bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 23
2 Samuel 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
ဒါဝိဒ်မင်းကြီးနောက်ဆုံးမိန့်ဆိုခဲ့သောစကား။ ယေရှဲ၏သား ဒါဝိဒ်မင်းကြီးမိန့်ဆိုခဲ့သောနိမိတ်စကား။ အမြင့်ဆုံးသို့ ချီးမြှောက်ခြင်းခံရသူ၊ ယာကုပ်၏ဘုရားသခင် ဘိသိက်ပေးထားသူ၊ အသာယာဆုံးအစ္စရေးသီချင်းကိုရေးစပ်သီဆိုသူ မိန့်ဆိုခဲ့သောနိမိတ်စကားများကား ဤသို့တည်း။
2
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
3
အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည်
4
နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
5
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
6
ဆိုးညစ်သောသူတို့မူကား လက်နှင့်ကိုင်၍မရသောဆူးပင်နှင့်တူ၏။ အားလုံးကော်ထုတ်ပစ်ခြင်းခံရမည်။
7
ထိုဆူးပင်ကိုကိုင်မည်ဆိုလျှင် သံချွန်၊ လှံတံတို့ဖြင့် ကိုင်ရ၏။ ပေါက်ရာအရပ်၌ပင် မီးရှို့ပစ်ခြင်း ခံရမည်။”
8
ဒါဝိဒ်မင်းကြီး၏သူရဲကောင်း၏အမည်များမှာ ဤသို့တည်း။ တာခမောနိအမျိုး ယာရှောဘာရှိဗက်သည် သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင်ဖြစ်၏။ သူသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်ရှစ်ရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
9
သူရဲကောင်း နောက်တစ်ဦးမှာ အဟောဟိ၏မြေး၊ ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ စစ်တိုက်ရန် ချီလာသောဖိလိတ္တိလူမျိုးတို့ကို ဒါဝိဒ်မင်းကြီးနှင့်အတူစိန်ခေါ်ခဲ့သူ သူရဲကောင်းသုံးဦးတွင် သူလည်း အပါအဝင်ဖြစ်၏။ အစ္စရေးအမျိုးသားတို့ ဆုတ်ခွာသွားသောအခါ
10
သူသည် မဆုတ်ဘဲ လက်ကိုဓားမှပြန်ခွာ၍မရအောင် လက်အန်သေသည်အထိ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထိုနေ့တွင် ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ စစ်သည်တို့သည်ပင် တိုက်ရာပါပစ္စည်းများကို သိမ်းယူဖို့ရန် ပြန်လှည့်လာကြရ၏။
11
နောက်တစ်ဦးမှာ ဟာရရိအမျိုး၊ အာဂိ၏သား ရှမ္မဖြစ်၏။ ဖိလိတ္တိလူမျိုးတို့ စုဝေးချီတက်လာရာ ပဲနီခင်းတစ်ခင်းသို့ ရောက်လာ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်ကြသော်လည်း
12
ရှမ္မသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
13
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
14
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
15
ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင်
16
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
17
“အို ထာဝရဘုရား၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော”ဟု ဆိုလျက် ထိုရေကိုမသောက်ဘဲနေလေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။
18
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကြီး၏။
19
သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် အစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။
20
ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
21
သန်မာထွားကျိုင်းသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ လှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
22
ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူလည်း နာမည်ကျော်စော၏။
23
သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကို မမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။
24
ယွာဘ၏ညီ အာသဟေလသည် စစ်သူရဲအယောက်သုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်၏။ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
25
ဟရောဒိလူမျိုး ရှမ္မ၊ ဟရောဒိလူမျိုး ဧလိက၊
26
ဖာလတိလူမျိုး ဟေလက်၊ တေကောလူမျိုး ဣကေရှ၏သား ဣရ၊
27
အနေသောသိလူမျိုး အဗျေဇာ၊ ဟုရှသိလူမျိုး မေဗုန္နဲ၊
28
အဟောဟိလူမျိုး ဇာလမုန်၊ နေတောဖာသိလူမျိုး မဟာရဲ၊
29
နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊ ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊
30
ပိရသုန်မြို့သား ဗေနာယ၊ ဂါရှချိုင့်ဝှမ်းမှ ဟိဒ္ဒဲ၊
31
အာဗသိလူမျိုး အဗျာလဗုန်၊ ဗာဟုမိလူမျိုး အာဇမာဝက်၊
32
ရှာလဗောနိလူမျိုး ဧလျာဘ၊ ယာရှင်သားမြေး ယောနသန်၊
33
ဟာရရိလူမျိုး ရှမ္မ၊ ဟာရရိလူမျိုး ရှာရ၏သား အဟိအံ၊
34
မာခါသိလူမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိလူမျိုး အဟိသောဖေလ၏သား ဧလျံ၊
35
ကရမေလိလူမျိုး ဟေဇရဲ၊ အာဘိလူမျိုး ဖာရဲ၊
36
ဇောဘလူမျိုး နာသန်၏သား ဣဂါလ၊ ဂဒ်လူမျိုး ဗာနိ၊
37
အမ္မုန်လူမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ကိုင် ဗေရောသိလူမျိုး နဟာရဲ၊
38
ဣသရိလူမျိုး ဣရ၊ ဣသရိလူမျိုး ဂါရက်၊
39
ဟိတ္တိလူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်ခုနစ်ဦး ရှိသတည်း။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24