bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 4
Numbers 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 5 →
1
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“လေဝိအမျိုးသားထဲမှ ကောဟတ်သားမြေးတို့တွင်
3
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
4
တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့လုပ်ရမည့်အလုပ်ကား အထူးသန့်ရှင်းသောအရာများနှင့်ဆိုင်သောအလုပ် ဖြစ်၏။
5
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
6
ကန့်လန့်ကာပေါ်၌ တဟာရှ သားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
7
ရှေ့တော်မုန့်စားပွဲပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအပေါ်၌ လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ သွန်းလောင်းရာပူဇော်သက္ကာအတွက် ကရားများကို တင်ရမည်။ နေ့စဉ်တင်ရသောရှေ့တော်မုန့်ကိုလည်း စားပွဲပေါ်၌ ထားရှိရမည်။
8
ထိုအရာတို့ပေါ်၌ အနီရောင်အဝတ်ကို ဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် စားပွဲ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
9
အပြာရောင်အဝတ်ကိုယူပြီး မီးထွန်းရန်အတွက် ဆီမီးခုံမှစ၍ ဆီမီးခုံ၏မီးခွက်များ၊ မီးညှပ်များ၊ မီးကျီးခံဗန်းများနှင့် ဆီမီးခုံနှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆီအိုးရှိသမျှတို့ကို ဖုံးအုပ်ရမည်။
10
ထိုဆီမီးခုံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို တဟာရှ သားရေဖုံးနှင့်ထုပ်၍ ထမ်းစင်ပေါ်တင်ရမည်။
11
ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
12
သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရာတွင် အသုံးပြုသည့် အမှုတော်နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကိုယူပြီးလျှင် အပြာရောင်အဝတ်နှင့်ထုပ်၍ တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီး ထမ်းစင်ပေါ်တင်ရမည်။
13
ယဇ်ပလ္လင်မှ ပြာကိုဖယ်ရှားပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ ခရမ်းရောင်အဝတ်ကိုဖြန့်ခင်းရမည်။
14
ထိုအဝတ်ပေါ်တွင် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးကျီးခံဗန်း၊ ခက်ရင်းခွ၊ ဂေါ်ပြား၊ ဇလုံစသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို တင်ရမည်။ ထိုအရာတို့ပေါ်၌ တဟာရှ သားရေဖုံးကို ဖြန့်ခင်းပြီးလျှင် ယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
15
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
16
ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် မီးထွန်းရန်အတွက်ဆီ၊ အမွှေးနံ့သာပေါင်း၊ နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာနှင့် ဘိသိက်ဆီတို့ကို ကြည့်ရှုထိန်းသိမ်းရမည်။ ထို့ပြင် ကိန်းဝပ်တော်မူရာတဲတော်တစ်ခုလုံး၊ ထိုတဲတော်ထဲရှိ သန့်ရှင်းသောအရာနှင့်တန်ဆာပလာရှိသမျှတို့ကို ကြည့်ရှုထိန်းသိမ်းရမည်”ဟု မိန့်တော်မူ၏။
17
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
18
“ကောဟတ်မျိုးနွယ်၏မျိုးနွယ်စုတို့ကို လေဝိအမျိုးတို့ထဲမှ မပယ်ဖျက်ရ။
19
သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။
20
သူတို့သည် သန့်ရှင်းသောအရာတို့ကို တစ်ခဏမျှ ဝင်မကြည့်ရ။ ကြည့်မိလျှင် သေကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
21
တစ်ဖန် ထာဝရဘုရားက မောရှေအား
22
“ဂေရရှုန်သားမြေးတို့တွင်လည်း
23
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
24
ဂေရရှုန်မျိုးနွယ်စုများလုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့မှာ ဤသို့ဖြစ်၏။
25
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှ သားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
26
ဝင်းအကာများ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွကြိုးများ၊ ထိုအရာတို့နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အလုပ်ရှိသမျှတို့ကို ဆောင်ရွက်ရမည်။
27
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
28
ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ဂေရရှုန်သားမြေးတို့၏မျိုးနွယ်စုများနှင့်ဆိုင်သောအလုပ်ဖြစ်၏။ သူတို့သည် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ တာဝန်ထမ်းဆောင်ရမည်။
29
မေရာရိသားမြေးတို့တွင်လည်း
30
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်ရမည်။
31
တွေ့ဆုံစည်းဝေးရာတဲတော်၌ သူတို့တာဝန်ယူလုပ်ဆောင်ရမည့်အလုပ်အားလုံးကား ဤသို့ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊
32
ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။
33
ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ မေရာရိသားမြေးတို့၏မျိုးနွယ်စုများ လုပ်ဆောင်ရမည့်အလုပ်အားလုံးဖြစ်၏”ဟု မိန့်တော်မူ၏။
34
သို့ဖြစ်၍ မောရှေ၊ အာရုန်နှင့် လူထုခေါင်းဆောင်တို့သည် ကောဟတ်၏သားမြေးတို့တွင်
35
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
36
သူတို့ကို မျိုးနွယ်စုအလိုက်ရေတွက်ရာတွင် လူပေါင်းနှစ်ထောင့်ခုနစ်ရာ့ငါးဆယ် ရှိ၏။
37
ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်သောကောဟတ်မျိုးနွယ်စုများ၏အရေအတွက် ဖြစ်၏။
38
ဂေရရှုန်သားမြေးတို့တွင်
39
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
40
သူတို့ကို မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်ရာတွင် လူပေါင်းနှစ်ထောင်ခြောက်ရာသုံးဆယ် ရှိ၏။
41
ဤသည်ကား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်သော ဂေရရှုန်မျိုးနွယ်စု၏အရေအတွက် ဖြစ်၏။
42
မေရာရိသားမြေးတို့၏မျိုးနွယ်စုတို့တွင်
43
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
44
သူတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် လူပေါင်းသုံးထောင့်နှစ်ရာရှိ၏။
45
ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် မေရာရိသားမြေးတို့၏မျိုးနွယ်စုအရေအတွက် ဖြစ်၏။
46
မောရှေ၊ အာရုန်နှင့် အစ္စရေးခေါင်းဆောင်တို့သည် လေဝိအမျိုးတို့တွင်
47
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်၊ ဝန်များကိုသယ်ဆောင်ရန်လာကြသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
48
သူတို့၏အရေအတွက်မှာ လူပေါင်းရှစ်ထောင်ငါးရာရှစ်ဆယ် ဖြစ်၏။
49
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36