bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 8
2 Kings 8
Burmese 2021
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
1
တစ်ဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သောအရပ် တစ်စုံတစ်ရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တစ်ပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
2
ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
3
ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
4
ထိုအခါ ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန်ဂေဟာဇိနှင့်နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဖွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
5
ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊
6
ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်းသက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကိုလည်းကောင်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ဖြစ်သမျှကိုလည်းကောင်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကို ခန့်ထားတော်မူ၏။
7
တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊
8
ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည်အတိုင်း၊
9
ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။
10
ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
11
စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။
12
ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
13
ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသောအမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။
14
ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။
15
နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
16
ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။
17
အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
18
အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
19
သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ ယုဒပြည်ကိုမဖျက်ဆီးဘဲ ထားတော်မူ၏။
20
ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကိုပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
21
ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့နှင့်တကွ၊ ဇာဣရမြို့သို့စစ်ချီ၍ ညအခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ပြေးကြ၏။
22
သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌လိဗနပြည်သည်လည်း ပုန်ကန်၏။
23
ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
24
ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25
ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
26
အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ မင်းပြု၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလရှင်ဘုရင်ဩမရိမြေး အာသလိအမည်ရှိ၏။
27
အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
28
အာဟပ်၏သားယောရံနှင့် ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည် ယောရံကိုထိခိုက်ကြ၏။
29
ထိုသို့ ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သောအနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသားအာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25