bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 14
2 Samuel 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
ဇေရုယာသား ယွာဘက ရှင်ဘုရင်သည် အဗရှလုံအား စိတ်ထဲမှလွမ်းဆွတ်နေသည်ကို သိ၏။
2
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
3
ရှင်ဘုရင်ထံသွား၍ ဤစကားများကို လျှောက်တင်ရမည်”ဟု ဆိုပြီး သူပြောရမည့်စကားများကို ယွာဘသင်ပေး၏။
4
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
5
ထိုအခါ ရှင်ဘုရင်က သူ့အား “သင်၌ အဘယ်အမှုရောက်နေသနည်း”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် ခင်ပွန်းသည်ဆုံးသွားသော မုဆိုးမတစ်ဦးဖြစ်ပါ၏။
6
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
7
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
8
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “သင့်အိမ်သို့ပြန်ပါ။ သင့်အမှုအတွက် ငါစီရင်မည်”ဟု မိန့်ဆို၏။
9
တေကောမြို့သူ ထိုအမျိုးသမီးကလည်း ရှင်ဘုရင်အား “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏မိသားစု၌သာ အပြစ်ရောက်ပါစေသော။ ရှင်ဘုရင်နှင့် သူ၏ရာဇပလ္လင်မူကား အပြစ်ကင်းပါစေသော”ဟု လျှောက်၏။
10
ရှင်ဘုရင်ကလည်း “သင့်အား ထပ်၍ပြောဆိုနှောင့်ယှက်သောသူရှိလျှင် ငါ့ထံသို့ခေါ်လာပါ။ သင့်ကို နောက်ထပ် မထိပါးစေရ”ဟု မိန့်ဆို၏။
11
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
12
ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။
13
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။
14
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
15
လူတို့သည် အကျွန်ုပ်ကိုခြိမ်းခြောက်ကြသောကြောင့် ယခုအကျွန်ုပ်သည် အကျွန်ုပ်၏သခင်အရှင်မင်းကြီးထံလာ၍ ဤအမှုကို လျှောက်တင်ရခြင်းဖြစ်ပါ၏။ အရှင့်ကျွန်မက ‘ရှင်ဘုရင်ကို ငါလျှောက်တင်လျှင် ရှင်ဘုရင်သည် သူ့ကျွန်မ၏တောင်းဆိုချက်ကို ပြုကောင်းပြုပေးပါလိမ့်မည်။
16
ရှင်ဘုရင်သည် ငါ့စကားကိုနားထောင်ပြီး သူ၏ကျွန်မဖြစ်သောငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်အဖြစ်မှ ဖျက်ဆီးမည့်သူ၏လက်မှ ကယ်နုတ်ကောင်းကယ်နုတ်လိမ့်မည်’ဟု တွေးမိ၍ လျှောက်တင်ရခြင်းဖြစ်ပါ၏။
17
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
18
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
19
ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။
20
အရှင့်အမှုထမ်းယွာဘက ဤသို့ပြုရခြင်းမှာ အခြေအနေကို ပြောင်းလဲစေလို၍ဖြစ်ပါ၏။ အကျွန်ုပ်၏သခင်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာနှင့်ပြည့်စုံသူဖြစ်ပြီး မြေကြီးပေါ်ရှိအမှုခပ်သိမ်းကို သိနိုင်သူဖြစ်ပါ၏”ဟု ပြန်လည်လျှောက်တင်၏။
21
ထိုအခါ ရှင်ဘုရင်က ယွာဘအား “ဤအမှုကိုငါပြုမည်။ ယခု သွား၍ သားတော်အဗရှလုံကို ခေါ်လာပါလော့”ဟု မိန့်တော်မူလျှင်
22
ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။
23
ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
24
သို့သော် ရှင်ဘုရင်က “သူသည် သူ့နန်းဆောင်သို့သာသွားရမည်။ ငါ့မျက်နှာကိုလာမဖူးမြော်စေနှင့်”ဟု မိန့်ဆိုသဖြင့် အဗရှလုံသည် ရှင်ဘုရင်မျက်နှာတော်ကိုမဖူးမြော်ရဘဲ မိမိနန်းဆောင်သို့ပြန်သွား၏။
25
အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
26
သူသည် ဆံပင်သန်လွန်းသဖြင့် တစ်နှစ်တစ်ခါဆံပင်ညှပ်ရ၏။ သူ၏ဆံပင်သည် တစ်ခါညှပ်လျှင် နန်းတွင်းသုံးအလေးချိန်အရ ရှယ်ကယ်နှစ်ရာ ခန့်လေး၏။
27
အဗရှလုံ၌ သားသုံးဦး၊ သမီးတစ်ဦးရှိ၏။ သမီး၏အမည်မှာ တာမာဖြစ်ပြီး အလွန်အဆင်းလှသောမိန်းကလေးဖြစ်၏။
28
အဗရှလုံသည် ဂျေရုဆလင်မြို့တွင်နေထိုင်သောနှစ်နှစ်တာကာလအတွင်း ရှင်ဘုရင်၏မျက်နှာတော်ကိုဖူးမြင်ခွင့်မရ။
29
တစ်နေ့တွင် အဗရှလုံသည် ယွာဘကို ရှင်ဘုရင်ထံစေလွှတ်လို၍ အခေါ်လွှတ်သော်လည်း ယွာဘမလာ။ ဒုတိယအကြိမ်အခေါ်လွှတ်ပြန်သော်လည်း မလာ။
30
ထို့ကြောင့် အဗရှလုံက မိမိ၏အစေအပါးတို့အား “ကြည့်ပါ။ ယွာဘ၏လယ်ကွက်သည် ငါ့လယ်ကွက်နှင့်ကပ်လျက်ရှိ၏။ မုယောစပါးများလည်း စိုက်ထား၏။ သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြပါ”ဟု ဆိုသဖြင့် အဗရှလုံ၏အစေအပါးတို့သည် သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြ၏။
31
ထိုအခါ ယွာဘသည်ထ၍ အဗရှလုံအိမ်သို့ လာပြီး “အရှင့်အစေအပါးတို့သည် အဘယ်ကြောင့် အကျွန်ုပ်လယ်ကွက်ကို မီးရှို့ကြသနည်း”ဟု မေးလျှင်
32
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
33
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသို့သွား၍ လျှောက်တင်ရာ ရှင်ဘုရင်က အဗရှလုံကိုဆင့်ခေါ်၏။ သူသည် ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်၏ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်၏။ ရှင်ဘုရင်လည်း အဗရှလုံကို နမ်းလေ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24