bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 14
2 Kings 14
Burmese 2021
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 15 →
1
ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ နန်းစံနှစ်နှစ်တွင်၊
2
ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
3
ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်း ပြု၏။
4
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
5
အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။
6
သားအတွက် အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သားများကို မသတ်ဘဲနေ၏။
7
အာမဇိမင်းသည် ဧဒုံအမျိုးသားတစ်သောင်းကို ဆားချိုင့်၌သတ်၍ သေလမြို့ကိုတိုက်သဖြင့်၊ ယနေ့တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။
8
ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
9
ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတစ်ကောင်သည် လျှောက်သွား၍ ဆူးပင်ကိုနင်းမိ၏။
10
သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။
11
ထိုစကားကို အာမဇိသည် နားမထောင်သောကြောင့်၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ၍ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊
12
ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသားရှုံး၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
13
ဣသရေလရှင်ဘုရင် ယဟောရှသည်၊ ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုး အတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
14
ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံသောသူအချို့တို့ကိုယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။
15
ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16
ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
17
ဣသရေလရှင်ဘုရင် ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တစ်ဆယ်ငါးနှစ် အသက်ရှင်သေး၏။
18
အာမဇိပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
19
ထိုမင်းတစ်ဖက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊
20
မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
21
ယုဒပြည်သူပြည်သား အပေါင်းတို့သည် အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။
22
ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။
23
ယုဒရှင်ဘုရင်ယောရှသား အာမဇိ နန်းစံဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌မင်းပြု၍ လေးဆယ်တစ်နှစ်စိုးစံ၏။
24
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။
25
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူသောစကားတော်အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှနုတ်၍ ပြုစုလေ၏။
26
အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကိုလည်းကောင်း၊ မြို့၌ အချုပ်ခံရသော သူဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ ဣသရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကိုလည်းကောင်း၊ ထာဝရဘုရားသည်မြင်လျှင်၊
27
ဣသရေလအမျိုး၏နာမကို မိုးကောင်းကင်အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော်မူ၏။
28
ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဖို့၊ ရန်သူလက်မှ နုတ်ယူခြင်းအရာတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
29
ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသရေလရှင်ဘုရင်တို့နှင့် အိပ်ပျော်၍ သားတော်ဇာခရိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25