bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 5
2 Samuel 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
1
အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
2
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
3
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် သူတို့သည်လည်း ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
4
ဒါဝိဒ်သည် သက်တော်သုံးဆယ်တွင် နန်းတက်၍ အနှစ်လေးဆယ် စိုးစံလေ၏။
5
ဟေဗြုန်မြို့တွင် ယုဒလူမျိုးကို ခုနစ်နှစ်နှင့် ခြောက်လ၊ ဂျေရုဆလင်မြို့တွင် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့ကို သုံးဆယ့်သုံးနှစ် စိုးစံလေ၏။
6
တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။
7
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
8
ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။
9
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လော မှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
10
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။
11
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
12
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
13
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
14
ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားတော်များ၏အမည်မှာ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
15
ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16
ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက် ဟူ၍ဖြစ်၏။
17
ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် ခံတပ်ရှိရာသို့ ဆင်းသွား၏။
18
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
19
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအမှန်အပ်မည်”ဟု မိန့်တော်မူ၏။
20
ဒါဝိဒ်မင်းကြီးသည် ဗာလပေရဇိမ်အရပ်သို့ ချီသွား၍ ထိုနေရာတွင် သူတို့ကို တိုက်ခိုက်လေ၏။ ဒါဝိဒ်မင်းကြီးက “ထာဝရဘုရားသည် ငါ့ရန်သူကို ရေကာတာကျိုးပေါက်ပျက်စီးသွားသကဲ့သို့ ငါ့ရှေ့တွင် ပျက်စီးစေလေပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုနေရာကို ဗာလပေရဇိမ် ဟုအမည်မှည့်ခေါ်လေ၏။
21
ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
22
ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြပြန်၏။
23
ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
24
ပိုးစာပင်ထိပ်ဖျားမှ စစ်ချီသံကြားလျှင် အလျင်အမြန်ထွက်တိုက်လော့။ အကြောင်းမူကား ထာဝရဘုရားသည် ဖိလိတ္တိတပ်ကို တိုက်ခိုက်ရန် သင့်ရှေ့မှကြွတော်မူပြီ”ဟု မိန့်တော်မူရာ
25
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိလူမျိုးတို့ကို ဂေဗမြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24