bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 33
Numbers 33
Burmese MSBU
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
မောရှေနှင့်အာရုန်တို့၏ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှတပ်ဖွဲ့အလိုက်ထွက်လာသော အစ္စရေးအမျိုးသားတို့၏ခရီးစဉ်ကား ဤသို့ဖြစ်၏။
2
မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့၏ခရီးစဉ်အဆင့်ဆင့်ကို ရေးမှတ်ထား၏။ သူတို့၏ခရီးစဉ်အဆင့်ဆင့်ကား ဤသို့ဖြစ်၏။
3
အစ္စရေးအမျိုးသားတို့သည် ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ရာမသက်အရပ်မှ ခရီးပြုကြ၏။ သူတို့သည် ပသခါပွဲလွန်ပြီးနောက်တစ်နေ့တွင် အီဂျစ်လူမျိုးအပေါင်းတို့၏ရှေ့မှ ဝင့်ကြွားစွာထွက်လာကြ၏။
4
ထိုအချိန်၌ အီဂျစ်လူမျိုးတို့သည် ထာဝရဘုရားဒဏ်ခတ်တော်မူသော သူတို့၏သားဦးအပေါင်းတို့ကို သင်္ဂြိုဟ်နေကြ၏။ ထာဝရဘုရားသည် သူတို့၏ဘုရားများကို အပြစ်ဒဏ်ပေးတော်မူ၏။
5
အစ္စရေးအမျိုးသားတို့သည် ရာမသက်အရပ်မှခရီးပြု၍ သုကုတ်အရပ်၌ စခန်းချကြ၏။
6
သုကုတ်အရပ်မှ ခရီးပြု၍ တောကန္တာရအစွန်အဖျားရှိ ဧသံအရပ်၌ စခန်းချကြ၏။
7
ဧသံအရပ်မှ ခရီးပြု၍ ဗာလဇေဖုန်အရပ်အရှေ့ဘက်ရှိ ပိဟဟိရုတ်အရပ်သို့ပြန်လှည့်ကာ မိဂဒေါလအရပ်အရှေ့ဘက်၌ စခန်းချကြ၏။
8
ထိုပိဟဟိရုတ်အရပ်မှ ခရီးပြု၍ ပင်လယ်ကိုဖြတ်ပြီး တောကန္တာရသို့ ရောက်ကြ၏။ ဧသံတောကန္တာရထဲ၌ သုံးရက်ခရီးသွား၍ မာရအရပ်၌ စခန်းချကြ၏။
9
မာရအရပ်မှ ခရီးပြု၍ ဧလိမ်အရပ်သို့ ရောက်ကြ၏။ ဧလိမ်အရပ်တွင် စမ်းရေတွင်း တစ်ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင် ခုနစ်ဆယ် ရှိ၏။ ထိုအရပ်၌ သူတို့စခန်းချကြ၏။
10
ဧလိမ်အရပ်မှ ခရီးပြု၍ ပင်လယ်နီအနား၌ စခန်းချကြ၏။
11
ပင်လယ်နီမှ ခရီးပြု၍ သိန်တောကန္တာရ၌ စခန်းချကြ၏။
12
သိန်တောကန္တာရမှ ခရီးပြု၍ ဒေါဖကာအရပ်၌ စခန်းချကြ၏။
13
ဒေါဖကာအရပ်မှ ခရီးပြု၍ အာလုရှအရပ်၌ စခန်းချကြ၏။
14
အာလုရှအရပ်မှ ခရီးပြု၍ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ဖို့ ရေမရှိ။
15
ရေဖိဒိမ်အရပ်မှ ခရီးပြု၍ သိနာတောကန္တာရ၌ စခန်းချကြ၏။
16
သိနာတောကန္တာရမှ ခရီးပြု၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စခန်းချကြ၏။
17
ကိဗြုတ်ဟတ္တဝါအရပ်မှ ခရီးပြု၍ ဟာဇရုတ်အရပ်၌ စခန်းချကြ၏။
18
ဟာဇရုတ်အရပ်မှ ခရီးပြု၍ ရိသမအရပ်၌ စခန်းချကြ၏။
19
ရိသမအရပ်မှ ခရီးပြု၍ ရိမ္မုန်ဖာရက်အရပ်၌ စခန်းချကြ၏။
20
ရိမ္မုန်ဖာရက်အရပ်မှ ခရီးပြု၍ လိဗနအရပ်၌ စခန်းချကြ၏။
21
လိဗနအရပ်မှ ခရီးပြု၍ ရိဿအရပ်၌ စခန်းချကြ၏။
22
ရိဿအရပ်မှ ခရီးပြု၍ ကေဟလာသအရပ်၌ စခန်းချကြ၏။
23
ကေဟလာသအရပ်မှ ခရီးပြု၍ ရှာဖာတောင်၌ စခန်းချကြ၏။
24
ရှာဖာတောင်မှ ခရီးပြု၍ ဟာရဒအရပ်၌ စခန်းချကြ၏။
25
ဟာရဒအရပ်မှ ခရီးပြု၍ မက္ကလုတ်အရပ်၌ စခန်းချကြ၏။
26
မက္ကလုတ်အရပ်မှ ခရီးပြု၍ တာဟတ်အရပ်၌ စခန်းချကြ၏။
27
တာဟတ်အရပ်မှ ခရီးပြု၍ တေရအရပ်၌ စခန်းချကြ၏။
28
တေရအရပ်မှ ခရီးပြု၍ မိသကာအရပ်၌ စခန်းချကြ၏။
29
မိသကာအရပ်မှ ခရီးပြု၍ ဟာရှမောနအရပ်၌ စခန်းချကြ၏။
30
ဟာရှမောနအရပ်မှ ခရီးပြု၍ မောသရုတ်အရပ်၌ စခန်းချကြ၏။
