bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Kings 17
2 Kings 17
Burmese 2021
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
1
ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ်တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။
2
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာဖြစ်ဖူးသော ဣသေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမီ။
3
ထိုမင်းကို အာရှုရိရှင်ဘုရင် ရှာလမနေဇာသည်စစ်ချီ၍ ဟောရှေသည်ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။
4
နောက်တစ်ဖန် နှစ်တိုင်းဆက်ရသော အခွန်ကိုမဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဖမ်းဆီး၍ ထောင်ထဲမှာချုပ်ထားပြီးလျှင်၊
5
ဣသရေလပြည် တစ်လျှောက်လုံးသို့ စစ်ချီ၍၊ ရှမာရိမြို့သို့ရောက်သော် သုံးနှစ်ဝိုင်းထား၏။
6
ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကိုရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။
7
အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာရောဘုရင်လက်ထဲက ကယ်နုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့သည် ပြစ်မှား၍ အခြားတစ်ပါးသောဘုရားတို့ကို ရိုသေကြ၏။
8
သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ထုံးစံသို့လိုက်ကြ၏။
9
မိမိတို့ ဘုရားသခင်ထာဝရဘုရားတစ်ဖက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့်သောမျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။
10
ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သောကုန်းရှိသမျှတို့အပေါ်မှာလည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်မှာလည်းကောင်း၊ တည်ထောင်ပြုစုကြ၏။
11
သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ အဓမ္မအမှုတို့ကို ပြုကြ၏။
12
ထာဝရဘုရားပညတ်တော်မူသောအမှု၊ ရုပ်တုဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။
13
သို့ရာတွင် ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသောတရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟောဆရာများတို့ဖြင့် ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေခံတော်မူသော်လည်း၊
14
သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သောဘိုးဘေးတို့လည်ပင်းကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
15
စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသောပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကြင်တစ်ပါးအမျိုးသားကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရားပညတ်တော်မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့လိုက်ကြ၏။
16
မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုးကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကိုလည်းဝတ်ပြုကြ၏။
17
သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာအတတ်၊ ပြုစားသောအတတ်ကို သုံးဆောင်၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။
18
ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို ပြင်းစွာအမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတစ်ပါး အခြားသောအမျိုး မကျန်ကြွင်းရ။
19
ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက်သော ထုံးစံဓလေ့သို့ လိုက်ကြ၏။
20
ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုးရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မီတိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သောသူတို့လက်၌ အပ်တော်မူ၏။
21
ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏သားယေရောဗောင်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့လိုက်ရာလမ်းမှ ဣသရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။
22
သို့ဖြစ်၍ ယေရောဗောင်ပြုသောဒုစရိုက်လမ်းသို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။
23
ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမီတိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင်ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင်ခံရကြ၏။
24
အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကိုဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလအမျိုးသားကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကိုသိမ်းယူ၍ နေရာကျကြ၏။
25
နေရာကျစက ထာဝရဘုရားကိုမရိုသေသောကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေတော်မူ၏။
26
ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသော လူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏ တရားကို နားမလည်သောကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ်၍ နေရာကျသောသူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊
27
အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တစ်ယောက်ကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏ တရားကို သွန်သင်လျက်နေပါလေစေဟု မိန့်တော်မူသည်အတိုင်း၊
28
ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တစ်ယောက်သည် ပြန်၍ ဗေသလမြို့၌နေလျက်၊ ထာဝရဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။
29
သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကိုလုပ်၍ နေရာကျသောမြို့ရွာတွင် မြင့်သောအရပ်ပေါ်မှာ ရှမာရိမြို့သားလုပ်နှင့်သော အိမ်တို့၌ တင်ထားကြ၏။
30
ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား၊ ကုသမြို့သားတို့သည် နေရဂါလဘုရား၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား၊
31
အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့သည်လည်း သေဖရဝိမ်မြို့စောင့်ဘုရား အာဒြမ္မေလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့၍ ပူဇော်ကြ၏။
32
ထာဝရဘုရားကိုလည်းရိုသေ၍ သာမညလူတို့ကို မြင့်သောအရပ် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသဖြင့်၊ သူတို့သည် မြင့်သောအရပ်အိမ်တို့၌ လူများအဖို့ ယဇ်ပူဇော်ကြ၏။
33
ထိုသို့ ထာဝရဘုရားကို ရိုသေကြ၏။ သိမ်းသွားခြင်းကိုခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ၏။
34
ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြသည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်။ ဣသရေလအမည်ဖြင့်သမုတ်သော ယာကုပ်အမျိုးသားတို့၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။
35
ထာဝရဘုရားသည် ထိုအမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည် အခြားတစ်ပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူဇော်ရ။
36
သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံးတော်အားဖြင့် အဲဂုတ္တုပြည်မှကယ်နုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။
37
သင်တို့အဖို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အစဉ်အမြဲစောင့်ရှောက်ရမည်။ အခြားတစ်ပါးသော ဘုရားတို့ကို မရိုသေရ။
38
သင်တို့နှင့်ငါဖွဲ့သော ပဋိညာဉ်ကိုမမေ့လျော့ရ။ အခြားတစ်ပါးသော ဘုရားတို့ကို မရိုသေရ။
39
သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုသာရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နုတ်တော်မူမည်ဟု မှာထားတော်မူသော်လည်း၊
40
သူတို့သည်နားမထောင်၊ ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။
41
ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ၍၊ သားမြေးမြစ်တို့သည် ထာဝရဘုရားကို ရိုသေကြ၏။ ရုပ်တုဆင်းတုတို့ကိုလည်း ဝတ်ပြုကြ၏။ မိရိုးဖလာသို့လိုက်၍ ယနေ့တိုင်အောင်ကျင့်နေကြ၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25