bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 18
2 Samuel 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
ဒါဝိဒ်မင်းကြီးသည် မိမိနှင့်အတူပါလာသောလူတို့ကို ရေတွက်ပြီး သူတို့ကို အုပ်ချုပ်ရန် လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်တို့ကို ခန့်ထား၏။
2
ထို့နောက် လူသုံးပုံတစ်ပုံကို ယွာဘလက်အောက်သို့လည်းကောင်း၊ နောက်သုံးပုံတစ်ပုံကို ယွာဘညီ ဇေရုယာ၏သား အဘိရှဲလက်အောက်သို့လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံကို ဂိတ္တိလူမျိုး အိတ္တဲလက်အောက်သို့လည်းကောင်း နေရာချထားပေး၏။ ထို့နောက် ရှင်ဘုရင်က သူတို့အား “ငါကိုယ်တိုင် သင်တို့နှင့်အတူ ဆက်ဆက်ချီတက်မည်”ဟု မိန့်ဆို၏။
3
သို့သော် သူတို့က “အရှင်မင်းကြီး ချီတော်မမူပါနှင့်။ စင်စစ် အကျွန်ုပ်တို့ ထွက်ပြေးသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အကျွန်ုပ်တို့ တစ်ဝက်မျှ သေသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အရှင်မင်းကြီးတစ်ပါးတည်းသည် အကျွန်ုပ်တို့ လူတစ်သောင်းနှင့် ညီမျှပါ၏။ အရှင်မင်းကြီး မြို့ထဲ၌နေရစ်ပြီး အကျွန်ုပ်တို့ကို ကူညီခြင်းက ပိုကောင်းပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
4
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့ ကောင်းမည်ထင်သည့်အတိုင်း ငါပြုပါမည်”ဟု မိန့်ဆိုပြီး မြို့တံခါးနားတွင် ရပ်နေခဲ့၏။ လူအပေါင်းတို့မူကား ရာအုပ်လိုက်၊ ထောင်အုပ်လိုက် ချီသွားကြလေ၏။
5
ဒါဝိဒ်မင်းကြီးက ယွာဘ၊ အဘိရှဲနှင့် အိတ္တဲတို့အား “ငါ့မျက်နှာကို ထောက်ပြီး သားတော်အဗရှလုံကို သက်ညှာပေးပါ”ဟု မိန့်မှာ၏။ ရှင်ဘုရင်က အဗရှလုံနှင့်ပတ်သက်၍ တပ်မှူးအားလုံးတို့အား ဤသို့မိန့်မှာသည်ကို လူအပေါင်းတို့ ကြားကြ၏။
6
သူတို့သည် အစ္စရေးအမျိုးသားတို့နှင့် စစ်တိုက်ရန် စစ်မြေပြင်သို့ ချီသွားကြပြီး ဧဖရိမ်တော၌ စစ်ခင်းကြ၏။
7
အစ္စရေးအမျိုးသားတို့သည် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့ကို ရှုံးနိမ့်သွားလေ၏။ ထိုနေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး လူအယောက်နှစ်သောင်း ကျဆုံးလေ၏။
8
ဤစစ်ပွဲသည် တိုင်းနိုင်ငံအားလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး ထိုနေ့တွင် ဓားစာဖြစ်သွားသောလူထက် တောစာတောင်စာဖြစ်သွားသောလူက ပို၍များ၏။
9
