bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 21
2 Kings 21
Burmese 2021
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
1
မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။
2
ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသား ရွံရှာဖွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
3
ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင်အာဟပ်ပြုသကဲ့သို့ ဗာလအဖို့ ယဇ်ပလ္လင်တို့ကိုတည်၏။ အာရှရပင်ကိုလည်း ပြုစု၏။ မိုးကောင်းကင်တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
4
ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊
5
ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။
6
မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကိုသုံးဆောင်၍ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု၏။
7
ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
8
ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေမှာထားသမျှသောတရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှာ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကို နောက်တစ်ဖန်ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9
သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှာ မနာရှေသည် သွေးဆောင်လေ၏။
10
ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
11
ယုဒရှင်ဘုရင်မနာရှေသည် သူ့ရှေ့မှာဖြစ်ဖူးသော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဖွယ်သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ မိမိရုပ်တုဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့်လည်းကောင်း၊
12
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားနှစ်ဖက်ခါးစေခြင်းငှာ ငါသည် ယေရုရှလင်မြို့၊ ယုဒပြည်၌ ဘေးရောက်စေမည်။
13
ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ချိန်ကြိုးကို ငါတန်းချမည်။ ပန်းကန်ကိုသုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
14
ကျန်ကြွင်းသော ငါ့အမွေလူတို့ကို ငါစွန့်၍ ရန်သူလက်သို့အပ်သဖြင့်၊ သူတို့သည် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာ ဖြစ်ကြလိမ့်မည်။
15
အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
16
မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကိုပြစ်မှားစေသော အပြစ်မှတစ်ပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှာပြု၏။
17
မနာရှေပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
18
မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
19
အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက်အမည်ရှိ၏။
20
ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
21
ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြုကိုးကွယ်၏။
22
ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ ထာဝရဘုရား၏ လမ်းတော်ကို လွှဲရှောင်၏။
23
မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။
24
အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
25
အာမုန်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
26
ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25