bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 1
2 Kings 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
1
အာဟပ်မင်းသေသောနောက်၊ မောဘပြည်သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
2
အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်းပြတင်းပေါက်မှ ကျ၍ နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့သွား၍မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။
3
ထာဝရဘုရား၏ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင်စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှာ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
4
ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သောသလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည်အကြောင်း မိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။
5
သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့် ယခုပြန်လာကြသနည်းဟုမေးလျှင်၊
6
သူတို့က၊ လူတစ်ယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှာလာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင်ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည်အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
7
ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှာ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သောသူနည်းဟု မေးလျှင်၊
8
သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ထိုသူသည် တိရှဘိမြို့သားဧလိယဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆိုလျက်၊
9
လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရမည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟု ဆို၏။
10
ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သောတပ်မှူးအား ဆိုသည်အတိုင်း၊ ကောင်းကင်ကမီးကျ၍ သူနှင့်သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
11
တစ်ဖန် လူငါးကျိပ်အုပ်သော တပ်မှူးတစ်ယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏လူ၊ သင်သည် အလျင်အမြန်ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။
12
ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု သူတို့အားဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့် သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
13
တစ်ဖန် လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏အသက်ကို နှမြောတော်မူပါ။
14
ကောင်းကင်ကမီးကျ၍ အခြားသောတပ်မှူးနှစ်ယောက်နှင့် သူတို့၌ပါသောလူတစ်ရာကို လောင်သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။
15
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကိုမကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင်ထံသို့ရောက်လျှင်၊
16
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှာ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဖို့ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
17
ဧလိယဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသောကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။
18
အာခဇိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25