အဗရှလုံသည် ဒါဝိဒ်မင်းကြီး၏လူတို့နှင့် ပက်ပင်းတိုးသဖြင့် လားစီးပြီး ထွက်ပြေးသွား၏။ သူ့လားသည် သပိတ်ပင်အကိုင်းကြီးအောက်ကို ပြေးဝင်သွားစဉ် အဗရှလုံ၏ဦးခေါင်းသည် ထိုသပိတ်ပင်အကိုင်းကြီးနှင့် ငြိမိပြီး လားကား ဆက်ပြေးသွား၍ သူသည် လေထဲတွင် တွဲလွဲကျကျန်နေခဲ့၏။
10
ထိုအခြင်းအရာကို မြင်သောသူတစ်ယောက်က ယွာဘအား “အကျွန်ုပ်သည် အဗရှလုံအား သပိတ်ပင်၌ တွဲလွဲကျနေသည်ကို တွေ့ခဲ့ပါ၏”ဟု ပြောပြလျှင်
11
ယွာဘက သူ့ကိုပြောပြသောသူအား “သင်မြင်ခဲ့လျက်နှင့် အဘယ်ကြောင့် သူ့ကိုမြေပေါ်ထိုးချပြီး မသတ်ရသနည်း။ ထိုသို့ပြုခဲ့လျှင် သင့်ကိုငါ ငွေစတစ်ဆယ်နှင့် ခါးစည်းကြိုးကို ချီးမြှင့်ပြီ”ဟု ဆို၏။
12
ထိုသူက ယွာဘအား “အကျွန်ုပ်ကို ငွေစ တစ်ထောင်ပေးလျှင်ပင် ရှင်ဘုရင်၏သားတော်ကို အကျွန်ုပ်ကိုယ်တိုင် မသတ်ပါ။ ရှင်ဘုရင်က သင်နှင့်တကွ အဘိရှဲ၊ အိတ္တဲတို့အား ‘သားတော်အဗရှလုံကို ကာကွယ်ပေးပါ’ဟု မိန့်မှာလိုက်သည်ကို အကျွန်ုပ်တို့ နားနှင့်ဆတ်ဆတ်ကြားခဲ့ပါပြီ။
13
အကယ်၍သာ အကျွန်ုပ်သတ်မိလျှင် ကိုယ့်အသက်ကိုကိုယ် အန္တရာယ်ပေးမိပြီ။ ရှင်ဘုရင်ထံမှ ကွယ်ဝှက်၍ရသောအရာ တစ်စုံတစ်ခုမျှမရှိပါ။ သင်သည်လည်း အကျွန်ုပ်ဘက်မှ ရပ်တည်ပေးမည်မဟုတ်ပါ”ဟု ဆို၏။
14
ထိုအခါ ယွာဘက “သင်နှင့် ယခုလို အချိန်ဖြုန်းမနေနိုင်ပါ”ဟု ဆိုလျက် လှံသုံးစင်းကိုယူ၍ သပိတ်ပင်၌တွဲလွဲကျလျက် အသက်ရှင်နေသေးသော အဗရှလုံထံသွား၍ သူ့နှလုံးထဲသို့ ထုတ်ချင်းပေါက်အောင် ထိုးလေ၏။
15
ယွာဘ၏လက်နက်ကိုင်တပ်သား ဆယ်ဦးတို့ကလည်း အဗရှလုံကို ဝိုင်းဝန်းထိုးသတ်ကြလေ၏။
16
ထို့နောက် ယွာဘက မိမိလူတို့ အစ္စရေးအမျိုးသားတို့နောက်သို့ ဆက်မလိုက်ရန် တံပိုးကို မှုတ်သဖြင့် သူတို့လည်း ဆက်မလိုက်တော့ဘဲ ပြန်လာကြလေ၏။
17
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
18
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
19
ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
20
ယွာဘက သူ့အား “ယနေ့ သင်သွား၍သတင်းမလျှောက်တင်ရ။ နောက်တစ်နေ့မှ လျှောက်တင်ရမည်။ ဤနေ့သည် ရှင်ဘုရင့်သားတော် သေဆုံးသောနေ့ ဖြစ်သောကြောင့် သင်သွား၍သတင်းမလျှောက်တင်ရ”ဟု ဆို၏။
21
သို့သော် ယွာဘသည် ကုရှိအမျိုးသားတစ်ဦးအား “သင်မြင်ခဲ့သမျှကို ရှင်ဘုရင်ထံ သွားလျှောက်တင်လော့”ဟု ဆိုလျှင် ထိုကုရှိအမျိုးသားသည် ယွာဘကို ဦးညွှတ်၍ ပြေးထွက်သွားလေ၏။
22
ဇာဒုတ်၏သား အဟိမတ်က ထပ်၍ယွာဘအား “မည်သို့ပင်ဖြစ်စေ၊ ယခု ထိုကုရှိအမျိုးသားနောက်သို့ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟု ဆိုလျှင် ယွာဘက သူ့အား “ငါ့သား၊ အဘယ်ကြောင့် သင်ပြေးလိုက်လိုသနည်း။ ဤသတင်းသည် ဆုရရှိစေမည့်သတင်းမဟုတ်”ဟု သူ့အား ဆို၏။