31
မောသရုတ်အရပ်မှ ခရီးပြု၍ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။
32
ဗင်္ယာကန်အရပ်မှ ခရီးပြု၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။
33
ဟောရဂိဒ်ဂဒ်အရပ်မှ ခရီးပြု၍ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။
34
ယုပ္ဘာသအရပ်မှ ခရီးပြု၍ ဧဗြောနအရပ်၌ စခန်းချကြ၏။
35
ဧဗြောနအရပ်မှ ခရီးပြု၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။
36
ဧဇယုန်ဂါဗာအရပ်မှ ခရီးပြု၍ ကာဒေရှအရပ်ရှိ ဇိနတောကန္တာရ၌ စခန်းချကြ၏။
37
ကာဒေရှအရပ်မှ ခရီးပြု၍ ဧဒုံပြည်နယ်နိမိတ်ရှိ ဟောရတောင်၌ စခန်းချကြ၏။
38
အစ္စရေးအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီး အနှစ်လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ ပထမနေ့၌ ယဇ်ပုရောဟိတ်အာရုန်သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ဟောရတောင်ပေါ်သို့တက်သွား၍ ထိုနေရာ၌ သေလေ၏။
39
အာရုန်သည် ဟောရတောင်ပေါ်၌ သေသောအခါ အသက်တစ်ရာနှစ်ဆယ့်သုံးနှစ်ရှိ၏။
40
ခါနာန်ပြည်၊ နေဂေ့အရပ်၌ စံမြန်းသော ခါနာန်လူမျိုး အာရဒ်ဘုရင်သည် အစ္စရေးအမျိုးသားတို့ရောက်လာကြောင်းကို ကြားသိ၏။
41
အစ္စရေးအမျိုးသားတို့သည် ဟောရတောင်မှ ခရီးပြု၍ ဇာလမောနအရပ်၌ စခန်းချကြ၏။
42
ဇာလမောနအရပ်မှ ခရီးပြု၍ ပုနုန်အရပ်၌ စခန်းချကြ၏။
43
ပုနုန်အရပ်မှ ခရီးပြု၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။
44
ဩဗုတ်အရပ်မှ ခရီးပြု၍ မောဘနယ်စပ်ရှိ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။
45
ဣရိမ်အရပ်မှ ခရီးပြု၍ ဒိဘုန်ဂဒ်အရပ်၌ စခန်းချကြ၏။
46
ဒိဘုန်ဂဒ်အရပ်မှ ခရီးပြု၍ အာလမုန်ဒိဗလသိမ်အရပ်၌ စခန်းချကြ၏။
47
အာလမုန်ဒိဗလသိမ်အရပ်မှ ခရီးပြု၍ နေဗောတောင်ရှေ့ အာဗရိမ်တောင်၌ စခန်းချကြ၏။
48
အာဗရိမ်တောင်မှ ခရီးပြု၍ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ စခန်းချကြ၏။
49
ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တစ်လျှောက် ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်အရပ်တိုင်အောင် စခန်းချကြ၏။
50
ထိုအခါ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ ထာဝရဘုရားက မောရှေအား
51
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်ထဲသို့ဝင်သောအခါ
52
ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။
53
ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့် သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်ကြလော့။
54
သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။
55
ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့ထံမှ အကုန်အစင်မနှင်ထုတ်လျှင် သင်တို့ချန်ထားခဲ့သောသူတို့သည် သင်တို့၏မျက်စိ၌ ငြောင့်ကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ သင်တို့နေထိုင်သောပြည်၌ သင်တို့ကို ရန်ပြုကြလိမ့်မည်။
56
ငါသည်လည်း ထိုသူတို့ကိုစီရင်မည်ဟု ကြံရွယ်ထားသည့်အတိုင်း သင်တို့ကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36