ်လုံး၏ကောင်းသောထင်မြင်ချက်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား တင်ပြရန် ဒါဝိဒ်မင်းကြီးရှိရာဟေဗြုန်မြို့သို့ သွားလေ၏။
20
အာဗနာနှင့် သူ့လူအယောက်နှစ်ဆယ်တို့သည် ဒါဝိဒ်မင်းကြီးရှိရာဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် အာဗနာနှင့် သူ့လူတို့အတွက် စားသောက်ပွဲကျင်းပပေး၏။
21
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။
22
ထိုစဉ်တွင်ပင် ယွာဘနှင့်ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် စစ်တိုက်ရာမှ ပြန်ရောက်လာကြ၏။ တိုက်ရာပါပစ္စည်းလည်း အများအပြားယူလာကြ၏။ သို့သော် အာဗနာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ဟေဗြုန်မြို့တွင် မရှိတော့ချေ။ ဒါဝိဒ်မင်းကြီး ပြန်ခွင့်ပြုသောကြောင့် အေးချမ်းစွာထွက်သွားနှင့်ပြီ။
23
ယွာဘနှင့် သူ့တပ်ဖွဲ့ ပြန်ရောက်လာသောအခါ “နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံရောက်ခဲ့လေပြီ။ ရှင်ဘုရင်က သူ့ကိုပြန်သွားခွင့်ပြုသဖြင့် သူသည် အေးချမ်းစွာပြန်သွားပြီ”ဟု သူ့အား ကြားပြောကြ၏။
24
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသွား၍ “အရှင်မင်းကြီး မည်သို့ပြုဘိသနည်း။ အာဗနာသည် အရှင့်ထံလာပြီးမှ သူ့ကိုအဘယ်ကြောင့် ပြန်သွားခွင့်ပြုသနည်း။ ယခုမှာ သူလွတ်သွားပြီ။
25
နေရ၏သား အာဗနာအကြောင်းကို အရှင်သိပါ၏။ အရှင့်ကိုလှည့်စားရန်အတွက်၊ အရှင်ဝင်ထွက်သွားလာသမျှ၊ လုပ်ဆောင်သမျှတို့ကိုသိရှိရန်အတွက် ရောက်လာခြင်းသာဖြစ်၏”ဟု လျှောက်လေ၏။
26
ထို့နောက် ယွာဘသည် ဒါဝိဒ်မင်းကြီးထံမှထွက်သွားပြီး အာဗနာနောက်သို့တမန်တို့ကိုစေလွှတ်၍ သူတို့သည် သူ့အား သိရရေတွင်းနားမှ ပြန်ခေါ်လာကြ၏။ ထိုအမှုကို ဒါဝိဒ်မင်းကြီးမသိ။
27
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
28
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
29
ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။
30
ယွာဘနှင့် သူ့ညီအဘိရှဲတို့သည် အာဗနာကိုသတ်လေ၏။ အကြောင်းမူကား ဂိဗောင်တိုက်ပွဲတွင် အာဗနာသည် သူတို့၏ညီ အာသဟေလကို သတ်သောကြောင့်ဖြစ်၏။
31
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
32
အာဗနာကို ဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ ရှင်ဘုရင်သည် အာဗနာ၏သင်္ချိုင်းဂူနားတွင် ကျယ်လောင်စွာငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြလေ၏။
33
ရှင်ဘုရင်သည် အာဗနာအတွက် ငိုချင်းချရင်း “အာဗနာသည် လူမိုက်သေသကဲ့သို့ သေရပါပြီတကား။
34
သင့်လက်ကိုမချုပ်နှောင်၊ သင့်ခြေကို ခြေချင်းမခတ်ဘဲ ကောက်ကျစ်သောသူ၏လက်ချက်ဖြင့် သင်သေရပါပြီတကား”ဟု ဆိုသဖြင့် လူအပေါင်းတို့သည် ထပ်မံငိုကြွေးကြပြန်၏။
35
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
36
လူအပေါင်းတို့သည် ရှင်ဘုရင်ပြုသမျှကို သဘောကျနှစ်သက်ကြသည့်အတိုင်း ဤသို့ဒါဝိဒ်မင်းကြီးကျိန်ဆိုသည်ကိုလည်း နှစ်သက်လျက် မှတ်သားထားကြလေ၏။
37
ထိုနေ့တွင် အစ္စရေးလူမျိုးအားလုံးအပါအဝင် လူအပေါင်းတို့သည် နေရ၏သား အာဗနာသေဆုံးခြင်းအမှုမှာ ရှင်ဘုရင်နှင့်မသက်ဆိုင်ကြောင်းကို သိကြလေ၏။
38
ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
39
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24