bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 4
2 Kings 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 5 →
1
ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှာလာပါပြီဟု ကြွေးကြော်လေ၏။
2
ဧလိရှဲကလည်း၊ သင့်အဖို့ အဘယ်သို့ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသော်၊
3
ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှားယူလော့။ များစွာသောအိုးတို့ကို ငှားယူလော့။
4
ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသော အိုးများအထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့ဟု စီရင်သည်အတိုင်း၊
5
ထိုမိန်းမသည်သွား၍ သားတို့သည်အိုးများကိုယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကိုလောင်းလေ၏။
6
အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတစ်လုံးကိုယူခဲ့ဦးဟု သားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။
7
ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကိုဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
8
တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါခါ၊ ကျွေးခြင်းကိုခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။
9
မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ်သွားလာသော ဤသူသည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
10
ဝင်ရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူ့အဖို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကိုထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။
11
တစ်နေ့သ၌ ဧလိရှဲသည်ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။
12
ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန်ဂေဟာဇိအား ဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲရှေ့မှာ ရပ်နေ၏။
13
ဧလိရှဲက၊ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဖို့အဘယ်သို့ ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
14
ဧလိရှဲကလည်း၊ ဤမိန်းမအဖို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟုဆိုသော်၊
15
တစ်ဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။
16
ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကိုဖက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ ဘုရားသခင်၏လူ၊ ကိုယ်တော်ကျွန်မကို မုသားမသုံးပါနှင့်ဟု ပြန်ပြော၏။
17
ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဖွားမြင်လေ၏။
18
ထိုသားသည် နို့ကွာပြီးမှ၊ တစ်နေ့သ၌ စပါးရိတ်သောသူတို့ရှိရာ မိမိအဘထံသို့ သွား၍၊
19
ငါသည် ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ယူသွားဟု လုလင်အားပြော၏။
20
လုလင်သည် အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ထိုင်၍ မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
21
အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့်လူ၏ခုတင်ပေါ်မှာထားပြီးလျှင်၊ တံခါးကိုပိတ်ခဲ့၍ သွားလေ၏။
22
ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ပြေး၍ တစ်ဖန်ပြန်လာဦးမည်။ လုလင်တစ်ယောက်နှင့် မြည်းတစ်စီးကိုထည့်လိုက်ပါဟု ဆိုလျှင်၊
23
ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင်သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
24
မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့် အသွားမနှေးစေနှင့်ဟု ကျွန်အားမှာထားသဖြင့်၊
25
ခရီးသွား၍ ဘုရားသခင်၏လူရှိရာ၊ ကရမေလတောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန်ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
26
သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမက မာပါ၏ဟုဆို၏။
27
ဘုရားသခင်၏လူရှိရာ တောင်ပေါ်သို့ ရောက်သောအခါ၊ သူ၏ခြေတို့ကို ဖက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှာ ချဉ်းလာလျှင်၊ ဘုရားသခင်၏လူက သူ့ကိုမဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထားတော်မူပြီဟု ဆို၏။
28
မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသားမသုံးပါနှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
29
ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
30
အမိကလည်း၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော်နှင့်ကွာ၍ မသွားနိုင်ပါဟုဆိုလျှင်၊ ဧလိရှဲသည်ထ၍ လိုက်လေ၏။
31
ဂေဟာဇိသည် အရင်သွား၍၊ တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်သော်လည်း၊ သူငယ်သည် အသံမပြု အမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကိုခရီးဦးကြိုပြု၍၊ သူငယ်သည်မနိုးပါဟု ပြန်ပြော၏။
32
ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
33
အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
34
သူငယ်၏အနီးအပါးသို့ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။
35
တစ်ဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆတ်၍ မျက်စိကိုဖွင့်၏။
36
ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမကိုခေါ်လိုက်ဟု ဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူလော့ဟု ဆို၏။
37
မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပျပ်ဝပ်ဦးချပြီးလျှင် သားကိုချီယူ၍ ထွက်သွား၏။
38
တစ်ဖန် ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့အဖို့ ကြီးသောအိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိကျွန်အားဆို၏။
39
တစ်စုံတစ်ယောက်သော သူသည် ဟင်းသီးဟင်းရွက်ကိုဆွတ်ခြင်းငှာ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကိုတွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူပြီးမှ၊
40
ထိုဘူးမျိုးကိုမသိဘဲ ဟင်းအိုးထဲသို့ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌ သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲနေကြ၏။
41
ဧလိရှဲကလည်း၊ မုန့်ညက်ကိုယူခဲ့ဟုဆို၍ အိုးထဲမှာခတ်ပြီးလျှင်၊ လူများစားစရာဖို့ လောင်းဦးလော့ဟုဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
42
တစ်ဖန် ဗာလရှလိရှမြို့မှ လူတစ်ယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံးနှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရားသခင်၏လူထံသို့ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့ဟုဆိုလျှင်၊
43
ကျွန်က အဘယ်သို့နည်း။ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟု မေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာစားကြသော်လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောဆိုသော်၊
44
ကျွန်သည် လူများရှေ့မှာထည့်၍ ထာဝရဘုရား၏စကားတော်နှင့်အညီ ထိုသူတို့သည်ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25