23
သို့သော် သူက “မည်သို့ပင် ဖြစ်ပါစေ။ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟုသာ ဆိုသဖြင့် ယွာဘက “ပြေးလိုက်လော့”ဟု ဆိုသည်နှင့် အဟိမတ်သည် လွင်ပြင်လမ်းမှ ပြေးသွားရာ ကုရှိအမျိုးသားကို ကျော်သွား၏။
24
ဒါဝိဒ်မင်းကြီးသည် မြို့တံခါးနှစ်ခုကြားတွင် ထိုင်နေစဉ် ကင်းစောင့်တစ်ယောက်သည် မြို့ရိုးမှတစ်ဆင့် မြို့တံခါးအမိုးပေါ်သို့ တက်၍မျှော်ကြည့်ရာ လူတစ်ယောက်တည်းပြေးလာနေသည်ကို တွေ့ရ၏။
25
ထို့ကြောင့် ကင်းစောင့်သည် ရှင်ဘုရင်အား အော်ဟစ်လျှောက်တင်လေ၏။ ရှင်ဘုရင်ကလည်း “တစ်ယောက်တည်းဆိုလျှင် သတင်းကြားပြောဖို့ ဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ ပြေးလာသောသူသည် တဖြည်းဖြည်းနီးလာ၏။
26
ကင်းစောင့်သည် နောက်ထပ်လူတစ်ယောက် ပြေးလာနေသည်ကို မြင်ပြန်သဖြင့် တံခါးစောင့်အား “ကြည့်ပါ။ လူတစ်ယောက် ထပ်ပြေးလာနေပါသည်”ဟု အော်ပြောလျှင် ရှင်ဘုရင်က “သူ၌လည်း သတင်းပါလာလိမ့်မည်”ဟု မိန့်ဆို၏။
27
ကင်းစောင့်က “ကြည့်ရသည်မှာ ပထမလူပြေးပုံက ဇာဒုတ်၏သား အဟိမတ်ပြေးပုံနှင့် တူပါ၏”ဟု ဆိုလျှင် ရှင်ဘုရင်က “သူသည် လူကောင်းဖြစ်၏။ သူ၌ သတင်းကောင်းပါလာလိမ့်မည်”ဟု မိန့်ဆို၏။
28
အဟိမတ်ကလည်း ရှင်ဘုရင်အား “ချမ်းမြေ့ပါစေ”ဟု နှုတ်ခွန်းဆက်သပြီးလျှင် ရှင်ဘုရင်ရှေ့ မြေပေါ်တွင်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူတို့အား ရှုံးနိမ့်စေတော်မူသော အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု လျှောက်လေ၏။
29
ရှင်ဘုရင်ကလည်း “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် အဟိမတ်က “အရှင်မင်းကြီး၏အမှုထမ်းကျွန်တော်မျိုးကို ယွာဘစေလွှတ်စဉ်က အကြီးအကျယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သော်လည်း မည်သို့ဖြစ်ပျက်နေသည်ကို အကျွန်ုပ် မသိပါ”ဟု လျှောက်တင်လေ၏။
30
ထိုအခါ ရှင်ဘုရင်က သူ့အား “ဘေးမှာ ရပ်နေလော့”ဟု ဆိုသဖြင့် သူသည် ဘေး၌ရပ်နေ၏။
31
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
32
ထိုအခါ ရှင်ဘုရင်က ကုရှိအမျိုးသားအား “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် သူက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူများနှင့် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူအားလုံးတို့သည် ထိုသားတော်ကဲ့သို့ဖြစ်ကြပါစေသော”ဟု ပြန်လည်လျှောက်တင်၏။
33
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24