bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 3
Numbers 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
1
သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။
2
အာရုန်၏သားများကား သားဦးနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
3
ဤသည်ကား ယဇ်ပုရောဟိတ်အဖြစ် အမှုတော်ကိုဆောင်ရွက်ရန်ခန့်အပ်ခြင်းခံရသော ဘိသိက်ခံယဇ်ပုရောဟိတ်များဖြစ်သည့် အာရုန်၏သားများ ဖြစ်၏။
4
နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။
5
တစ်ဖန် ထာဝရဘုရားက မောရှေအား
6
“လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
7
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏အမှုဖြစ်သော အာရုန်နှင့်ဆိုင်သောအလုပ်၊ လူထုအပေါင်းတို့နှင့်ဆိုင်သောအလုပ်တို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ လုပ်ဆောင်ရမည်။
8
တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။
9
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။
10
သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
11
တစ်ဖန် ထာဝရဘုရားက မောရှေအား
12
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
13
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
14
တစ်ဖန် သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား
15
“လေဝိအမျိုးသားတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် ရေတွက်လော့။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို ရေတွက်ရမည်”ဟု မိန့်တော်မူ၏။
16
သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။
17
လေဝိ၏သားတို့အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။
18
မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားတို့အမည်များကား လိဗနိနှင့် ရှိမိ တို့ဖြစ်ကြ၏။
19
မျိုးနွယ်စုအလိုက် ကောဟတ်၏သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
20
မျိုးနွယ်စုအလိုက် မေရာရိ၏သားများကား မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ဤသူတို့ကား မိမိတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် လေဝိ၏မျိုးနွယ်စုများ ဖြစ်၏။
21
ဂေရရှုန်မှ လိဗနိမျိုးနွယ်စုနှင့် ရှိမိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ဂေရရှုန်မျိုးနွယ်စုများ ဖြစ်၏။
22
တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် သူတို့၏အရေအတွက်မှာ ခုနစ်ထောင့်ငါးရာ ဖြစ်၏။
23
ဂေရရှုန်၏မျိုးနွယ်စုတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ကျောဘက်၊ အနောက်အရပ်၌ စခန်းချရမည်။
24
ဂေရရှုန်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် လေလ၏သား ဧလျာသပ် ဖြစ်၏။
25
ဂေရရှုန်၏သားမြေးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဖြစ်သောကိန်းဝပ်တော်မူရာတဲတော်၊ တဲတော်နှင့်တကွ တဲတော်၏အမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
26
ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
27
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
28
သူတို့သည် သန့်ရှင်းရာဌာန၏အမှုကိစ္စကို ဆောင်ရွက်ရသူများဖြစ်၏။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို စာရင်းကောက်ရာတွင် ရှစ်ထောင့်ခြောက်ရာ ရှိ၏။
29
ကောဟတ်သားမြေးတို့၏မျိုးနွယ်စုများသည် ကိန်းဝပ်တော်မူရာတဲတော်အနား တောင်ဘက်အရပ်၌ စခန်းချရမည်။
30
ကောဟတ်မျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် ဩဇေလ၏သား ဧလိဇာဖန် ဖြစ်၏။
31
သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
32
ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် လေဝိအမျိုး၏ခေါင်းဆောင်များကိုကြီးမှူးသူဖြစ်ပြီး သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူတို့အား ကြီးကြပ်ရ၏။
33
မေရာရိမှ မဟာလိမျိုးနွယ်စုနှင့် မုရှိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား မေရာရိမျိုးနွယ်စုများ ဖြစ်၏။
34
တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် ခြောက်ထောင့်နှစ်ရာ ရှိ၏။
35
မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။
36
မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊
37
ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများကို တာဝန်ယူထိန်းသိမ်းပေးရ၏။
38
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
39
ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။
40
တစ်ဖန် ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ထဲမှ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားရှိသမျှတို့ကို ရေတွက်လော့။ သူတို့၏အမည်များကို စာရင်းကောက်ယူလော့။
41
အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့၏တိရစ္ဆာန်တို့ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
42
သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏သားဦးအပေါင်းတို့ကို ရေတွက်လေ၏။
43
သူတို့၏အမည်စာရင်းအရ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားအရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက် ဖြစ်၏။
44
တစ်ဖန် ထာဝရဘုရားက မောရှေအား
45
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
46
လေဝိအမျိုးတို့ထက်ပိုသော အစ္စရေးအမျိုးသားတို့၏သားဦး နှစ်ရာခုနစ်ဆယ့်သုံးယောက်ကို ရွေးနုတ်ရမည့်အခမှာ
47
သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ် တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် နှင့်ညီမျှ၏။)
48
သင်သည် လေဝိအမျိုးတို့ထက်ပိုသောသားဦးတို့အား ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ၏သားတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
49
မောရှေသည် အစ္စရေးသားဦးတို့ကို လေဝိအမျိုးတို့နှင့်ရွေးနုတ်ယူပြီးမှ ပိုသေးသောသူတို့အား ရွေးနုတ်သောအခငွေကို ခံယူလေ၏။
50
သူသည် အစ္စရေးအမျိုးသားတို့၏သားဦးတို့ထံမှ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေတစ်ထောင့်သုံးရာခြောက်ဆယ့်ငါးရှယ်ကယ် ခံယူ၏။
51
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36