bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 2
2 Kings 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
1
ထာဝရဘုရားသည် ဧလိယကို လေပွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
2
ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူသည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ဗေသလမြို့သို့သွားကြ၏။
3
ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။
4
ဧလိယကလည်း၊ အို ဧလိရှဲ၊ ဤအရပ်၌နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့သွားကြ၏။
5
ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့ နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
6
ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။
7
ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှာ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
8
ဧလိယသည် မိမိဝတ်လုံကိုယူ၍လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တစ်ဖက်တစ်ချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ လျှောက်သွားကြ၏။
9
မြစ်တစ်ဖက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
10
ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
11
ထိုသို့ နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
12
ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
13
အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာရပ်၍၊
14
ရေကို ဝတ်လုံနှင့်ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တစ်ဖန် ရိုက်သောအခါ၊ ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည်ကူးသွား၏။
15
ယေရိခေါမြို့မှာ ကြည့်ရှုသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကိုမြင်လျှင်၊ ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှာသွား၍ သူ့ရှေ့၌ မြေပေါ်မှာပျပ်ဝပ်ကြ၏။
16
သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏သခင်ကို ရှာမည်အကြောင်း၊ အခွင့်ပေးတော်မူပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုချီယူ၍ တစ်စုံတစ်ခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်းလျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊
17
သူတို့သည် ဧလိရှဲစိတ်အားလျော့သည်တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
18
ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည်ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်တားသည် မဟုတ်လောဟု ဆို၏။
19
ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာအရပ်သည် သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်း ကိုယ်ဝန်ပျက်စေတတ်ပါသည်ဟု ဧလိရှဲအားလျှောက်ကြလျှင်၊
20
ဧလိရှဲက၊ ဘူးသစ်တစ်လုံးကို ဆားထည့်၍ ယူခဲ့ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
21
ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ်လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကိုငါချိုစေ၏။ နောက်တစ်ဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
22
ဧလိရှဲဆင့်ဆိုသောအမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင်အောင် ချိုလေ၏။
23
ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
24
ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
25
ထိုမြို့မှ ကရမေလတောင်သို့လည်းကောင်း၊ ထိုတောင်မှ ရှမာရိမြို့သို့လည်းကောင်း အစဉ်အတိုင်းသွား၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
Recommended Reading
Commentary
2 Kings Commentaries
→
Devotional
2 Kings Devotional Guide
→
Get This Bible
Burmese Study Bible
→