bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 26
Numbers 26
Burmese MSBU
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
1
ထိုဘေးဒဏ်ပြီးနောက် ထာဝရဘုရားက မောရှေနှင့် အာရုန်၏သား ယဇ်ပုရောဟိတ်ဧလာဇာအား
2
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက်စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို သူတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့”ဟု မိန့်တော်မူ၏။
3
သို့ဖြစ်၍ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့အား
4
“မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ယူလော့”ဟု ဆိုလေ၏။ အီဂျစ်ပြည်မှထွက်လာသောအစ္စရေးလူမျိုးတို့၏အမျိုးအနွယ်များကား
5
အစ္စရေး၏သားဦးမှာ ရုဗင်ဖြစ်၏။ ရုဗင်၏အမျိုးအနွယ်များကား ဟာနုတ်မှဆင်းသက်သော ဟာနုတ်မျိုးနွယ်စု၊ ဖာလုမှဆင်းသက်သော ဖာလုမျိုးနွယ်စု၊
6
ဟေဇရုံမှဆင်းသက်သော ဟေဇရုန်မျိုးနွယ်စု၊ ကာမိမှဆင်းသက်သော ကာမိမျိုးနွယ်စု တို့ဖြစ်ကြ၏။
7
ဤသည်ကား ရုဗင်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ လေးသောင်းသုံးထောင်ခုနစ်ရာ့သုံးဆယ်ရှိ၏။
8
ဖာလု၏သားမှာ ဧလျာဘဖြစ်၏။
9
ဧလျာဘ၏သားများမှာ နေမွေလ၊ ဒါသန်၊ အဘိရံ တို့ဖြစ်ကြ၏။ ဤဒါသန်နှင့်အဘိရံသည် လူထု၏ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်ပြီး ကောရ၏အပေါင်းပါများနှင့်အတူ မောရှေနှင့်အာရုန်ကိုဆန့်ကျင်ပုန်ကန်သောသူများ၊ ထာဝရဘုရားကိုဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်ကြ၏။
10
ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။
11
ကောရ၏သားတို့မူကား အသတ်မခံရကြ။
12
မျိုးနွယ်စုအလိုက် ရှိမောင်၏အမျိုးအနွယ်များကား နေမွေလ မှဆင်းသက်သော နေမွေလမျိုးနွယ်စု၊ ယာမိန်မှဆင်းသက်သော ယာမိန်မျိုးနွယ်စု၊ ယာခိန်မှဆင်းသက်သော ယာခိန်မျိုးနွယ်စု၊
13
ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု၊ ရှောလမှဆင်းသက်သော ရှောလမျိုးနွယ်စု တို့ဖြစ်ကြ၏။
14
ဤသည်ကား ရှိမောင်၏မျိုးနွယ်စုများဖြစ်ပြီး နှစ်သောင်းနှစ်ထောင့်နှစ်ရာရှိ၏။
15
မျိုးနွယ်စုအလိုက် ဂဒ်၏အမျိုးအနွယ်များကား ဇေဖုန်မှဆင်းသက်သော ဇေဖုန်မျိုးနွယ်စု၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိမျိုးနွယ်စု၊ ရှုနိမှဆင်းသက်သော ရှုနိမျိုးနွယ်စု၊
16
ဩဇနိမှဆင်းသက်သော ဩဇနိမျိုးနွယ်စု၊ ဧရိမှဆင်းသက်သော ဧရိမျိုးနွယ်စု၊
17
အာရုဒ်မှဆင်းသက်သော အရောဒိမျိုးနွယ်စု၊ အရေလိမှဆင်းသက်သော အရေလိမျိုးနွယ်စု တို့ဖြစ်ကြ၏။
18
ဤသည်ကား ဂဒ်အမျိုးအနွယ်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ လေးသောင်းငါးရာရှိ၏။
19
ယုဒ၏သားများမှာ ဧရနှင့်ဩနန် တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေဆုံးသွားကြ၏။
20
မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။
21
ဖာရက်၏အမျိုးအနွယ်များကား ဟေဇရုန်မှဆင်းသက်သော ဟေဇရုန်မျိုးနွယ်စု၊ ဟာမုလမှဆင်းသက်သော ဟာမုလမျိုးနွယ်စု တို့ဖြစ်ကြ၏။
