bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 17
2 Samuel 17
Burmese MSBU
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
ထို့နောက် အဟိသောဖေလက အဗရှလုံအား “လူအယောက်တစ်သောင်းနှစ်ထောင်ကို ရွေးချယ်ပြီး ယနေ့ညတွင်ပင်ထ၍ ဒါဝိဒ်မင်းကြီးနောက်သို့ အကျွန်ုပ်လိုက်ပါရစေ။
2
သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
3
လူအားလုံးကိုလည်း အရှင့်ထံ ပြန်ခေါ်လာပါမည်။ အရှင်အလိုရှိသောသူကိုရလျှင် ကျန်လူအပေါင်းတို့ကိုလည်း ပြန်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်းချမ်းစွာနေရပါလိမ့်မည်”ဟု အကြံပေး၏။
4
အဗရှလုံအပါအဝင် အစ္စရေးသက်ကြီးဝါကြီးအားလုံးတို့သည် ထိုအကြံကို နှစ်သက်သဘောကျကြ၏။
5
သို့သော် အဗရှလုံက “အာခိလူမျိုး ဟုရှဲကို ခေါ်ခဲ့ပါ။ သူအဘယ်သို့အကြံပေးမည်ကိုလည်း နားထောင်ကြည့်ရမည်”ဟု ဆို၏။
6
အဗရှလုံထံသို့ ဟုရှဲ ရောက်လာသောအခါ အဗရှလုံက သူ့အား “အဟိသောဖေလက ဤသို့အကြံပေးပါပြီ။ သူ့အကြံအတိုင်း ပြုသင့် မပြုသင့် သင်အကြံပေးပါလော့”ဟု ဆိုလျှင်
7
ဟုရှဲက အဗရှလုံအား “အဟိသောဖေလပေးသောအကြံသည် ယခုလိုအချိန်မျိုးတွင် မသင့်လျော်ပါ”ဟု ပြန်ဖြေ၏။
8
ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။
9
ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
10
ခြင်္သေ့ကဲ့သို့ရဲရင့်သောစိတ်နှလုံးရှိသူများပင် စိတ်ပျက်အားလျော့ကုန်ကြပါလိမ့်မည်။ အကြောင်းမူကား အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်ကြောင်း၊ သူ့အမှုထမ်းတို့သည်လည်း ရဲစွမ်းသတ္တိရှိသူများဖြစ်ကြောင်းကို အစ္စရေးလူမျိုးအပေါင်းတို့ သိကြပါ၏။
11
ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
12
သူရှိနိုင်သောနေရာတစ်ခုသို့ အကျွန်ုပ်တို့ဝင်ရောက်ပြီး မြေပေါ်နှင်းကျသကဲ့သို့ သူတို့ကို စီးနင်းတိုက်ခိုက်လျှင် သူ့လူအားလုံး တစ်ယောက်မျှကျန်တော့မည်မဟုတ်ပါ။
13
အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
14
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
15
ထို့နောက် ဟုရှဲသည် ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာအား “အဟိသောဖေလက အဗရှလုံနှင့် အစ္စရေးသက်ကြီးဝါကြီးတို့အား ဤနည်း ဤလမ်း အကြံပေးပြီ။ အကျွန်ုပ်မူကား ထိုနည်း ထိုလမ်း အကြံပေးပြီ။
16
ယခု ချက်ချင်း ဒါဝိဒ်မင်းကြီးထံသို့ လူလွှတ်ပြီး ‘ကန္တာရလွင်ပြင်၌ ညအိပ်မနားဘဲ ခရီးဆက်သွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအားလုံး ဝါးမျိုခြင်း ခံရလိမ့်မည်’ဟူ၍ ကြားလျှောက်လော့”ဟု မှာကြားလိုက်၏။
17
ယောနသန်နှင့် အဟိမတ်တို့သည် မြို့တွင်းသို့ဝင်ပြီး လူမြင်ခံ၍မရသဖြင့် အင်္ရောဂေလအရပ်တွင် နေနေ၏။ သတင်းရရှိသောအစေခံမလေးတစ်ဦးက သူတို့အား လာပြောပြသောအခါ သူတို့သည်လည်း ဒါဝိဒ်မင်းကြီးအား သွားပြောပြကြ၏။
18
သို့သော် လုလင်တစ်ဦးသည် သူတို့ကို တွေ့သွား၍ အဗရှလုံအား သွားလျှောက်သဖြင့် သူတို့နှစ်ဦးသည် အလျင်အမြန်ထွက်ပြေးသွားပြီး ဗာဟုရိမ်မြို့ရှိ လူတစ်ယောက်၏အိမ်သို့ ပြေးသွားကာ ထိုအိမ်ဝင်းရှိ ရေတွင်းထဲသို့ ဆင်း၍ပုန်းနေကြ၏။
19
ထိုအိမ်၏အိမ်ရှင်မက အဖုံးတစ်ခုကိုယူပြီး ရေတွင်းဝကို ပိတ်ကာ ထိုအပေါ်တွင် ဂျုံကို လှန်းထားလိုက်သဖြင့် မည်သူမျှ သတိမထားမိပေ။
20
အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
21
ထိုသူတို့ပြန်သွားလျှင် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းမှတက်လာကြပြီး ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အို ဒါဝိဒ်မင်းကြီး၊ အဟိသောဖေလသည် အရှင့်ကိုတိုက်ခိုက်ရန် အကြံပေးပါပြီ။ အလျင်အမြန်ထ၍ မြစ်ကို ကူးပါလော့”ဟု အကြောင်းကြားကြ၏။
22
ထို့ကြောင့် ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူရှိသော လူအပေါင်းတို့သည် ထ၍ဂျော်ဒန်မြစ်ကို ကူးကြ၏။ နံနက်မိုးလင်းချိန်ရောက်လျှင် တစ်ယောက်မကျန် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကို ရောက်ကုန်ကြ၏။
23
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
24
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ထွက်သွား၏။ အဗရှလုံသည်လည်း သူ့နောက်လိုက်အစ္စရေးလူအပေါင်းတို့နှင့်အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးလာကြ၏။
25
အဗရှလုံသည် အာမသကို ဗိုလ်ချုပ်ယွာဘနေရာတွင် ခန့်ထား၏။ အာမသသည် ယွာဘ၏မိခင်၊ ဇေရုယာ၏ညီမ၊ နာဟတ်၏သမီး အဘိဂဲလနှင့်ပေါင်းသင်းသော ယေသာအမည်ရှိ အစ္စရေးအမျိုးသားတစ်ဦး၏သားဖြစ်၏။
26
အဗရှလုံနှင့် အစ္စရေးလူမျိုးတို့သည် ဂိလဒ်ပြည်၌ စခန်းချကြ၏။
27
ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ရောက်သောအခါ အမ္မုန်ပြည်၊ ရဗ္ဗာမြို့မှ နာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့မှ အမျေလ၏သား မာခိရ၊ ရောဂေလိမ်မြို့မှ ဂိလဒ်ပြည်သား ဗာဇိလဲ တို့က
28
“ကန္တာရလမ်းတွင် လူတို့ ဆာလောင်မောပန်းကြလိမ့်မည်၊ ရေငတ်ကြလိမ့်မည်”ဟု တွေးပြီး အိပ်ရာ၊ ဇလုံမှအစ မြေအိုးမြေခွက်များ၊ ဂျုံ၊ မုယော၊ မုန့်ညက်၊ သီးနှံအခြောက်၊ ပဲကြီး၊ ပဲနီ၊ မုန့်ဆန်း၊
29
ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24