bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 14
Numbers 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 15 →
1
ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။
2
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
3
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
4
ထို့ပြင် သူတို့က “ငါတို့သည် အကြီးအမှူးတစ်ဦးကို တင်မြှောက်၍ အီဂျစ်ပြည်သို့ပြန်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။
5
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
6
ထိုပြည်ကိုစူးစမ်းခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်သည် မိမိတို့အဝတ်ကို ဆုတ်ဖြဲလျက်
7
အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် အလွန်တရာသာယာဝပြောသောပြည်ဖြစ်ပါ၏။
8
ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်တော်မူလျှင် နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုပို့ဆောင်၍ ငါတို့အား ထိုပြည်ကို ပေးတော်မူလိမ့်မည်။
9
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
10
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
11
ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။
12
ငါသည် သူတို့ကို ကပ်ရောဂါဘေးဖြင့် ဒဏ်ခတ်၍ ဖျက်ဆီးမည်။ သင့်ကိုကား သူတို့ထက် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
13
သို့သော် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ဤလူမျိုးကို အီဂျစ်လူမျိုးတို့အလယ်မှ ထုတ်ဆောင်တော်မူခဲ့သည်ကို အီဂျစ်လူမျိုးတို့ကြားကြ၍
14
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
15
ကိုယ်တော်သည် ဤလူမျိုးကို တစ်ပြိုင်တည်း ကွပ်မျက်တော်မူလျှင် ကိုယ်တော်၏သတင်းကိုကြားထားသောလူမျိုးတို့က
16
‘ထာဝရဘုရားသည် ဤလူမျိုးကို သူကျိန်ဆိုထားသောပြည်ထဲသို့ ပို့ဆောင်ရန်မတတ်နိုင်သောကြောင့် သူတို့ကို တောကန္တာရထဲ၌ အဆုံးစီရင်ပြီ’ဟု ပြောဆိုကြပါလိမ့်မည်။
17
သို့ဖြစ်၍ အကျွန်ုပ်ဘုရားရှင်၊ ယခုမှာ ကိုယ်တော်၏ကြီးမြတ်သောတန်ခိုးတော်သည် ထင်ရှားပါစေသော။
18
‘ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ၊ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်၏’ဟု မိန့်တော်မူသည်နှင့်အညီ ဖြစ်ပါစေသော။
19
ကိုယ်တော်၏မေတ္တာကရုဏာတော်ကြီးမြတ်သည်နှင့်အမျှ ကိုယ်တော်သည် ဤလူမျိုးကို အီဂျစ်ပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ခွင့်လွှတ်တော်မူခဲ့သည့်နည်းတူ ဤလူမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု လျှောက်ဆိုလေ၏။
20
ထာဝရဘုရားကလည်း “သင်လျှောက်ဆိုသည့်အတိုင်း ငါခွင့်လွှတ်ပြီ။
21
ငါသည် အမှန်ပင်အသက်ရှင်သည်ဖြစ်၍ ကမ္ဘာမြေတစ်ခွင်လုံးသည် ထာဝရဘုရား၏ဘုန်းအသရေနှင့်ပြည့်လိမ့်မည်။
22
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
23
ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။
24
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
25
အာမလက်လူမျိုးနှင့်ခါနာန်လူမျိုးတို့သည် ချိုင့်ဝှမ်း၌ နေထိုင်ကြသည်ဖြစ်၍ မနက်ဖြန် သင်တို့ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့”ဟု မိန့်တော်မူ၏။
26