22
ဤသည်ကား ယုဒ၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ခုနစ်သောင်းခြောက်ထောင့်ငါးရာရှိ၏။
23
မျိုးနွယ်စုအလိုက် ဣသခါအမျိုးအနွယ်များကား တောလမှဆင်းသက်သော တောလမျိုးနွယ်စု၊ ဖုဝါမှဆင်းသက်သော ဖုဝါမျိုးနွယ်စု၊
24
ယာရှုပ်မှဆင်းသက်သော ယာရှုပ်မျိုးနွယ်စု၊ ရှိမရုန်မှဆင်းသက်သော ရှိမရုန်မျိုးနွယ်စု တို့ဖြစ်ကြ၏။
25
ဤသည်ကား ဣသခါ၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ခြောက်သောင်းလေးထောင့်သုံးရာရှိ၏။
26
မျိုးနွယ်စုအလိုက် ဇာဗုလုန်၏အမျိုးအနွယ်များကား သရက်မှဆင်းသက်သော သရက်မျိုးနွယ်စု၊ ဧလုန်မှဆင်းသက်သော ဧလုန်မျိုးနွယ်စု၊ ယာလေလမှဆင်းသက်သော ယာလေလမျိုးနွယ်စု တို့ဖြစ်ကြ၏။
27
ဤသည်ကား ဇာဗုလုန်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ခြောက်သောင်းငါးရာရှိ၏။
28
မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ်များကား မနာရှေနှင့်ဧဖရိမ် တို့ဖြစ်ကြ၏။
29
မနာရှေအမျိုးအနွယ်များကား မာခိရမှဆင်းသက်သော မာခိရမျိုးနွယ်စု၊ မာခိရသား ဂိလဒ်မှဆင်းသက်သော ဂိလဒ်မျိုးနွယ်စု တို့ဖြစ်ကြ၏။
30
ဂိလဒ်၏အမျိုးအနွယ်များကား ယေဇေရမှဆင်းသက်သော ယေဇေရမျိုးနွယ်စု၊ ဟေလက်မှဆင်းသက်သော ဟေလက်မျိုးနွယ်စု၊
31
အသရေလမှဆင်းသက်သော အသရေလမျိုးနွယ်စု၊ ရှေခင်မှဆင်းသက်သော ရှေခင်မျိုးနွယ်စု၊
32
ရှမိဒမှဆင်းသက်သော ရှမိဒမျိုးနွယ်စု၊ ဟေဖာမှဆင်းသက်သော ဟေဖာမျိုးနွယ်စု တို့ဖြစ်ကြ၏။
33
ဟေဖာသား ဇလောဖဒ်၌ သားမရှိ၊ သမီးများသာရှိ၏။ ထိုသမီးတို့၏အမည်မှာ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ တို့ဖြစ်ကြ၏။
34
ဤသည်ကား မနာရှေ၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ငါးသောင်းနှစ်ထောင့်ခုနစ်ရာရှိ၏။
35
မျိုးနွယ်စုအလိုက် ဧဖရိမ်၏အမျိုးအနွယ်များကား ရှုသေလမှဆင်းသက်သော ရှုသေလမျိုးနွယ်စု၊ ဗေခါမှဆင်းသက်သော ဗေခါမျိုးနွယ်စု၊ တာဟန်မှဆင်းသက်သော တာဟန်မျိုးနွယ်စု တို့ဖြစ်ကြ၏။
36
ရှုသေလ၏အမျိုးအနွယ်များကား ဧရန်မှဆင်းသက်သော ဧရန်မျိုးနွယ်စု ဖြစ်၏။
37
ဤသည်ကား ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ သုံးသောင်းနှစ်ထောင့်ငါးရာရှိ၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ် တို့ဖြစ်ကြ၏။
38
မျိုးနွယ်စုများအလိုက် ဗင်္ယာမိန်၏အမျိုးအနွယ်များကား ဗေလမှဆင်းသက်သော ဗေလိမျိုးနွယ်စု၊ အာရှဗေလမှဆင်းသက်သော အာရှဗေလိမျိုးနွယ်စု၊ အဟိရံမှဆင်းသက်သော အဟိရမိမျိုးနွယ်စု၊
39
ရှေဖုဖံမှဆင်းသက်သော ရှုဖံမိမျိုးနွယ်စု၊ ဟုဖံမှဆင်းသက်သော ဟုဖံမိမျိုးနွယ်စု တို့ဖြစ်ကြ၏။
40
ဗေလ၏အမျိုးအနွယ်များကား အာရဒနှင့်နေမန် တို့ဖြစ်ကြပြီး အာရဒမှဆင်းသက်သော အာရဒမျိုးနွယ်စု၊ နေမန်မှဆင်းသက်သော နေမနိမျိုးနွယ်စု တို့ဖြစ်ကြ၏။
41
ဤသည်ကား မျိုးနွယ်စုအလိုက် ဗင်္ယာမိန်၏အမျိုးအနွယ်များဖြစ်ကြပြီး သူတို့၏အရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာရှိ၏။
42
