bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 23
2 Kings 23
Burmese 2021
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
1
ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
2
ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။
3
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။
4
နောက်တစ်ဖန် ယဇ်ပုရောဟိတ်မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင်တန်ဆာအဖို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
5
ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ရွာ၌ မြင့်သောအရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ယုဒရှင်ဘုရင်ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
6
အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
7
မိန်းမတို့သည် အာရှရပင်အဖို့ ကုလားကာကိုရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
8
ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။
9
မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဖော်တို့နှင့် တဆေးမဲ့မုန့်ကို စားရသောအခွင့်သာရှိကြ၏။
10
အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့်မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။
11
ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော်ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
12
ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့်အပေါ်မှာ တည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် တည်ထားသောပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ပစ်တော်မူ၏။
13
ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ယာဘက်၌ ရွံရှာဖွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဖွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံအဖို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင်ညစ်ညူးစေတော်မူ၏။
14
ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။
15
ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်သည်၊ ဗေသလမြို့၌တည်သောကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက်ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
16
ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကို အထက်ကဖော်ပြသော ဘုရားသခင်၏လူဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။
17
ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ်ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ်ပလ္လင်၌ ပြုတော်မူသောအမှုကို၊ ယုဒပြည်မှလာ၍ဖော်ပြသော ဘုရားသခင်၏လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
18
ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှမရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်အရိုးတို့ကိုရှိစေကြ၏။
19
ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သော အိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည်ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။
20
မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။
21
တစ်ဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုဆောင်ကြလော့ဟု လူအပေါင်းတို့ကိုမိန့်တော်မူ၏။
22
အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော တရားသူကြီးလက်ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး၊ ထိုသို့သောပသခါပွဲကို တစ်ခါမျှမဆောင်ကြ။
23
ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
24
ထိုမှတစ်ပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လိုသောငှာ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ်ရုပ်တုမှစ၍ ရုပ်တုဆင်းတုများကိုလည်းကောင်း၊ ယေရုရှလင်မြို့နှင့် ယုဒပြည်လုံးတွင် ရွံရှာဖွယ်သောအရာ တွေ့သမျှတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
25
မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့်၊ စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှမဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
26
သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ပြစ်မှားသော အပြစ်ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာအမျက်ထွက်၍ စိတ်တော်မပြေ။
27
ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှားသကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ်သော ယေရုရှလင်မြို့ကိုလည်းကောင်း၊ အကြင်ဗိမာန်၌ ငါ့နာမကိုငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကိုလည်းကောင်း၊ ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
28
ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
29
ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင်နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှာ ထွက်ရာတွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်းသည် အသက်ဆုံးလေ၏။
30
ကျွန်တို့သည် ရထားတော်ပေါ်မှာတင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ ဘိသိက်ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
31
ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သားယေရမိ၏သမီး ဟာမုတာလအမည်ရှိ၏။
32
ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
33
ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင်မြို့မှာ မင်းမပြုစေခြင်းငှာ ဟာမတ်ပြည်၊ ရိဗလမြို့မှာအကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။
34
ဖာရောနေခေါသည်လည်း၊ ယောရှိသားဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကို ပေး၏။ ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည် သေ၏။
35
ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့်တော်အတိုင်း၊ တစ်ပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင်အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီးတို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာတောင်း၍ ဖာရောနေခေါအား ဆက်လေ၏။
36
ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
37
ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25