bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 10
2 Kings 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
1
အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှမာရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စာရေး၍ ပေးလိုက်လေ၏။
2
မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌ သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
3
သင်တို့သခင်၏သားတို့တွင် သာ၍ ကောင်းမြတ်တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇပလ္လင်ပေါ်မှာ တင်ပြီးလျှင်၊ သခင်အမျိုးအဖို့ စစ်တိုက်ကြလော့ဟု မှာလိုက်သတည်း။
4
ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည်ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင်မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
5
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ်သားတို့ကို လုပ်ကျွေးသောသူတို့ကလည်း၊ ကျွန်တော်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကို မချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကိုပေးလိုက်ကြ၏။
6
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရေလမြို့၊ ငါရှိရာသို့ နက်ဖြန်နေ့ယခုအချိန်၌ လာကြလော့ဟု တစ်ဖန် စာပေးလိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ်ရှိသည်ဖြစ်၍၊ လုပ်ကျွေးသော မြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7
ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်းတို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက်လေ၏။
8
လုလင်တစ်ယောက်သည် လာ၍ ရှင်ဘုရင်သားတို့၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟုက၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
9
နံနက်ရောက်မှ ယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင်တစ်ဖက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကိုကား အဘယ်သူသတ်သနည်း။
10
ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော်မူသောစကားတော်တစ်ခွန်းမျှ မြေသို့မကျရသည်ကို သင်တို့သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယအားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
11
ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ်အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဖော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်လေ၏။
12
နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာရှိသော သိုးမွေးညှပ်ရာဇရပ်သို့ ရောက်သောအခါ၊
13
ယုဒရှင်ဘုရင်အာခဇိ၏ပေါက်ဖော်တို့ကိုတွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော် ဖြစ်၏။ ရှင်ဘုရင်၏သားတော်တို့နှင့် မိဖုရား၏သားတော်တို့ကို နှုတ်ဆက်အံ့သောငှာ သွားသည်ဟု ဆိုကြ၏။
14
ယေဟုကလည်း၊ အရှင်ဖမ်းကြဟု စီရင်သည်အတိုင်း၊ အရှင်ဖမ်း၍ သိုးမွေးဇရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်ကြ၏။
15
ထိုဇရပ်မှ ထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟုလာသော ရေခပ်သားယောနဒပ်ကို တွေ့၍ နှုတ်ဆက်သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့်သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့်သလောဟု မေးလျှင်၊ ဖြောင့်ပါသည်ဟု လျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟု ဆိုသည်အတိုင်း၊ လက်ကိုပေး၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
16
ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟု ဆိုသဖြင့် မိမိရထားကို စီးစေ၏။
17
ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအားမိန့်တော်မူသော စကားတော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင် ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းလေသမျှတို့ကို သတ်လေ၏။
18
တစ်ဖန် ယေဟုသည် လူအပေါင်းတို့ကို စုဝေးစေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
19
သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တစ်ယောက်မျှ မကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကိုပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟု ဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သောသူတို့ကို ဖျက်ဆီးမည်အကြံနှင့် ပရိယာယ်ပြု၍ဆို၏။
20
ဗာလဘုရားအဖို့ ဓမ္မပွဲကိုပြင်ဆင်ကြဟု တစ်ဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာကြ၏။
21
ဣသရေလပြည် တစ်လျှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့်ရှိသမျှတို့သည် တစ်ယောက်မျှမကြွင်း လာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တစ်ကျောင်းလုံးပြည့်လျက်ရှိ၏။
22
ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဖို့ အဝတ်တန်ဆာကို ထုတ်ကြဟု ဆိုသည်အတိုင်း ထုတ်လေ၏။
23
တစ်ဖန် ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တစ်ယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေမည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။
24
မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှာ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့လက်သို့ ငါဆောင်ခဲ့သော ဤသူတစ်စုံတစ်ယောက်မျှလွတ်လျှင်၊ လွတ်စေသောသူသည် အသက်သေရမည်ဟု စီရင်၍၊
25
မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုကဝင်၍ သတ်ကြလော့။ တစ်ယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့်တပ်မှူးတို့အား ဆိုသည်အတိုင်း၊ တပ်သားနှင့်တပ်မှူးတို့သည် ဓားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
26
ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲက ရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
27
ဗာလ ဆင်းတုကိုလည်းကောင်း၊ ကျောင်းကိုလည်ကောင်း ဖြိုဖျက်၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာအိမ် ဖြစ်စေကြ၏။
28
ထိုသို့ယေဟုသည် ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
29
သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
30
ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကိုကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်လည်းကောင်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ်အမျိုး၌ စီရင်သောကြောင့်လည်းကောင်း၊ သင့်သားမြေး လေးဆက်တိုင်အောင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
31
ယေဟုသည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားတရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှာ သတိမပြု၊ ဣသရေလအမျိုးကိုပြစ်မှားစေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
32
ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလပြည်စွန်းတို့ကို ဖြတ်တော်မူ၏။
33
ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး နေရာ၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်တစ်လျှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
34
ယေဟုပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
35
ယေဟုသည် ရှမာရိမြို့၌မင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25