bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 11
2 Kings 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
1
အာခဇိ၏မယ်တော် အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
2
သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သားယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက်လွတ်စေခြင်းငှာ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
3
ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံလေ၏။
4
ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကိုပြုပြီးမှ၊ ရှင်ဘုရင်၏သားတော်ကို ပြလေ၏။
5
ယောယဒကလည်း၊ သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။
6
တစ်စုသည် သုရတံခါးကို စောင့်ရမည်။ တစ်စုသည် ကင်းနောက်တံခါးကို စောင့်ရမည်။ ထိုသို့ ဗိမာန်တော်ကို မဖြိုမဖျက်စေခြင်းငှာ စောင့်ရမည်။
7
ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင်နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
8
လူတိုင်း မိမိလက်နက်ကိုကိုင်လျက် ကိုယ်တော်မြတ်ကိုဝိုင်း၍၊ တပ်ထဲသို့ ဝင်သမျှသောသူတို့ကို သတ်ရမည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော်သို့ လိုက်ရမည်ဟု မှာထားလေ၏။
9
ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း လူတစ်ရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသောသူနှင့် ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရောဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
10
ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများနှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတစ်ရာအုပ်တို့အား အပ်လေ၏။
11
စောင့်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်လျက်၊ ရှင်ဘုရင်ကိုဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ယာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် ရပ်ကြ၏။
12
ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ဘိသိက်ပေးလျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
13
အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသောအသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊
14
ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ်လျက် ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။
15
ယဇ်ပုရောဟိတ် ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသောသူကို ဓားနှင့်သတ်ကြဟု လူတစ်ရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
16
အာသလိကိုဖမ်းဆီးလျက်၊ နန်းတော်သို့သွားသော မြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
17
ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တစ်ဖန် ရှင်ဘုရင်နှင့်လူများတို့ကို တစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ဖွဲ့စေ၏။
18
ပြည်သူပြည်သားအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို အကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ်မဿန်ကို သတ်ကြ၏။
19
ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော်အုပ်များကို ခန့်ထားပြီးမှ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
20
နန်းတော်နားမှာ အာသလိကိုသတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တစ်မြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25