မျိုးနွယ်စုအလိုက် ဒန်၏အမျိုးအနွယ်များမှာ ရှုဟံမှဆင်းသက်သော ရှုဟံမျိုးနွယ်စု ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဒန်၏ အမျိုးအနွယ်များ ဖြစ်ကြ၏။
43
ရှုဟံမျိုးနွယ်စုရှိ လူအားလုံး၏အရေအတွက်မှာ ခြောက်သောင်းလေးထောင့်လေးရာ ရှိ၏။
44
မျိုးနွယ်စုအလိုက် အာရှာ၏အမျိုးအနွယ်များမှာ ဣမနမှဆင်းသက်သော ဣမနမျိုးနွယ်စု၊ ဣရွှိမှဆင်းသက်သော ဣရွှိမျိုးနွယ်စု၊ ဗေရိယမှဆင်းသက်သော ဗေရိယမျိုးနွယ်စု တို့ဖြစ်ကြ၏။
45
ဗေရိယ၏အမျိုးအနွယ်များမှာ ဟေဗာမှဆင်းသက်သော ဟေဗာမျိုးနွယ်စု၊ မာလချေလမှဆင်းသက်သော မာလချေလမျိုးနွယ်စု တို့ဖြစ်ကြ၏။
46
အာရှာသမီး၏အမည်မှာ စေရ ဖြစ်၏။
47
ဤသည်ကား အာရှာအမျိုးအနွယ်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ငါးသောင်းသုံးထောင့်လေးရာ ရှိ၏။
48
မျိုးနွယ်စုအလိုက် နဿလိအမျိုးအနွယ်များမှာ ယာဇေလမှဆင်းသက်သော ယာဇေလမျိုးနွယ်စု၊ ဂုနိမှဆင်းသက်သော ဂုနိမျိုးနွယ်စု၊
49
ယေဇာမှဆင်းသက်သော ယေဇာမျိုးနွယ်စု၊ ရှိလင်မှဆင်းသက်သော ရှိလင်မျိုးနွယ်စု တို့ဖြစ်ကြ၏။
50
ဤသည်ကား မျိုးနွယ်စုအလိုက် နဿလိ၏မျိုးနွယ်စုဖြစ်ပြီး သူတို့၏အရေအတွက်မှာ လေးသောင်းငါးထောင့်လေးရာ ရှိ၏။
51
အစ္စရေးအမျိုးသားတို့၏အရေအတွက်မှာ ခြောက်သိန်းတစ်ထောင်ခုနစ်ရာ့သုံးဆယ် ရှိ၏။
52
တစ်ဖန် ထာဝရဘုရားက မောရှေအား
53
“ဤပြည်ကို အမွေအဖြစ် ဤသူတို့အား အမည်စာရင်းအလိုက် ခွဲဝေပေးရမည်။
54
လူဦးရေများလျှင် များသည့်အတိုင်း အမွေခွဲဝေပေးရမည်။ လူဦးရေနည်းလျှင် နည်းသည့်အတိုင်း အမွေခွဲဝေပေးရမည်။ အမျိုးအနွယ်အသီးသီးတို့ကို သူတို့၏အရေအတွက်နှင့်အညီ အမွေခွဲဝေပေးရမည်။
55
ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
56
မဲကျသည့်အတိုင်း အနည်း၊ အများအလိုက် အမွေခွဲဝေပေးရမည်”ဟု မိန့်တော်မူ၏။
57
မျိုးနွယ်စုအလိုက် လေဝိအမျိုးစာရင်းဝင်သောသူတို့ကား ဂေရရှုန်မှဆင်းသက်သော ဂေရရှုန်မျိုးနွယ်စု၊ ကောဟတ်မှဆင်းသက်သော ကောဟတ်မျိုးနွယ်စု၊ မေရာရိမှဆင်းသက်သော မေရာရိမျိုးနွယ်စု တို့ဖြစ်ကြ၏။
58
လေဝိမျိုးနွယ်စုများကား လိဗနိမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ မဟာလိမျိုးနွယ်စု၊ မုရှိမျိုးနွယ်စု၊ ကောရမျိုးနွယ်စု တို့ဖြစ်ကြ၏။ ကောဟတ်သည် အာမရံ၏ဖခင် ဖြစ်၏။
59
အာမရံမယား၏အမည်မှာ ယောခေဗက် ဖြစ်၏။ အီဂျစ်ပြည်၌ လေဝိမယားမွေးဖွားသော လေဝိသမီးဖြစ်၏။ ယောခေဗက်သည် အာမရံအားဖြင့် အာရုန်၊ မောရှေနှင့် သူတို့၏အစ်မမိရိအံ တို့ကို မွေးဖွား၏။
60
အာရုန်သည် သား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို ရ၏။
61
နာဒပ်နှင့် အဘိဟုသည် မိန့်မှာထားတော်မူသောမီးမဟုတ်သည့်အခြားသောမီးကို ထာဝရဘုရားရှေ့တော်၌ ပူဇော်သဖြင့် သေဆုံးသွားကြ၏။
62
လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
63
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့ကို ရေတွက်ခဲ့သောအရေအတွက် ဖြစ်၏။
64
ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။
65
“ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36