bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 24
2 Samuel 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
2
ရှင်ဘုရင်က သူ့ထံအခစားဝင်နေသောဗိုလ်ချုပ်ယွာဘအား “အစ္စရေးအမျိုးအနွယ်အားလုံး၏အရေအတွက်ကို ငါသိရအောင် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်သွားပြီး စာရင်းယူလော့”ဟု မိန့်ဆို၏။
3
ယွာဘကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်မြင်တွေ့ရပါစေသော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း”ဟု လျှောက်တင်၏။
4
သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘနှင့် စစ်သူကြီးတို့ကို လွှမ်းမိုးနိုင်သဖြင့် ယွာဘနှင့် စစ်သူကြီးတို့သည် အစ္စရေးလူမျိုးတို့ကို စာရင်းယူရန် ရှင်ဘုရင်ထံမှ ထွက်သွားကြလေ၏။
5
သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
6
ထိုမှ ဂိလဒ်ပြည်၊ တက်တိမ်ဟောရှိပြည်တို့သို့ သွားပြီး ဒန်ယန်ပြည်နှင့် ဆီဒုန်ပြည်ဘက်သို့ ပတ်သွားကြ၏။
7
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
8
သူတို့သည် ကိုးလနှင့် ရက်နှစ်ဆယ်ကြာအောင် တစ်ပြည်လုံးသို့ လှည့်လည်သွားလာပြီးနောက် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
9
ယွာဘသည် လူအရေအတွက်စာရင်းကို ရှင်ဘုရင်ထံ ပေးအပ်၏။ စာရင်းအရဓားကိုင်စစ်သူရဲများမှာ အစ္စရေးအမျိုးသားတွင် ရှစ်သိန်း၊ ယုဒအမျိုးသားတွင် ငါးသိန်း ရှိ၏။
10
ဒါဝိဒ်မင်းကြီးသည် ထိုသို့ လူအရေအတွက်စာရင်းကို ကောက်ယူပြီးမှ နောင်တရသဖြင့် ထာဝရဘုရားအား “အကျွန်ုပ်သည် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
11
ဒါဝိဒ်မင်းကြီး နံနက်အိပ်ရာထချိန်တွင် ဒါဝိဒ်မင်းကြီး၏ဗျာဒိတ်ဆရာ ပရောဖက်ဂဒ်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
12
“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
13
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။
14
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
15
ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
16
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
17
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
18
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
19
ဒါဝိဒ်မင်းကြီးသည်လည်း ဂဒ်အား ထာဝရဘုရားဆင့်ဆိုစေသည့်စကားအတိုင်း သွား၍ ပြုလေ၏။
20
အရောနသည် ရှင်ဘုရင်နှင့်မင်းမှုထမ်းတို့ သူ့ထံသို့လာနေသည်ကို လှမ်းမြင်လျှင် ရှင်ဘုရင်ထံသို့သွား၍ ရှေ့တော်တွင် မြေမှာပျပ်ဝပ်လျက်
21
“အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အရှင့်အစေအပါးထံ အဘယ်အရေးကြောင့်ကြွလာရပါသနည်း”ဟု အရောနမေးလျှောက်လျှင် ဒါဝိဒ်မင်းကြီးက “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ဝယ်ယူရန် လာပါသည်”ဟု မိန့်ဆိုလျှင်
22
အရောနက ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မီးရှို့ရာယဇ်အဖို့ နွားရှိပါ၏။ ထင်းအဖို့ ကောက်နယ်သစ်သားပြားနှင့် လယ်ထွန်တန်ဆာပလာများလည်း ရှိပါ၏။ အလိုရှိသည့်အတိုင်း ယူတော်မူပါ။ ပူဇော်တော်မူပါ။
23
အို အရှင်မင်းကြီး၊ အရောန၌ရှိသမျှကို အရှင်မင်းကြီးအား ပေးပါ၏”ဟု လျှောက်တင်၏။ ထို့ပြင် အရောနသည် ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် အရှင့်ကို လက်ခံတော်မူပါစေသော”ဟု လျှောက်ဆို၏။
24
သို့သော် ရှင်ဘုရင်က အရောနအား “ထိုသို့မဟုတ်ပါ။ စင်စစ် သင့်မြေကို အဖိုးအခပေး၍ ဝယ်ပါမည်။ ငါသည် အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို ငါ၏ဘုရားသခင်ထာဝရဘုရားထံ မပူဇော်လိုပါ”ဟု မိန့်ဆို၍ ဒါဝိဒ်မင်းကြီးသည် ကောက်နယ်တလင်းနှင့် နွားကို ငွေရှယ်ကယ်ငါးဆယ် ဖြင့် ဝယ်ယူလေ၏။
25
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24