bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 15
2 Kings 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 16 →
1
ဣသရေလရှင်ဘုရင် ယေရောဗောင်နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
2
ယုဒရှင်ဘုရင် အာမဇိသားဩဇိသည် အသက်တစ်ဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိအမည်ရှိ၏။
3
ထိုမင်းသည် ခမည်းတော်အာမဇိ ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
4
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
5
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော်ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
6
ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
7
ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌နန်းထိုင်၏။
8
ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
9
ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
10
ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတစ်ဖက်၌သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏အရာ၌ နန်းထိုင်၏။
11
ဇာခရိပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
12
ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေးဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသောစကားတော်ပြည့်စုံသတည်း။
13
ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည်နန်းထိုင်၍၊ ရှမာရိမြို့၌ တစ်လစိုးစံလေ၏။
14
ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့သို့သွား၍၊ ယာဖက်သားရှလ္လုံကို သေအောင်လုပ်ကြံပြီးလျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
15
ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16
ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သားများ၊ တိရဇမြို့အလွန် တိဖသမြို့နယ်များတို့ကို လုပ်ကြံ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့်လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကိုခွဲလေ၏။
17
ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။
18
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
19
အာရှုရိရှင်ဘုရင်ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည်အကြောင်း၊ ပုလမင်းမစစေခြင်းငှာ၊ ငွေအခွက်တစ်သောင်းကိုဆက်ရ၏။
20
အာရှုရိရှင်ဘုရင်အား ဆက်စရာဖို့၊ မေနဟင်သည် ဣသရေလအမျိုး၌ ငွေခွဲ၍၊ ရတတ်သောသူတိုင်း အကျပ်ငါးဆယ်စီ ပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည် မနေ၊ မိမိပြည်သို့ပြန်သွား၏။
21
မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
22
မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကဟိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
23
ယုဒရှင်ဘုရင်ဩဇိ နန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကဟိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။
24
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
25
အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။
26
ပေကဟိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27
ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။
28
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
29
ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိပြည်သားအပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့ သိမ်းသွား၏။
30
ဩဇိသားယောသံ နန်းစံနှစ်ဆယ်တွင်၊ ဧလာသားဟောရှေသည် ရေမလိသား ပေကာမင်းတစ်ဖက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင်၏။
31
ပေကာပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
32
ဣသရေလရှင်ဘုရင် ရေမလိသားပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊
33
ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တစ်ဆယ့်ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
34
ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
35
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကိုလုပ်လေ၏။
36
ယောသံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊
37
ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင်ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ်တော်မူ၏။
38
ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25