bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 31
Numbers 31
Burmese MSBU
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အစ္စရေးအမျိုးသားတို့အတွက် မိဒျန်လူမျိုးကိုလက်တုံ့ပြန်လော့။ ထို့နောက်မှ သင်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်”ဟု မိန့်တော်မူ၏။
3
မောရှေကလည်း လူတို့အား “မိဒျန်လူမျိုးအား ထာဝရဘုရားလက်တုံ့ပြန်ခြင်းအမှုကိုပြုရန် သင်တို့ထဲမှ လူအချို့ကို စစ်တိုက်ဖို့ လက်နက်ကိုင်စွဲစေပြီး မိဒျန်လူမျိုးတို့ထံသို့ ချီတက်စေလော့။
4
အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်ရမည်”ဟု မိန့်ကြားလေ၏။
5
သို့ဖြစ်၍ သူတို့သည် ထောင်ပေါင်းများစွာသောအစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီဖြင့် စစ်ပွဲအတွက် လက်နက်ကိုင်စွဲသူ အယောက်တစ်သောင်းနှစ်ထောင်ကို စုဆောင်းပေးလေ၏။
6
မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။
7
သူတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မိဒျန်လူမျိုးတို့ကို တိုက်ခိုက်၍ ယောက်ျားရှိသမျှတို့ကိုသတ်လေ၏။
8
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
9
အစ္စရေးအမျိုးသားတို့သည် မိဒျန်အမျိုးသမီးများနှင့် သူတို့၏ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့၏သိုးနွားတိရစ္ဆာန်အားလုံး၊ ဥစ္စာပစ္စည်းအားလုံးကိုလည်း သိမ်းယူကြ၏။
10
သူတို့နေထိုင်ရာမြို့အားလုံး၊ သူတို့၏တပ်စခန်းအားလုံးကို မီးရှို့ပစ်ကြ၏။
11
လုယက်သိမ်းယူသော လူနှင့်တိရစ္ဆာန်အားလုံးကို ယူဆောင်သွားကြ၏။
12
သုံ့ပန်းများ၊ တိုက်ခိုက်သိမ်းယူသောပစ္စည်းများကို ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် အစ္စရေးအမျိုးသားလူထုတို့ထံသို့ ယူဆောင်လာကြ၏။
13
မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်အပေါင်းတို့သည် သူတို့ကိုကြိုဆိုရန် တပ်စခန်းအပြင်ဘက်သို့ ထွက်လာကြ၏။
14
မောရှေသည် စစ်တိုက်ရာမှပြန်လာသော စစ်သည်အရာရှိဖြစ်သူ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို အမျက်ထွက်၍
15
မောရှေက သူတို့အား “သင်တို့သည် မိန်းမအားလုံးကို အသက်ချမ်းသာခွင့်ပေးရသလော။
16
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
17
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
18
သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
19
သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။
20
သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။
21
ထို့နောက် ယဇ်ပုရောဟိတ်ဧလာဇာသည် စစ်သွားတိုက်သောစစ်သူရဲတို့အား “မောရှေအား ထာဝရဘုရားမိန့်မှာထားသည့် ပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။
22
ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သံဖြူ၊ ခဲ စသည့်
23
မီးဒဏ်ခံနိုင်သောအရာရှိသမျှကို မီးဖြင့် စစ်ခြင်းဖြင့် စင်ကြယ်စေရမည်။ စင်ကြယ်စေခြင်းရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးဒဏ်မခံနိုင်သောအရာရှိသမျှကိုကား ရေနှင့်ဆေးကြောရမည်။
24
သတ္တမနေ့၌ သင်တို့အဝတ်ကို လျှော်၍ သင်တို့စင်ကြယ်ပြီးမှ တပ်စခန်းတွင်းသို့ ဝင်ခွင့်ရှိ၏”ဟု ဆို၏။
25
တစ်ဖန် ထာဝရဘုရားက မောရှေအား
26
“သင်နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၊ လူထုတို့၏ဘိုးဘေးအကြီးအမှူးတို့သည် တိုက်ရာပါ သုံ့ပန်းနှင့် တိရစ္ဆာန်တို့ကို စာရင်းကောက်ယူ၍
27
ထိုသိမ်းယူသောပစ္စည်းတို့ကို စစ်ထွက်တိုက်သောစစ်သည်နှင့် လူထုအပေါင်းတို့အား တစ်ဝက်စီခွဲပေးလော့။