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
27
“ဤဆိုးညစ်သောလူထုသည် ငါ့ကို မည်မျှကြာအောင် အပြစ်တင်နေကြမည်နည်း။ ငါ့ကို အပြစ်တင်နေကြသည့် အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားရပြီ။
28
ထို့ကြောင့် သူတို့အား ‘ငါ အသက်ရှင်သည်ဖြစ်၍ ငါကြားသိအောင် သင်တို့ပြောခဲ့သည့်စကားအတိုင်း သင်တို့အား ငါ အမှန်တကယ်ပြုမည်။
29
စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
30
ထိုပြည်ကို သင်တို့နေထိုင်ရာဖြစ်စေမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ထဲသို့ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှဝင်ရလိမ့်မည်မဟုတ်။
31
လုယူဖျက်ဆီးခြင်းခံရလိမ့်မည်ဟု သင်တို့ပြောခဲ့သော သင်တို့၏ကလေးတို့ကို ငါပို့ဆောင်မည်ဖြစ်၍ သင်တို့စွန့်ပစ်သော ထိုပြည်ကို သူတို့ သိမြင်ရကြလိမ့်မည်။
32
သင်တို့၏အလောင်းကောင်များမူကား ဤတောကန္တာရထဲ၌ ကျန်ရစ်ရလိမ့်မည်။
33
ဤတောကန္တာရထဲ၌ သင်တို့ အလောင်းကောင်ဖြစ်ကုန်သည်အထိ သင်တို့၏သားသမီးတို့သည် သင်တို့ဖောက်ပြန်သောအပြစ်ကိုဆောင်လျက် ဤတောကန္တာရထဲတွင် အနှစ်လေးဆယ်လှည့်လည်ရကြလိမ့်မည်။
34
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
35
ငါထာဝရဘုရားမိန့်တော်မူပြီ။ အကယ်စင်စစ် ငါ့ကို ဆန့်ကျင်စုဝေးကြသည့် ဤဆိုးညစ်သောလူထုအပေါင်းတို့ကို ငါသည် ထိုသို့ပြုမည်။ သူတို့သည် ဤတောကန္တာရထဲ၌ လမ်းဆုံးကြရလိမ့်မည်။ ထိုအရပ်တွင် သင်တို့ သေဆုံးကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
36
ထိုပြည်ကိုစူးစမ်းရန် မောရှေစေလွှတ်ခဲ့သောသူတို့သည် ပြန်လာပြီး ထိုပြည်နှင့်ပတ်သက်၍ မကောင်းသတင်းဖြန့်လျက် လူထုအပေါင်းတို့ကို ညည်းညူစေခဲ့ကြ၏။
37
ထိုပြည်၏မကောင်းသတင်းကိုဖြန့်သောသူတို့သည် ထာဝရဘုရား၏ရှေ့တော်၌ ကာလနာဘေးဖြင့်သေကြလေ၏။
38
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
39
မောရှေသည် ထိုစကားတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောအခါ လူတို့သည် ပြင်းထန်စွာငိုကြွေးမြည်တမ်းကြ၏။
40
ထို့နောက် သူတို့သည် နံနက်စောစောထ၍ တောင်ထိပ်သို့တက်သွားပြီးလျှင် “အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသောနေရာသို့သွားပါမည်။ အကြောင်းမှာ အကျွန်ုပ်တို့သည် ပြစ်မှားမိကြပါပြီ”ဟု ဆိုကြ၏။
41
မောရှေက “သင်တို့သည် ထာဝရဘုရား၏အမိန့်တော်ကို အဘယ်ကြောင့် ကျူးလွန်ကြသနည်း။ ဤအမှုသည် အောင်မြင်မည်မဟုတ်။
42
သင်တို့ တက်မသွားကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်။
43
အာမလက်လူမျိုး၊ ခါနာန်လူမျိုးတို့သည် သင်တို့ထက်အလျင် ထိုအရပ်၌ ရှိနှင့်သည်ဖြစ်၍ သင်တို့သည် ဓားဖြင့် ကျဆုံးရလိမ့်မည်။ သင်တို့သည် ထာဝရဘုရားထံမှ ပြန်လှည့်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်မဟုတ်”ဟု ဆို၏။
44
သို့သော် သူတို့သည် တောင်ထိပ်သို့ တဇွတ်ထိုးတက်သွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် မောရှေမူကား တပ်စခန်းထဲမှ မထွက်ခွာဘဲနေ၏။
45
ထိုအခါ တောင်ပေါ်ဒေသ၌ နေထိုင်နှင့်သောခါနာန်လူမျိုးနှင့် အာမလက်လူမျိုးတို့သည် ဆင်းလာ၍ သူတို့ကို တိုက်ခိုက်ကြ၏။ ဟောမာအရပ်တိုင်အောင် သူတို့ကို လိုက်လံချေမှုန်းကြ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36