bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 18
Numbers 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 19 →
1
ထာဝရဘုရားက အာရုန်အား “သန့်ရှင်းရာဌာနနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ၊ သင့်ဘိုးဘေး၏အမျိုးအနွယ်များ ခံကြရမည်။ ယဇ်ပုရောဟိတ်အရိုက်အရာနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ ခံကြရမည်။
2
သက်သေခံချက်တဲတော်ရှေ့၌ သင်နှင့်သင်၏သားတို့ အမှုတော်ဆောင်ရွက်ရာတွင် သင်တို့နှင့်ပူးပေါင်း၍ အမှုတော်ဆောင်ရွက်ရန် သင့်ဘိုးဘေး၏မျိုးနွယ်ဖြစ်သည့် သင်၏အမျိုးသားချင်းလေဝိအမျိုးအနွယ်တို့ကို သင်နှင့်အတူခေါ်ဆောင်လော့။
3
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။
4
သူတို့သည် သင်နှင့်ပူးပေါင်းလျက် တဲတော်နှင့်ဆိုင်သောအလုပ်ရှိသမျှ၊ တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကို ဆောင်ရွက်ရမည်။ မဆိုင်သောသူကား သင်တို့ထံသို့ မချဉ်းကပ်ရ။
5
သင်တို့သာလျှင် သန့်ရှင်းရာဌာန၏အမှုကိစ္စ၊ ယဇ်ပလ္လင်၏အမှုကိစ္စတို့ကို ဆောင်ရွက်ရမည်။ သို့မှ နောက်တစ်ဖန် အစ္စရေးအမျိုးသားတို့အပေါ်သို့ အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။
6
ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
7
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
8
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
9
ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။
10
အထူးသန့်ရှင်းသောနေရာ၌ စားရမည်။ ယောက်ျားတိုင်း စားခွင့်ရှိ၏။ သင့်အဖို့ သန့်ရှင်းသောအရာဖြစ်၏။
11
အစ္စရေးအမျိုးသားတို့၏ချီမြှောက်ရာအလှူပစ္စည်း၊ ချီလွှဲရာပူဇော်သက္ကာအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင်နှင့်သင့်သားသမီးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် ငါပေးပြီ။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
12
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
13
ထာဝရဘုရားထံ ယူဆောင်လာသော သူတို့ပြည်ထွက်အဦးဆုံးသီးနှံအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
14
အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာအားလုံးသည် သင့်အဖို့ဖြစ်၏။
15
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။
16
ရွေးနုတ်ရာတွင် တစ်လသားအရွယ်ဖြစ်လျှင် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးရှယ်ကယ် ဖြင့် ရွေးနုတ်ရမည်။ (တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် နှင့်ညီမျှ၏။)
17
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
18
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ ယာဘက်ပေါင်သည် သင့်အဖို့ဖြစ်သကဲ့သို့ အသားသည်လည်း သင့်အဖို့ဖြစ်၏။
19
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
20
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
21
တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။
22
အစ္စရေးအမျိုးသားတို့သည် အပြစ်သင့်၍ မသေကြရမည့်အကြောင်း ယခုမှစ၍တွေ့ဆုံစည်းဝေးရာတဲတော်သို့ မချဉ်းကပ်ရ။
23
လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရမည်။ သူတို့သည် ကိုယ်ပြုမိသောအပြစ်ကို ကိုယ်ခံရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက် ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရ။
24
အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် ဆယ်ဖို့တစ်ဖို့တို့ကို လေဝိအမျိုးတို့အား အမွေအဖြစ် ငါပေးပြီဖြစ်၍ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရဟု သူတို့အား ငါဆိုခြင်းဖြစ်သည်”ဟု မိန့်တော်မူ၏။
25
တစ်ဖန် ထာဝရဘုရားက မောရှေအား
26
“လေဝိအမျိုးတို့အား ဆင့်ဆိုလော့။ သင်တို့၏အမွေအဖြစ် ငါပေးသော အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့ကို သင်တို့ခံယူသောအခါ ထိုဆယ်ဖို့တစ်ဖို့၏ဆယ်ဖို့တစ်ဖို့ကို အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။
27
သင်တို့၏အလှူပစ္စည်းကို ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူမည်။
28
ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။
29
သင်တို့ခံယူရရှိသောပူဇော်သက္ကာအားလုံးထဲမှ ထာဝရဘုရားနှင့်ဆိုင်သောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ အကောင်းဆုံးအလှူပစ္စည်း၊ သန့်ရှင်းသောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
30
လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။
31
ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
32
သင်တို့သည် ဆယ်ဖို့တစ်ဖို့ထဲမှအကောင်းဆုံးကို ပေးလှူပူဇော်သောကြောင့် သင်တို့အပေါ် အပြစ်သင့်မည်မဟုတ်။ သင်တို့မသေရမည့်အကြောင်း အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရ”ဟု မိန့်တော်မူ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36