28
စစ်ထွက်တိုက်သောစစ်သည်တို့ထံမှ လူ၊ နွား၊ မြည်း၊ သိုး စသည်တို့ကို အယောက်ငါးရာလျှင် တစ်ယောက်ကျ၊ အကောင်ငါးရာလျှင် တစ်ကောင်ကျ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာအဖြစ် ဖယ်ထားရမည်။
29
သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
30
အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
31
မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာသည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။
32
စစ်သည်တို့တိုက်ခိုက်သိမ်းယူခဲ့သောပစ္စည်းထဲမှ လက်ရှိကျန်နေသောတိုက်ယူပစ္စည်းပေါင်းကား သိုး ခြောက်သိန်းခုနစ်သောင်းငါးထောင်၊
33
နွား ခုနစ်သောင်းနှစ်ထောင်၊
34
မြည်း ခြောက်သောင်းတစ်ထောင်၊
35
ယောက်ျားနှင့်မဆက်ဆံဖူးသောမိန်းမအားလုံး သုံးသောင်းနှစ်ထောင် ရှိ၏။
36
စစ်ထွက်တိုက်သူတို့ ရရှိသောတစ်ဝက်ဝေစုမှာ သိုး အရေအတွက် သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊
37
ထိုသိုးတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခြောက်ရာခုနစ်ဆယ့်ငါးကောင်၊
38
နွား သုံးသောင်းခြောက်ထောင်၊ ထိုနွားတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခုနစ်ဆယ့်နှစ်ကောင်၊
39
မြည်း သုံးသောင်းငါးရာ၊ ထိုမြည်းတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခြောက်ဆယ့်တစ်ကောင်၊
40
လူ တစ်သောင်းခြောက်ထောင်၊ ထိုလူတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ လူသုံးဆယ့်နှစ်ယောက် ဖြစ်၏။
41
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။
42
စစ်ထွက်တိုက်သောသူတို့သိမ်းယူခဲ့သောပစ္စည်းထဲမှ အစ္စရေးအမျိုးသားတို့အား မောရှေခွဲဝေပေးသော တစ်ဝက်မှာ
43
သိုး သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊
44
နွား သုံးသောင်းခြောက်ထောင်၊
45
မြည်း သုံးသောင်းငါးရာ၊
46
လူ တစ်သောင်းခြောက်ထောင် ဖြစ်၏။
47
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူ အယောက်ငါးဆယ်လျှင် တစ်ယောက်၊ တိရစ္ဆာန် အကောင်ငါးဆယ်လျှင်တစ်ကောင် ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးလေ၏။
48
ထို့နောက် စစ်သည်ထောင်ချီကိုအုပ်ချုပ်ရသောအရာရှိများဖြစ်သည့် ထောင်တပ်မှူး၊ ရာတပ်မှူးတို့သည် မောရှေထံသို့ချဉ်းကပ်လာ၍
49
“ကိုယ်တော်၏အစေအပါးတို့သည် ကိုယ့်လက်အောက်ရှိစစ်သည်တို့ကိုရေတွက်ရာတွင် တစ်ယောက်မျှမလျော့ပါ။
50
ထာဝရဘုရားရှေ့တော်၌ အကျွန်ုပ်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် အကျွန်ုပ်တို့သည် အသီးသီး မိမိတွေ့ရှိသော ရွှေတန်ဆာလက်ပတ်၊ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသည်တို့ကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံ ယူဆောင်ခဲ့ပါ၏”ဟု လျှောက်ကြ၏။
51
ထိုအခါ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ရွှေတန်ဆာအားလုံးကို သူတို့ထံမှခံယူလေ၏။
52
ထာဝရဘုရားထံ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ ပေးလှူပူဇော်သည့် အလှူပစ္စည်းမှာ ရွှေစုစုပေါင်း တစ်သောင်းခြောက်ထောင်ခုနစ်ရာ့ငါးဆယ်ရှယ်ကယ် ရှိ၏။
53
စစ်သူရဲတို့သည် ကိုယ်စီကိုယ်င မိမိဥစ္စာကို သိမ်းယူကြ၏။
54
မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ထံမှ ရွှေကိုခံယူ၍ ထာဝရဘုရားရှေ့တော်၌ အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်အဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ သွင်းထားကြ၏။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36