bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 6
2 Kings 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
1
ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။
2
အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဖို့လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
3
အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန်တို့နှင့် ကြွတော်မူပါဟုတောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
4
သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
5
တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊
6
ဘုရားသခင်၏လူက၊ အဘယ်မှာကျသနည်းဟုမေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ တုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
7
ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။
8
တစ်ဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
9
ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
10
သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တစ်ကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
11
ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကိုခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌နေသည်ကို ငါ့အားမပြဘဲနေကြသနည်းဟုမေးသော်၊
12
ကျွန်တစ်ယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသောစကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည်ဟု လျှောက်လေ၏။
13
ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ရှိသည်ကိုသွား၍ ချောင်းကြည့်လော့။ သူ့ကိုဖမ်းဆီးစေခြင်းငှာ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့၌ရှိပါသည်ဟု လျှောက်လေ၏။
14
ထိုမြို့သို့ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကိုစေလွှတ်သဖြင့်၊ ညအခါရောက်၍ မြို့ကိုဝိုင်းကြ၏။
15
နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည်ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အားဆို၏။
16
ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟုဆိုလျက်၊
17
အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
18
ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှာ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ်တော်မူ၏။
19
ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်းမဟုတ်။ ငါ့နောက်သို့ လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟုဆိုလျက် ရှမာရိမြို့သို့ ပို့လေ၏။
20
မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာ ရှိသည်ဟုသိကြ၏။
21
ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကို ဓားနှင့်သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
22
မသတ်ပါနှင့်။ ဓားနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟုဆိုလျှင်၊
23
များစွာသော စားစရာကို ပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
24
နောက်တစ်ဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
25
ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းကောင်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်လည်းကောင်း ရောင်းရ၏။
26
ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ လျှောက်သွားစဉ်၊ မိန်းမတစ်ယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
27
ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူလျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက ကယ်မနိုင်မည်လောဟူ၍လည်းကောင်း၊
28
သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍လည်းကောင်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည် ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဖို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
29
ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန်နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဖို့အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
30
ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာလျှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
31
ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသောဟု ဆို၏။
32
ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတစ်ယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေခြင်းငှာ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန်ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည်သလောဟု၊
33
အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန်သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မျှော်လင့်ရသေးသနည်းဟုဆိုသော်၊
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25